HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

စစ်ကိုင်းမြို့ မြို့မဈေးခန်းမတွင် ရွှေမင်းဝံအဆင့်မြင့်ဈေးဆိုင်ခန်း လျှောက်ထားသူများကို ဒုတိယအကြိမ် လေလံတင်ရောင်းချ

စစ်ကိုင်းမြို့ မြို့မဈေးခန်းမတွင် ရွှေမင်းဝံအဆင့်မြင့်ဈေးဆိုင်ခန်း လျှောက်ထားသူများကို ဒုတိယအကြိမ် လေလံတင်ရောင်းချ

စစ်ကိုင်း၊ ဩဂုတ် ၈-စစ်ကိုင်း မြို့ ရွှေမင်းဝံရပ်ကွက်တွင်တည် ဆောက်နေသည့် ရွှေမင်းဝံအဆင့် မြင့်ဈေးသစ်ကြီး ဆိုင်ခန်းများလေ လံတင်မဲနှိုက်ရောင်းချပွဲကို ဩဂုတ် ၇ ရက်နှင့် ၈ ရက်က စစ်ကိုင်းမြို့ မြို့မဈေးကြီးအပေါ်ထပ် ခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မဲနှိုက်ရောင်းချပွဲ တွင် စစ်ကိုင်းမြို့နယ် စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင် က ရွှေမင်းဝံအဆင့်မြင့် ဈေးသစ် ကြီး၏ တည်နေရာအကျယ်အဝန်း နှင့် ဈေးကြီးဖြစ်ပေါ် လာပုံတို့ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ရွှေမင်းဝံပျံကျဈေး ကို အဆင့်မြင့်နှစ်ထပ်ဈေးသစ်ကြီး အဖြစ် ကျပ်သိန်း ၁၃၆၅၅ အကုန် ကျခံတည်ဆောက်လျက်ရှိရာ ဈေး ဆိုင်ခန်းများ ပြန်လည်ရောင်းရငွေ ကျပ်သိန်း ၁၅၈၄၀ ရရှိမည်ဖြစ် သဖြင့် အကျိုးအမြတ် ၂၁၈၅ သိန်း ရရှိမည်ဖြစ်ပြီး တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ် ရာ ဆိုင်ခန်းဈေးနှုန်းများအနေဖြင့် ကျပ်သိန်း ၂၀ဝ၊ ကျပ်သိန်း ၁၅၀၊ ကျပ် ၁၂၅ သိန်း၊ ကျပ် ၇၅ သိန်း စသည့် ဆိုင်ခန်းများနှင့် အမိုးပါ အကာမဲ့ ဆိုင်ခန်းများအား တစ်ခန်း လျှင် ကျပ် ၁၅ သိန်းဖြင့် ရောင်းချ မည်ဖြစ်ကာ ဆိုင်ခန်းရောင်းချရာ တွင် လက်ရှိရောင်းချနေသည့် ဈေး သည်များကို ဦးစားပေးအရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

ယနေ့ မဲနှိုက်ရောင်းချသည့် ဆိုင်ခန်းများမှာ သိန်း ၂၀ဝ တန် ရှစ်ခန်း၊ ကျပ် ၁၂၅ သိန်းတန် နှစ်ခန်း၊ ကျပ်သိန်း ၁၅၀တန် နှစ် ခန်း၊ ကျပ် ၇၅ သိန်းတန် နှစ်ခန်း နှင့် ပျံကျအကာအရံမပါ ခြောက် ခန်းတို့ကို လေလံဆွဲ သူ ၂၀ တို့ က မဲနှိုက်ဝယ်ယူကြသည်။

ယနေ့ရောင်းချသည့် ဆိုင်ခန်း ၂၀ အပါအဝင် ဆိုင်ခန်းပေါင်း ၁၀၈ ခန်း ရောင်းချပြီးဖြစ်ရာ ကျန်ဆိုင် ခန်းများအတွက် နေရာလျှောက်ထား သူများကို စစ်ကိုင်းမြို့နယ်စည်ပင် သာယာရေးကော်မတီမှ လက်ခံ လျက်ရှိပြီး ဆက်လက်၍ မဲနှိုက် ရောင်းချပေးမည်ဖြစ်ကြောင်း သိ ရသည်။

DW
#Democracytoday

Rate this item
(0 votes)

Latest from Thura Soe

back to top