HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လေရှီးမြို့နယ်မှ လှေကားထစ်စိုက်ပျိုးရေး၏ အဓိကအားထားရာ ရေမြောင်းပျက်စီးနေမှု အစိုးရဘတ်ဂျက်ရမှသာ ပြုပြင်နိုင်မည်ဟု ၀န်ကြီးပြော

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လေရှီးမြို့နယ်မှ လှေကားထစ်စိုက်ပျိုးရေး၏ အဓိကအားထားရာ ရေမြောင်းပျက်စီးနေမှု အစိုးရဘတ်ဂျက်ရမှသာ ပြုပြင်နိုင်မည်ဟု ၀န်ကြီးပြော

စိုးမြစိုး( မုံရွာ ) - လေရှီး၊ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီးမြို့နယ် ဆွမ်္မရာမြို့ရှိ လှေကားထစ်စိုက်ပျိုးရေးလုပ်ငန်း၏ အဓိကအားထားရာ ဂျားရိရှားရေမြောင်းပျက်စီးနေမှုအား အစိုးရဘက်ဂျက်ရမှသာ ပြုပြင်ပေးနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀င် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ဆိုသည်။

ဂျားရိရှားရေမြောင်းသည် အရှည် ၁၀ မိုင်ခန့်ရှိပြီး ယင်းရေမြောင်းမှာ လွန်ခဲ့သည့် နှစ် ပေါင်း ၃၀၀ ခန့်က ဒေသခံများမှ ကိုယ်ထူကိုယ်ထဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းင်းရေမြောင်း မှ ယခုအခါ တိမ်ကောနေပြီး ရေစီးရေလာကောင်းမွန်ခြင်းမရှိတော့သဖြင့် ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိမရှိအား လေရှီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရိထင်က လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ယင်းမေးခွန်းအား ၀န်ကြီး ဦးကမ်ဇာမုံက ဂျားရိရှားရေမြောင်းသို့ လက်ရှိအခြေအနေ အရ သွားလာရေးခက်ခဲသည့်အတွက် ဒီဇင်ဘာလ ပွင့်လင်းရာသီအရောက်တွင် မြေပြင်အသေး စိတ် တိုင်းတာပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တို့တွင် တိုင်း ဒေသကြီးရန်ပုံငွေ တင်ပြတောင်းခံကာ ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း လွှတ်တော်တွင် ဖြေ ကြားသွားသည်။

Rate this item
(0 votes)

Latest from Thura Soe

back to top