HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ပြည်တွင်းစက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေး ဓာတ်ဆီ တစ်ဂါလန်လျှင် ကျပ် ၃၆ဝဝ၊ ဒီဇယ် တစ်ဂါလန်လျှင် ကျပ် ၄ဝဝဝ နှုန်းတို့ဖြင့် စက်တင်ဘာလ အတွင်းရောင်းချမည်  

ပြည်တွင်းစက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေး ဓာတ်ဆီ တစ်ဂါလန်လျှင် ကျပ် ၃၆ဝဝ၊ ဒီဇယ် တစ်ဂါလန်လျှင် ကျပ် ၄ဝဝဝ နှုန်းတို့ဖြင့် စက်တင်ဘာလ အတွင်းရောင်းချမည်   

ရန်ကုန်၊ စက်တင်ဘာ ၁၃- လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက် အောက်ရှိ ရေနံဓာတုဗေဒစက်ရုံ (မန်းသံပုရာကန်)ရှိ ဒီဇယ်ဆီဂါလန် နှစ်သန်းနှင့် စတုထ္ထအကြိမ်အဖြစ် ဓာတ်ဆီဂါလန် သုံးသန်းတို့အား လည်းကောင်း၊ ရေနံချက်စက်ရုံ (ချောက်သံပုရာကန်) နှင့် ရေနံ ဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး၊ ညောင်တုန်း) တို့မှချက်လုပ်ထွက်ရှိ သော ဓာတ်ဆီအဖြူတို့အား Stock စုဆောင်းရရှိသည့် ပမာဏ အပေါ်မူတည်၍လည်းကောင်း၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းသို့ ၂ဝ၁၈ခုနှစ်၊ စက်တင်ဘာလအ တွင်း ရောင်းချပေးမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ပြည်တွင်းဈေးကွက် သို့ ဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနတွင် စက်တင်ဘာ ၁၃ ရက်ကကျင်းပ သည့် သတင်းစာရှင်းလင်းပွဲမှသိရ သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင် မြင့်က ''ပြည်တွင်းဈေးကွက်ကို သက်သာတဲ့ရေနံစိမ်းဈေးနှုန်းနဲ့ သယ်ပြီးတော့ ထုတ်လုပ်နိုင်မှ ထုတ်လုပ်တဲ့ ပစ္စည်းကလည်း ဈေးသက်သက်သာသာနဲ့ ပြည် သူလူထုထဲကို ဖြန့်နိုင်မယ် အဲဒီ ကာလကတော့ ကျွန်တော်တို့မှာ ဓာတ်ဆီဒီဇယ်ဆီ ဈေးနှုန်းက ကမ္ဘာ့နိုင်ငံကအထိုက် အလျောက် တက်လာပြီ၊ မြန်မာနိုင်ငံက ဈေး တက်လာပြီ။ အဲဒီအချိန်မှာ မန်းသံ ပုရာကန်ကထုတ်တဲ့ဆီနဲ့ပဲ ဖြန့်ဖြူး သွားမှာဖြစ်ပါတယ်။ ပုံမှန် ဈေးကျတဲ့အချိန်မှာတော့ ရောင်း ချင်လည်းရောင်းမယ် သိုလှောင် ချင်လည်း သိုလှောင်ထားမယ်။ အရန်စက်သုံးဆီအနေနဲ့ ပြီးရင် ဈေးတက်တဲ့အချိန်မှာအခုလို ထုတ်ရောင်းမယ် အခုလိုပမာဏ များများထုတ်ရောင်းလိုက်တဲ့အခါ မှာ ဈေးနှုန်းက အထိုက်အလျောက် ထိန်းသွားတာတော့ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည် မှာ မော်တော်ယာဉ်သုံးသလို ဆိုင် ကယ်တွေလည်း အများဆုံးသုံး တယ်။ ဒီအတွက်ကို အဓိကရည် မှန်းပြီး ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်'' ဟု ပြောသည်။

 

ယင်းသို့ ရောင်းချရာတွင် ဓာတ်ဆီတစ်ဂါလန်လျှင် ကျပ် ၃၆ဝဝ နှုန်းဖြင့် မြန်မာ့ရေနံဓာတုဗေ ဒလုပ်ငန်းမှ ရောင်းချပေးပြီး မြန်မာ နိုင်ငံစက်သုံးဆီတင်သွင်းရောင်း ချ ဖြန့်ဖြူးရေးအသင်းမှ တစ်ဆင့် ဝယ်ယူမည့်စက်သုံးဆီ အရောင်း ဆိုင်များသည် ကျပ် ၃၉၅ဝနှုန်း ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၄ဝဝဝ နှုန်းဖြင့် မြန်မာ့ရေနံဓာတု ဗေဒလုပ်ငန်းမှ ရောင်းချပေးပြီး မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ တစ်ဆင့်ဝယ်ယူမည့် စက်သုံးဆီအ ရောင်းဆိုင်များသည် ကျပ် ၄၄ဝဝ ကျပ်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း သိရသည်။

MO

#democracytoday

Rate this item
(0 votes)
back to top