HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ကြက်ဆူစိုက်ရန် တစ်ဧကငွေကျပ် ၁ဝဝ နှုန်းဖြင့် မြေဧက ၃ဝဝဝ ကျော်ကို နှစ် ၃ဝ စာချုပ်ဖြင့် ငှားရမ်းခဲ့မှု ဖျက်သိမ်းရန်အဆို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့တင်

ကြက်ဆူစိုက်ရန် တစ်ဧကငွေကျပ် ၁ဝဝ နှုန်းဖြင့် မြေဧက ၃ဝဝဝ ကျော်ကို နှစ် ၃ဝ စာချုပ်ဖြင့် ငှားရမ်းခဲ့မှု ဖျက်သိမ်းရန်အဆို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့တင်

မုံရွာ၊ သြဂုတ် ၉

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပေါက်အင်းတောင်ဒေသတွင် ကြက်ဆူပင်စိုက်ရန် တစ်ဧက ငွေကျပ် ၁ဝဝ နှုန်းဖြင့် မြေဧက ၃၂ဝဝ အား တင်ဝင်းထွန်းကုမ္ပဏီမှ သစ်တောရေးရာဝန်ကြီးဌာနနှင့် နှစ် ၃ဝ စာချုပ်ချုပ်မြေငှားရမ်း လုပ်ကိုင်မှုတွင် စာချုပ်ပါစည်း ကမ်းချက်များနှင့်မညီခြင်း၊ ခေတ်နှင့်မလျော်ညီတော့ခြင်းတို့ကြောင့် စာချုပ်ဖျက်သိမ်း၍ သစ်တောဝန် ကြီးဌာနပိုင်မြေအဖြစ် ပြန်သတ်မှတ်ရန်အဆိုကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုကိုလက်ခံဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းအဆိုက ကနီမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းဝင်းက သြဂုတ် ၉ ရက်တွင်ပြုလုပ်သော ၁၅ ကြိမ်မြောက်တိုင်းဒေသကြီးလွှတ် တော်အစည်းအဝေး ၉ ရက်မြောက် နေ့တွင်တင်သွင်းပြီး ကိုယ်စားလှယ်အားလုံးကဆွေးနွေးရန် လက်ခံသဘောတူခဲ့ခြင်းဖြစ်သည်။ ''အကောက်ခွန်ဌာနကိုစာနဲ့ မေးတော့ ဒီနေ့အချိန်ထိ မြေငှား ခအခွန်ပေးထားတာမရှိဘူးလို့သိရတယ်။ ကြက်ဆူစိုက်ပျိုးခွင့်မြေကို ထပ်ဆင့်လွှဲပြောင်းငှားရမ်းခြင်း မလုပ်ရလို့ စာချုပ်စည်းကမ်းမှာပါတယ်။ ဒါကိုဒေသခံသစ်တော ကျူးကျော်သူတွေကို နှစ်ချင်းလုပ် ခွင့်စာချုပ်လုပ်ပြီး ငှားရမ်းထားတာတွေ့ရတာ ကြက်ဆူစိုက်တုန်းကလည်း လူကြီးလာနိုင်တဲ့မျက်နှာစာမှာပဲ စိုက်ပြီး စိန်တလုံး၊ ရွှေ ဟင်္သာသရက်တွေပဲစိုက်တယ်။ အခုကြက်ဆူပင်တစ်ပင်မှ မရှိ တော့ဘူး''ဟု ဦးထွန်းထွန်းဝင်းက ပြောကြားသည်။


ပေါက်အင်းတောင်ကြိုးဝိုင်း နယ်မြေတွင် ကြက်ဆူစိုက်ပျိုးရေး အထူးဇုန်ကို ၂ဝဝ၆ ခုနှစ်က သတ်မှတ်ခဲ့ပြီး နောက်တင်ဝင်းထွန်းကုမ္ပဏီမှ ယင်းနေရာတွင် ကြက်ဆူစိုက်ရန် ၂ဝဝ၉ ခုနှစ် မတ် ၂၅ ရက်တွင် နှစ်ရှည်မြေငှားခွင့်စာချုပ်ချုပ်ငှားခဲ့ခြင်းဖြစ်ပြီး စာချုပ်ချုပ်ပြီး နောက်ဒေသခံကျူးတောင်သူများမှာ မြေယာကျူးကျော်မှုများ ဖြင့် အမှုရင်ဆိုင်ရပြီး တောင်သူ ခုနစ်ဦးထောင်ကျခဲ့သည်။ လက်ရှိတွင်လည်း တောင်သူခြောက်ဦးအ ရေးယူခံကာ ၁၄ ဦးမှာ တရားရင်ဆိုင်နေရကြောင်း လွှတ်တော်တွင် တင်သွင်းသောအဆိုအရ သိရသည်။ လွှတ်တော်ကိုယ်စားလှယ်၏ အဆိုတင်သွင်းမှုကို ပေါက် အင်းတောင်ဒေသခံတောင်သူ ၆ဝ ခန့်လွှတ်တော်သို့လာရောက်နား ထောင်ခဲ့ကြပြီး အဆိုကိုအတည် ပြု၊ မပြု သြဂုတ် ၁၃ ရက်တွင် ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

KTS
#democracytoday

Rate this item
(0 votes)
back to top