HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ကျောင်းကားအစီး ၂ဝဝ ကို မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အများပိုင်ကုမ္ပဏီက ရှယ်ယာထည့်ဝင်ရန် တိုင်းဒေသကြီး အစိုးရက ကမ်းလှမ်းထား ဟုဆို

ကျောင်းကားအစီး ၂ဝဝ ကို မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အများပိုင်ကုမ္ပဏီက ရှယ်ယာထည့်ဝင်ရန် တိုင်းဒေသကြီး အစိုးရက ကမ်းလှမ်းထား ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောင်းကားအစီး ၂ဝဝ ကို မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အများပိုင်ကုမ္ပဏီလီမိတက်မှ ရှယ်ယာထည့်ဝင်ရန် ပြီးခဲ့သည့် သုံးလခန့်က ကမ်းလှမ်းထား ကြောင်း မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းနှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး အောက်တိုဘာ ၇ ရက်က ရွှေထွဋ်တင်ကွင်းတွင် ပြုလုပ်သည့်ကျောင်ားးအများပိုင်ဖွဲ့စည်းရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်း ၁၈ ကျောင်းမှ ကျောင်းကားလုပ်ငန်းရှင်များနှင့်တွေ့ဆုံညှိနှိုင်းတိုင်ပင်ဆွေးနွေးပွဲအခမ်းအနားတွင် ဥက္ကဋ္ဌ ဦးကျော်ဝင်းက အထက်ပါအတိုင်းထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

 

''ကမ်းလှမ်းခဲ့တဲ့အချိန်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့နဲ့ YRTA ကို တိတိလင်းလင်း ပြောခဲ့ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီက ဒီကျောင်းကားလုပ်ငန်းကို လုပ်တဲ့ကုမ္ပဏီလည်းမဟုတ်ပါဘူး။ ကျွမ်းလည်းမကျွမ်းကျင်ပါဘူး။ သို့ သော်လည်းပဲ ကျောင်းကားကြိုပို့ လုပ်ဆောင်နေတဲ့လုပ်ငန်းရှင်များရှိပါတယ်။ ကျွန်တော်တို့ချည်းပဲလုပ်ရင် လက်ရှိလုပ်နေတဲ့လုပ်ငန်းရှင်တွေရဲ့လုပ်ငန်းကိုလုပြီး လုပ်တဲ့သဘောမျိုးသက်ရောက်မှာ စိုးတဲ့အတွက် လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကို တင်ပြရှင်းပြခဲ့ပါတယ်။ သူတို့ကလည်း သဘောတူပါတယ်။ အားလုံးစုပေါင်းလုပ်မယ်ဆိုရင် ကောင်းပါတယ်လို့ ပြောတဲ့အတွက် ဒီနေ့ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။


ကျောင်းကားအများပိုင်ဖွဲ့ စည်းထူထောင်မည်ဆိုပါက အစိုးရ၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အများပိုင်ကုမ္ပဏီလီမိတက် နှင့်မူလပြေးဆွဲနေသည့် တနိုင်တပိုင်ကျောင်းကားလုပ်ငန်းရှင်များ စုပေါင်းကာ ကုမ္ပဏီသစ်ထူထောင် မည်ဖြစ်ကြောင်း သိရသည်။ ယင်းကျောင်းကားအများပိုင် ကုမ္ပဏီသစ်ကို ဖွဲ့စည်းထူထောင်ရန်အတွက် အစုရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ဝယ်ယူထည့်ဝင်နိုင်မည်ဖြစ်ပြီး မူလကျောင်းကားလုပ်ငန်းရှင်များ ဈေးကွက်ကိုလုယူမည်မဟုတ်ဘဲ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျောင်းကားစီးရေ ၂ဝဝ ကို ရှယ်ယာထည့်ဝင်ရန် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အများပိုင်ကုမ္ပဏီလီမိတက်ကို ကမ်းလှမ်းထားခြင်းကြောင့် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျောင်းပေါင်း ၁၈ ကျောင်းမှ လုပ်ငန်းရှင်များပါ ပူးပေါင်းဝင် လာစေရေးအတွက် တွေ့ဆုံညှိ နှိုင်းရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အများပိုင်ကုမ္ပဏီလီမိတက်၏ မဟာဗျူဟာမြောက်စီမံကိန်း ရေးဆွဲရေးမှ ဒါရိုက်တာဦး ဗညား ဇော်ကပြောသည်။


''အစိုးရကမ်းလှမ်းတာ ကျွန် တော်တို့ကုမ္ပဏီအပြင် အခြားကု မ္ပဏီတွေလည်းရှိနိုင်တာပေါ့။ အစိုးရအဖွဲ့က အဲဒီကုမ္ပဏီတွေထဲကမှ ကျွန်တော်တို့ကုမ္ပဏီကိုရွေးချယ်တယ်ဆိုတော့ ကျောင်းကားကုမ္ပဏီနာမည်ပေးရမှာပေါ့။ ခုတော့ ကြိုတင်ပြင်ဆင်နေတဲ့သဘောပါ'' ဟု ၎င်းးကပြောသည်။ အဆိုပါဆွေးနွေးပွဲတွင် ကျောင်းကားလုပ်ငန်းရှင်အများစုက ကုမ္ပဏီတွင် ရှယ်ယာဝင်လျှင် ရရှိမည့်အကျိုးအမြတ်၊ လစဉ်ဝင် ငွေအနေအထား၊ ပြေးဆွဲမှုပုံစံ၊ ၎င်းတို့၏အခက်အခဲများနှင့်အစိုးရ အဖွဲ့က ပြောင်းလဲခဲ့သည့် ကျောင်းကားစံနှုန်းသတ်မှတ်ချက်အခက် အခဲများ ပြောကြားခဲ့သည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top