HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မန္တလေး ကျောက်စိမ်းဈေးကွက်တွင် တရုတ်ဝယ်လက်များ နည်းပါးနေချိန် ပြည်တွင်းကုန်သည် အချင်းချင်းသာ အရောင်းအဝယ် ပြုလုပ်နေကြရ

မန္တလေး ကျောက်စိမ်းဈေးကွက်တွင် တရုတ်ဝယ်လက်များ နည်းပါးနေချိန်  ပြည်တွင်းကုန်သည် အချင်းချင်းသာ အရောင်းအဝယ် ပြုလုပ်နေကြရ

မန္တလေး၊ အောက်တိုဘာ ၁ဝ

ယခု ရက်ပိုင်းအတွင်း မန္တလေးမြို့၌ မိုး ရွာသွန်းမှုရှိနေသော်လည်း မြို့၏အဓိကကျောက်စိမ်းဈေးကွက်ဖြစ် သော မဟာအောင်မြေကျောက် မျက်ရတနာရောင်းဝယ်ရေးစခန်း၌ တရုတ်ဝယ်လက်များနည်းပါးနေချိန်တွင် ပြည်တွင်း ကျောက်စိမ်း ကုန်သည်အချင်းချင်းသာ အရောင်း အဝယ်ပြုလုပ်နေကြရကြောင်းသိ ရသည်။

ကျောက်စိမ်းလက်ကောက်အတွက် အဓိကကုန်ကြမ်းဖြစ် သော လွှာချပ်များပစ္စည်းရှားပါးနေ ၍ ဖြတ်ခုံ၊ ဖောက်ခုံနှင့် သွေးခုံလုပ်ငန်းတို့တွင် အပ်ထည်ရရှိမှုနည်းပါးသဖြင့် အလုပ်သမားများအတွက် နေ့စဉ်အလုပ်မပေးနိုင်ကြကြောင်း၊ ဒေသခံကျောက်စိမ်းကုန်သည်တချို့မှာ ခါးအောက်ပိုင်းကျောက်များကို ရွှေလီနှင့်ကြယ်ဂေါင်ဒေသအထိ သွားရောက်ကာ ရောင်းချမှုရှိ သော်လည်း မှန်းထားသကဲ့သို့ အကျိုးအမြတ်ရရှိမှုမရှိဘဲ ပြန်လာကြ ရသည်။

 

အရည်လှကျောက်များ ပိုမိုအဝယ်လိုက်ကြပြီး အောက်ပိုင်း ကျောက်များကို တစ်နိုင်တစ်ပိုင်ရင်း နှီးဝယ်ယူကာ လက်ကောက်ပြုလုပ် ရောင်းချသည့် ဒေသခံဝယ်ရောင်း သမားများနှင့် ပွဲစားများမှာ ဈေး ကွက်အနေအထားကို စောင့်ကြည့် ၍ အနာလွတ်အသားကောင်း ကျောက်စိမ်းလက်ကောက်တစ်ကွင်းလျှင် ကျပ်သိန်းပိုင်းအထိဝယ် ယူမှုရှိနေသည်။

SKA

 #democracytoday

Rate this item
(0 votes)
back to top