HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ချင်းတွင်းမြစ် ရေကြီးရေလျှံမှုကြောင့် အညာဆန်ရေယာဉ်များ ပြေးဆွဲမှုခေတ္တရပ်ဆိုင်း

ချင်းတွင်းမြစ် ရေကြီးရေလျှံမှုကြောင့် အညာဆန်ရေယာဉ်များ ပြေးဆွဲမှုခေတ္တရပ်ဆိုင်း

ကလေး၊ ဩဂုတ် ၈-စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း ချင်းတွင်း မြစ်ရေကြီးလာမှုကြောင့် မုံရွာအ ခြေစိုက် ချင်းတွင်းမြစ်အထက်ပိုင်း သို့ စုန်ဆန်ပြေးဆွဲသည့်ရေယာဉ် များကို ဩဂုတ် ၇ ရက်မှစတင်၍ မြစ်ရေအခြေအနေအရ စုန်ဆန် သွားလာမှု ခေတ္တရပ်ဆိုင်းထား ကြောင်း မုံရွာမြို့ ပုဂ္ဂလိကရေယာဉ် များ စနစ်တကျပြေးဆွဲရေးကော်မ တီမှ တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၈ ရက်တွင် ပြောကြားသည်။

""အခုရက်ပိုင်း စိုးရိမ်ရေမှတ် ကိုရောက်နေပြီး ရေကြီးရေလျှံမှု တွေကြောင့် ချင်းတွင်းမြစ်အထက် ပိုင်းမြို့ရွာတွေမှာ ရေယာဉ်ဆိုက် ကပ်ဖို့ခက်ခဲသလို ရေလမ်းကြောင်း တစ်လျှောက်မှာ မလိုလားအပ်တဲ့ အန္တရာယ်တွေကို ကြိုတင်ကာကွယ် တဲ့အနေနဲ့ ရေယာဉ်ကို အသွားအ လာ ခေတ္တရပ်ဆိုင်းတားမြစ်ထား တာဖြစ်ပါတယ်""ဟု ၄င်းကပြော သည်။

ကလေးခရိုင် မိုးလေဝသဌာန ၏ ဩဂုတ် ၈ ရက် ထုတ်ပြန်ကြေ ညာချက်အရ မော်လိုက်မြို့တွင် ချင်း တွင်းမြစ်ရေသည် ၁၁၉၆ စင်တီမီ တာ၊ ကလေးဝမြို့တွင် ၁၅၀၆ စင် တီမီတာ၊ မင်းကင်းမြို့တွင် ၁၃၄၇ စင်တီမီတာနှင့် မုံရွာမြို့တွင် ၁၀ဝ၅ စင်တီမီတာရောက်ရှိနေကြောင်း သိရသည်။

""ရေယာဉ်သွားလာမှုကို ရက် အကြာချည်းပိတ်ထားတာမျိုးမဟုတ် ပါဘူး။ ကုန်စည်စီးဆင်းမှုပုံမှန် လည်းဖြစ်အောင်၊ အန္တရာယ်လည်း ကင်းရှင်းအောင် စီမံဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ချင်းတွင်းမြစ် ရေအတက်အကျအပေါ်မူတည်ပြီး ပြန်လည်ဖွင့်လှစ်ပေးမှာပါတယ်""ဟု မုံရွာမြို့အခြေစိုက် ချင်းတွင်း ရေကြောင်း ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မုံရွာမြို့အခြေစိုက်၍ ချင်းတွင်း အထက်ပိုင်းသို့ စုန်ဆန်ပြေးဆွဲနေ သည့် ခရီးသည်တင်၊ ကုန်တင်ရေ ယာဉ်အစင်း ၅၅၅ စင်းရှိပြီး မုံရွာ မြို့မှ ချင်းတွင်းအထက်ပိုင်းသို့ နေ့ စဉ် ပြေးဆွဲနေသည့်ရေယာဉ်အ စင်း ၂၀ မှ ၃၀ ဝန်းကျင်အထိရှိ ကြောင်းသိရသည်။

MOS
#Democracytoday

Rate this item
(0 votes)
back to top