HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြဝတီ၌ ထိုင်းဘတ်ငွေဈေး စံချိန်တင်ထပ်မံမြင့်တက်၊ ကုန်စုံဆိုင်များ အဝယ်ရပ်နားထားရ  

မြဝတီ၌ ထိုင်းဘတ်ငွေဈေး စံချိန်တင်ထပ်မံမြင့်တက်၊ ကုန်စုံဆိုင်များ အဝယ်ရပ်နားထားရ   

မြဝတီ၊ စက်တင်ဘာ ၁၃-မြန် မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် တွင် မြဝတီမြို့တွင် ထိုင်းဘတ်ငွေ ဈေးမှာ တစ်ကြိမ်တစ်ခါမှမရောက် ဘူးသည့်စံချိန်အထိ ဈေးမြင့်တက် လာသောကြောင့် မြဝတီမြို့ရှိ ကုန် ပစ္စည်းအရောင်းဆိုင်များမှာ လက် ကျန်ကုန်များကိုသာ ရောင်းချနေ ကြရကြောင်း သိရသည်။

သြဂုတ် ၁၆ ရက်က ထိုင်း ဘတ်ငွေ ၂၂၈၅ ဘတ်လျှင် မြန် မာငွေကျပ် ၁ဝဝဝဝဝ ဈေးဖြင့် ငွေကြေးလည်ပတ်နေရာမှ သြဂုတ် ၁၆ ရက်တွင် မြန်မာငွေကျပ် ၁ဝဝဝဝဝ လျှင် ထိုင်းဘတ်ငွေ ၂၁၇ဝ ဘတ်အထိ မြင့်တက်သွား ခဲ့သည့်အတွက် အဆိုပါထိုင်းဘတ် ၂၁၇ဝ လျှင် မြန်မာကျပ် ၁ဝဝဝဝဝ ဈေးမှာ မြဝတီမြို့တွင် စံချိန်အမြင့် တက်ဆုံး ဈေးဖြစ်ခဲ့သည်။ ယခုအ ခါ စက်တင်ဘာ ၁၃ ရက်တွင် ထိုင်း ဘတ်ငွေ ၂၁၁၅ ဘတ်လျှင် မြန်မာ ငွေကျပ် ၁ဝဝဝဝဝ ထိ ထပ်မံမြင့် တက်ခဲ့သောကြောင့် အဆိုပါငွေဈေး နှုန်းသည် သြဂုတ် ၁၆ ရက်က စံ ချိန်ကို ထပ်မံချိုးလိုက်ခြင်းဖြစ်သည်။

 

''ဒီနေ့ စက်တင်ဘာ ၁၃ ရက် မှာ ထိုင်းငွေ ၂၁၁၅ ကို မြန်မာ ကျပ်ငွေ ၁ဝဝဝဝဝ အထိ မြင့်တက် ခဲ့တာကြောင့် အခုဆိုရင် ထိုင်းစား ကုန်ပစ္စည်းတွေကို အဝယ်ရပ်ထား လိုက်ပါပြီ။ ကျွန်တော်တို့က မဲ ဆောက်မှာ ထိုင်းစားကုန်တွေကို ဘတ်နဲ့ဝယ်ရပေမယ့် မြဝတီဈေး ကြီးထဲမှာကျတော့ မြန်မာငွေနဲ့ပြန် တွက်ပြီးရောင်းရတာကြောင့် ထိုင်း ငွေဈေးတက်လေ ကျွန်တော်တို့ အရှုံးရှိလေပါပဲ။ ဘတ်နဲ့ပြန်ရောင်း ရမယ်ဆိုရင်တော့ အရှုံးမရှိဘူးပေါ့'' ဟု ဈေးဆိုင်ပိုင်ရှင်တစ်ဦးကပြော ကြားသည်။ စက်တင်ဘာ ၁၃ ရက် မြဝ တီမြို့ရွှေဈေးနှုန်းမှာ ထိုင်းရွှေတစ် ဘတ်သားလျှင် ဘတ် ၁၈၆၅ဝ၊ မြန်မာရွှေမီးလင်းတစ်ကျပ်သားလျှင် ကျပ် ၉၈၈ဝဝဝ ဈေးနှုန်းဖြင့် အ သီးသီးရောင်းချလျက်ရှိသည်။


ဘတ်ဈေးမြင့်တက်ခဲ့ပေမယ့် ကျွန်တော်တို့ငွေလဲသူတွေအနေနဲ့ တော့ အရှုံးမရှိပါဘူး။ အရှုံးပေါ် တာတော့ ကုန်သည်တွေပေါ့။ ကုန် သည်တွေက ထိုင်းကဝယ်ရင် လက် ငင်းဝယ်သူနည်းတယ်။ ကုန်ကို အရင်ဝယ်လိုက်တယ်။ မြန်မာကျပ် ငွေနဲ့ရောင်းပြီးမှ ပြန်ပေးရတာဆို တော့ ကုန်ကြွေးပြန်ဆပ်တဲ့အခါ ရောင်းထားတာက မြန်မာငွေနဲ့ လေ။ ဘတ်ကိုပြန်လဲပြီးပေးရတော့ ဘတ်ဈေးကမြင့်သွားတဲ့အတွက် ရှုံးကြတာဖြစ်ပါတယ်''ဟု ထိုင်းနှင့် မြန်မာငွေလဲသူတစ်ဦးက ပြောသည်။ ဒေါ်လာဈေးအနေ စက်တင် ဘာ ၁၂ ရက်က တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၅၆၈ ကျပ်ဈေးရှိခဲ့ရာ မှ စက်တင်ဘာ ၁၃ ရက်တွင် ကျပ် ၁၅၆ဝ ပြန်ဖြစ်ခဲ့သည့်အတွက် အ နည်းအငယ်ပြန်ကျခဲ့သည်။

KKTM

#democracytoday

Rate this item
(0 votes)
back to top