HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အရပ်ရပ် အခွင့်အရေး လိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှုမှ ကျပ်သိန်း ၂၃၆ဝ ကျော် ပိုမိုရရှိ

အရပ်ရပ် အခွင့်အရေး လိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှုမှ ကျပ်သိန်း ၂၃၆ဝ ကျော် ပိုမိုရရှိ

စစ်ကိုင်း မြို့မဈေး တစ်နေရာအားတွေ့ရစဉ်။ 

စစ်ကိုင်း၊ စက်တင်ဘာ ၁၂

စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် အောက်တိုဘာလမှ စက်တင်ဘာလအထိ အရပ်ရပ်အခွင့်အရေးလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲကို စက်တင်ဘာ ၁၁ ရက်က စစ်ကိုင်းမြို့ တော်ခန်းမ၌ကျင်းပရာ ယခုနှစ်တွင် ကြမ်းခင်းဈေးထက် ပိုရောင်းရငွေ ကျပ် ၂၃၆၁ သိန်းနှင့် ကျပ် ၄၄ဝဝ ပိုမိုရရှိကြောင်းသိရသည်။

ဈေးပြိုင်လေလံတင်ရောင်းချပွဲတွင် လုပ်ငန်း ၄၁ ခုအတွက် လေလံဆွဲဝယ်သူ ၂၆ ဦးတို့က လုပ်ငန်းအလိုက် လေလံကြေးပေးဆွဲဝယ်ကြရာတွင် ဝက်သားသတ်လုပ်ငန်း ၁၄ နေရာမှ လေလံတင်ရောင်းချရငွေကျပ်သိန်း ၃၆ဝ၂၊ အမဲသားသတ်လုပ်ငန်းနှစ်နေရာမှကျပ် ၃၇ သိန်း ငါးသောင်းလေးထောင်၊ သိုးဆိတ်သားသတ်လုပ်ငန်း နှစ်နေရာမှ ကျပ် ၈၅ သိန်းလေးသောင်း၊ တိုင်းအဝင်ဘီးကောက်လုပ်ငန်းတစ်ခုမှ ကျပ်သိန်း ၄၆၈ဝ၊ ဈေးနှင့်ဆက်စပ်လုပ်ငန်း ၁၇ ခု မှ ကျပ်သိန်း ၁၆၆၃ သိန်း တစ်သောင်းလေးထောင်၊ ကူးတို့လုပ်ငန်း နှစ်နေရာမှ ကျပ် ၅၁၃ သိန်းသုံးသောင်း၊ အခြားလုပ်ငန်းသုံးခုမှ ကျပ် ၄ဝ၈ သိန်းရှစ်သောင်း လေလံတင်ရောင်းချရရှိသည်။

 

''စစ်ကိုင်းအရပ်ရပ်အခွင့် အရေးလိုင်စင်များအတွက် ဒီနေ့ ၁၁ ရက် နံနက် ၁ဝ နာရီမှာ စ ရောင်းတာ ညနေ ၅ နာရီမှပြီးပါတယ်။ နောက်တစ်ကြိမ် စက်တင်ဘာ ၁၈ မှာ ဆက်ရောင်းပါ့မယ်။ ဈေးပြိုင်စနစ်လေလံတင်ရောင်းချပွဲမှာ မြို့မဈေးကြီး အမဲ၊ သိုးဆိတ်အပါအဝင် တစ်ခြားလုပ်ငန်းတွေကျန်ပါသေးတယ်။ ဒီနေ့ ရောင်းချရာမှာ စုစုပေါင်း ကြမ်းခင်းလေလံဈေး ၈၆၂၉ သိန်းတစ်သောင်းသုံးထောင့် ခြောက်ရာဖြစ်ပြီး ရောင်းရငွေကျပ်သိန်း ၁ဝ၉၉ဝ တစ်သောင်းရှစ်ထောင်ဖြစ်တာကြောင့် ပိုရောင်းရငွေကျပ် ၂၃၆၁ သိန်းနှင့် လေးထောင့်လေးရာရရှိပါတယ်''ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။


ယင်းသို့ လေလံတင် ရောင်းချရာတွင် မြို့မဈေးကြီး၊ ရွာထောင်ဈေး၊ သောတာပန်ဈေး၊ ရွှေမင်းဝံဈေး၊ တင်းတိပ်ဈေး၊ ရွာသစ်ကြီးဈေး၊ အုန်းတောဈေး၊ ညောင်ပင်ဝန်းဈေး၊ ဆားတောင်ဈေးနှင့် တိုင်းဒေသကြီးမြို့ဝင်ကြေးဘီး ကောက်နေရာများမှ လေလံရောင်း ရငွေအများဆုံးရရှိသဖြင့် ကြမ်းခင်းဈေးထက် ပိုမိုရရှိခြင်းဖြစ်ကြောင်း သိရသည်။ 

DW

#democracytoday

Rate this item
(0 votes)
back to top