ကိုရီးယား - မြန်မာ ဖက်စပ်ကုမ္ပဏီက မကွေးမြို့နယ် နှမ်းစိုက် တောင်သူများထံမှ နှမ်းအဖြူနှင့် အနီ တန် ၅ဝဝ ဝယ်ယူရန် စာချုပ်ချုပ်ဆို

မကွေး၊ သြဂုတ် ၉
ကိုရီးယား မြန်မာဖက်စပ်ကုမ္ပဏီက မကွေးမြို့နယ်နှမ်းစိုက်တောင်သူများဖွံ့ ဖြိုးရေးအသင်းဝင်တောင်သူများထံမှ နှမ်းအဖြူနှင့်အနီ တန် ၅ဝဝ ဝယ်ယူမည့်စာချုပ်ချုပ်ဆိုမှုကို သြဂုတ် ၈ ရက်က မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်နှမ်းစိုက်တောင်သူများဖွံ့ဖြိုးရေးအသင်းတွင် မကွေး မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာမှတောင်သူအသင်းဝင် ၂၂၃ဝ ဦးတို့ထံမှ နှမ်းအဖြူနှင့်အနီတန်ချိန် ၅ဝဝဝ ၀ယ်ယူသွားမည် ဖြစ်သည်။ ''ကျွန်တော်တို့အသင်းက တောင်သူလယ်သမားတွေအတွက် ဈေးကွက်ကောင်းရရှိဖို့ ဖော် ဆောင်ပေးချင်တဲ့အတွက် ချိတ်ဆက်မှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ချိတ်ဆက်မှုတွေဆောင် ရွက်နေတဲ့အချိန်မှာပဲ ကိုရီးယား -မြန်မာဖက်စပ်ကုမ္ပဏီက ကျွန် တော်တို့တောင်သူတွေဆီက နှမ်း တွေဝယ်မယ်ဆိုတာကို ကမ်းလှမ်းခဲ့တဲ့အတွက် ကျွန်တော်တို့ကသူတို့ကုမ္ပဏီကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်'' ဟု မကွေးမြို့နယ် နှမ်းစိုက်တောင်သူများ ဖွံ့ဖြိုးရေး အသင်းဝင် ဦးကျော်ဦးကပြောသည်။
ယခင်နှစ်များက တောင်သူများအနေဖြင်သီးနှံများကို ပွဲစားမှ တစ်ဆင့် ပွဲရုံသို့အဆင့်ဆင့်သွား ရောက်ရောင်းချရသောကြောင့် တောင်သူများဈေးနှုန်း နစ်နာမှုနှင့် သယ်ယူစရိတ်များ၊ ကုန်ကျမှုများ ရှိခဲ့ပြီးယခုအခါ တောင်သူအစု အဖွဲ့လိုက် ရောင်းချမည်ဖြစ်သည့်အတွက် ကာလပေါက်ဈေးအမြင့်ဆုံးထက် နှမ်းတစ်တင်းကိုကျပ် ၂ဝဝဝခန့်ပိုရရှိမည်ဖြစ်သည်။ နှမ်းဝယ်ယူရေး စာချုပ်ချုပ်ဆိုရာတွင် နှမ်းအဖြူနှင့်နှမ်းအနီများကို ဝယ်ယူသွားမည်ဖြစ်သည့် အတွက်အရည်အသွေးပြည့် နှမ်းများဖြစ်ရမည် စသည့်သဘောတူညီချက်အပါအဝင် အချက် ၁၂ ချက် ဖြင့်လက်မှတ်ရေးထိုးကြကြောင်း သိရသည်။
ZZ
#democracytoday