HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဈေးကွက်အတွင်း ဒေါ်လာဈေးများ ဆက်လက်မြင့်တက်၊ ပို့ကုန်ရငွေ နည်းပါးနေခြင်းကြောင့် ငွေလဲနှုန်းမြင့်တက်ခြင်းဟု ဗဟိုဘဏ် ဆို  

ဈေးကွက်အတွင်း ဒေါ်လာဈေးများ ဆက်လက်မြင့်တက်၊ ပို့ကုန်ရငွေ နည်းပါးနေခြင်းကြောင့် ငွေလဲနှုန်းမြင့်တက်ခြင်းဟု ဗဟိုဘဏ် ဆို   

ရန်ကုန်၊ စက်တင်ဘာ ၁၃-ငွေ လဲနှုန်းဈေးကွက်အတွင်း ဒေါ်လာ ဈေးနှုန်းများ ဆက်တိုက်မြင့်တက် လာနေပြီး ပို့ကုန်ရငွေနည်းပါးနေ မှုကြောင့် ဒေါ်လာငွေလဲနှုန်းမြင့် တက်နေရခြင်းဖြစ်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ ''ပို့ကုန်ရငွေနည်းနေတဲ့အချိန် မှာ သွင်းကုန်တွေက မဖြစ်မနေ သွင်းနေရတယ်ဆိုတော့ ဈေးကွက် သဘောအရ ဝယ်လိုအားကရှိနေ တော့ အခုလိုဈေးမြင့်နေတာပါ'' ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားငွေကြေးဌာနညွှန်ကြား ရေးမှူးချုပ် ဒေါ်မေတိုးဝင်းက စက် တင်ဘာ ၁၃ ရက်တွင် ပြောသည်။

ပြီးခဲ့သည့်ဇွန်မှစတင်ကာ အမေရိကန်ဒေါ်လာငွေလဲနှုန်း မြင့်တက်လာခြင်းဖြစ်ပြီး သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၅၂ဝ ဖြင့် မြန်မာ့သမိုင်းတွင် အမြင့်ဆုံးဈေး နှုန်းသို့ စတင်ရောက်ရှိခဲ့ရာမှာ စက် တင်ဘာ ၁၁ ရက် ဒေါ်လာလဲနှုန်း မှာ တစ်ဒေါ်လာလျှင် ၁၅၆၄ ကျပ် အထိ ဆက်လက်မြင့်တက်လာနေ ရာမှ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၁၅၇ဝ နှင့် စက်တင်ဘာ ၁၃ ရက်တွင် ၁၅၆၈ ကျပ် အသီးသီး ဈေးကွက်အတွင်းဖြစ်ပေါ်နေ ကြောင်းသိရသည်။ ဗဟိုဘဏ်အနေဖြင့် ဒေါ် လာထုတ်ရောင်းပေးခြင်းနှင့် နိုင်ငံ ခြားငွေကြေးလုပ်ကိုင်ခွင့်ရ ပုဂ္ဂလိက ဘဏ်များကှိုတစေ အစီအစဉ်ဖြင့် ကာလတို ကျပ်ငွေအပေါင်ထား၍ ဒေါ်လာချေးပေးခြင်း စသည့်လုပ် ငန်းများကို ဆက်လက်လုပ်ဆောင် နေမည်ဖြစ်ပြီး ပို့ကုန်ရငွေမြင့်တက် လာစေရန်နှင့် ဒေါ်လာငွေလဲနှုန်း ပြန်ကျစေမည့် အခြားနည်းလမ်း များကို သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။


''Export Earning တက် ဖို့ဆိုတာ Consultant Effort  နဲ့ လုပ်မှရမှာလေ။ အားလုံးပေါင်းပြီး လုပ်မှရမှာ''ဟု ၎င်းကပြောသည်။ ဗဟိုဘဏ်က ပြည်တွင်းတွင် နိုင်ငံခြားငွေသုံးစွဲမှု အလွန်အကျွံ မဖြစ်စေရန် ပြည်တွင်းသုံးစွဲမှုအား လုံးကို မြန်မာကျပ်ငွေနဲ့သာအသုံး ပြုရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။ ဗဟိုဘဏ်က နိုင်ငံခြားငွေ ကြေးလုပ်ကိုင်ခွင့်ရ ပုဂ္ဂလိကဘဏ် များကို Swap အစီအစဉ်ဖြင့် ကာ လတိုကျပ်ငွေအပေါင်ထား၍ ချေး ပေးနေသည့်ဒေါ်လာပမာဏအတိ အကျအား ပြောဆိုခွင့်မရှိသော် လည်း သန်းဆယ်ဂဏန်းကျော်သာ ရှိသေးကြောင်း ¤င်းကပြောသည်။ ဒေါ်လာစုဆောင်းသူများရှိ နေခြင်းကလည်း ဒေါ်လာငွေလဲ နှုန်းမြင့်တက်ခြင်းအကြောင်းတစ် ခုဖြစ်ကြောင်း ငွေကြေးဈေးကွက် ကျွမ်းကျင်သူများကဆိုသည်။


''ဗဟိုဘဏ်နဲ့အစိုးရက တစ် ခုခု ကြီးကြီးမားမားအပြောင်းအ လဲတစ်ခုမလုပ်မချင်း ဒေါ်လာဈေး ကတော့ ဆက်မာနေဦးမှာပဲ''ဟု နိုင်ငံခြားငွေကြေးဈေးကွက်ကျွမ်း ကျင်သူ ဦးစန်းဝင်းကပြောသည်။ ''တချို့ကလည်း စိုးရိမ်ပူပန် လို့ ဒေါ်လာဝယ်ထားကြတယ်။ တ ချို့ကလည်း မြတ်မယ်ထင်ပြီးတော့ ဒေါ်လာဝယ်စုတယ်။ အဲဒါလည်း ဈေးကွက်သဘောပဲပေါ့''ဟု ဒေါ် မေတိုးဝင်းကပြောသည်။

NT

#democracytoday

Rate this item
(0 votes)
back to top