HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တင်ဒါစနစ်ဖြင့် အဆောက်အအုံ တည်ဆောက်ရာတွင် အရည်အသွေး စံချိန်စံညွှန်း မမီမှုများသည် မတော်တဆ မှားယွင်းမှု မဟုတ်၊ ကန်ထရိုက်တာများ၏ မတရား အကျိုးအမြတ် ရရှိအောင် တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌပြော  

တင်ဒါစနစ်ဖြင့် အဆောက်အအုံ တည်ဆောက်ရာတွင် အရည်အသွေး စံချိန်စံညွှန်း မမီမှုများသည် မတော်တဆ မှားယွင်းမှု မဟုတ်၊ ကန်ထရိုက်တာများ၏ မတရား အကျိုးအမြတ် ရရှိအောင် တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌပြော   

နေပြည်တော်၊ သြဂုတ် ၉

တင်ဒါစနစ်ဖြင့် အဆောက်အအုံတည် ဆောက်ရာတွင် အရည်အသွေးစံ ချိန်စံညွှန်းမမီမှုများသည် မတော်တဆမှားယွင်းမှုမဟုတ် ကန်ထရိုက်တာများ၏ မတရားအကျိုးအ မြတ်ရရှိအောင် တမင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည် ထောင်စုလွှတ်တော် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းကပြောသည်။

သြဂုတ် ၉ ရက်ကကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ ရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ လေ့လာတွေ့ရှိချက်နှင့် သ ဘောထားမှတ်ချက်အစီရင်ခံစာအား ဖတ်ကြားတင်ပြရာ၌ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ''တင်ဒါ စနစ်ဖြင့် အဆောက်အအုံတည် ဆောက်ရာမှာ အရည်အသွေးစံချိန်စံညွှန်းမမီတာတွေဟာ မတော်တဆမှားယွင်းမှုတွေမဟုတ်ပါဘူး။ ကန်ထရိုက်တာတွေရဲ့ မတရားအကျိုး အမြတ်ရရှိအောင် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်တယ်လို့သုံးသပ်ပါတယ်''ဟု ပြောသည်။ 

 

အရည်အသွေးစံချိန်စံညွှန်း မရှိခြင်းနှင့်ပတ်သက်၍ သဘောတူစာချုပ်တွင် လုပ်ငန်းအပ်နှံသူကျေနပ်သည်အထိ ပြန်လည်ပြင်ဆင် ပေးရန်ဖော်ပြထားသော်လည်း လက်တွေ့မှာ ယင်းစည်းကမ်းချက်များကို လိုက်နာမှု အင်မတန်နည်းပါးကြောင်း ၎င်းကပြောသည်။ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ''ပြင်ဆင်လို့ရတဲ့နေရာမှာ ပြင်ဆင်ခိုင်းနိုင်လို့ရပေမယ့်လည်း နောက်ကျသွားတဲ့နေရာ ပြင်ဆင်လို့မရတဲ့နေရာတွေမှာ ဘယ်လိုလုပ်ရမလဲဆိုတာ မေးစရာပေါ်လာပါတယ်။ ဒီအချက်နှင့်ပတ်သက်လာရင်တော့ ဒီအချက်မှာ တော့ စာရင်းစစ်ရုံး၏စစ်ဆေးမှုခံယူတဲ့နေရာမှာ ဒီလိုစံချိန်စံညွှန်းမမီတာနဲ့ပတ်သက်ပြီး စစ်ဆေးတွေ့ရှိခဲ့ရင် အချိုးကျတန်ဖိုးကို တွက်ချက်ပြီးတော့ ပြန်လည်ပေးသွင်းစေတယ်လို့သိရှိရတယ်။ ဒီလိုအရေး ယူမှုလောက်နဲ့တော့ အဆောက်အအုံတည်ဆောက်ရာမှာ စံချိန်စံညွှန်းမပြည့်မီမှုတွေကို ကာကွယ်တားဆီးနိုင်မှာမဟုတ်ပါဘူး။ ဒီထက်ထိရောက်ပြင်းထန်တဲ့နည်းလမ်းတွေ၊ စည်းကမ်းချက်တွေပြဋ္ဌာန်းပြီးတော့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ သုံးသပ်ရရှိပါတယ်''ဟု ပြောသည်။


တည်ဆောက်ရေးလုပ်ငန်းများကို တင်ဒါစနစ်ဖြင့်ဆောင်ရွက် ခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ မူဝါဒလမ်းညွှန်ချက်ရရှိရန် တင်ပြ ခွင့်ပြုချက်တောင်းခံရမည့်လုပ်ငန်းစဉ်များသည် လုပ်ရိုးလုပ်စဉ်လုပ်ငန်းသာဖြစ်ကြောင်း ၎င်းကဆိုသည်။

MO

#democracytoday

Rate this item
(0 votes)
back to top