HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုသို့ ဖိလစ်ပိုင်မှ ဝယ်ယူထားသည့် မျိုးစိတ်နှင့် တန်ဖိုးမြှင့်သီးနှံ သိုလှောင်အိတ်များ ဖြန့်ဖြူးသွားမည်

တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုသို့ ဖိလစ်ပိုင်မှ ဝယ်ယူထားသည့် မျိုးစိတ်နှင့် တန်ဖိုးမြှင့်သီးနှံ သိုလှောင်အိတ်များ ဖြန့်ဖြူးသွားမည်

ရန်ကုန်၊ အောက်တိုလာ ၉

တိုင်း ဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုသို့ဖိလစ်ပိုင်နိုင်ငံမှဝယ်ယူထားသည့် မျိုးစိတ်နှင့် တန်ဖိုးမြှင့်သီးနှံသို လှောင်အိတ်များကို ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင်ထွန်းက ပြောသည်။

အောက်တိုဘာလ ၉ ရက် က ရန်ကုန်မြို့ရှိ Novotel Yangon Max တွင် ဖိလစ်ပိုင်နိုင်ငံ Grain Pro Inc မှ ထုတ်လုပ်သော မျိုးစေ့နှင့် တန်ဖိုးမြှင့်သီးနှံများ လေလုံပိတ်ထုပ်ပိုးသည့် Grain Safe နှင့် Super Grain Bag များကို စိုက်ပျိုးရေး ဦးစီးဌာနသို့ လွှဲ ပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက''ဒီနေ့အစီအစဉ်က ကမ္ဘာ့ဘဏ်ရဲ့အထောက်အပံ့နဲ့ဆောင်ရွက်တဲ့လုပ်ငန်းစဉ်မှာ အရေးပေါ်အခြေအနေများမှာ ပြောင်းလဲစိုက် ပျိုးရမယ့်လုပ်ငန်းစဉ်တွေထဲမှာ ဒီနေ့ပြသတဲ့အိတ်တွေကလည်း အစီအစဉ်တစ်ခု အပါအဝင်ဖြစ်ပါတယ်။ အဲဒီလိုလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါမှာ ဓာတ်မြေ သြဇာတွေ ဝယ်ယူထားတာရှိပါတယ်။ ရိတ်သိမ်းချိန်လွန်ပစ္စည်း တွေ ဝယ်ယူထားတာ ရှိပါတယ်။ တောင်သူပညာပေးလုပ်ငန်းစဉ် တွေမှာ ကွင်းဆင်းပညာပေးနိုင်ဖို့ မော်တော်ဆိုင်ကယ်တွေ ဝယ်ထားတာတွေရှိပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါမှာ နိုင်ငံတကာလုပ်ထုံးလုပ် နည်းတွေအတိုင်း UNOPS က နေပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်စား တင်ဒါစနစ်ကို ဆောင်ရွက် ပေးတာဖြစ်ပါတယ်။ အဲဒီတင်ဒါ စနစ်အရ အောင်မြင်လာတဲ့နေ ရာမှာ ရိတ်သိမ်းချိန်လွန်နည်း ပညာကဏ္ဍနဲ့ပတ်သက်လို့ ဒီနေ့ ကျင်းပတဲ့ Grain Prou  တင်ဒါ ကို အောင်မြင်တာဖြစ်ပါတယ်။ ဒီ နေ့လွှဲပြောင်းတာက တင်ဒါလုပ်လို့ ဝယ်ယူထားတဲ့ပစ္စည်းများ ဖြစ်ပါတယ်''ဟုပြောသည်။


ဖိလစ်ပိုင်နိုင်ငံ Grain Pro Inc မှထုတ်လုပ်သော သီးနှံသို လှောင်အိတ်ဝယ်ယူခဲ့သော အရေအတွက်မှာ တစ်တင်းခွဲဝင်အိတ် အရေအတွက် ၄၅ဝဝဝ ကျော်၊ တစ်တန်အိတ် ၅ဝဝဝ ကျော်တို့ ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ထွန်းက''ဒီသီးနှံသိုလှောင်အိတ် တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ခုနှစ်ခုကို ဖြန့်ဖြူးသွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်မှာရှိတဲ့ မျိုးစေ့ထုတ်တဲ့ ခြံစိုက်ကွင်းတွေ၊ ကျွန်တော်တို့နဲ့ တွဲဖက်ဆောင်ရွက်နေတဲ့ တောင်သူအဖွဲ့အစည်းတွေ၊ ကျေးရွာတွေမှာရှိတဲ့ မျိုးစေ့ဘဏ်တွေ ကို ဖြန့်ဝေသွားမှာဖြစ်ပါတယ်''ဟု ပြောသည်။ အဆိုပါအိတ်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


AA

#democracytoday

Rate this item
(0 votes)
back to top