HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အိမ်ကို လေလံပစ် အမွေခွဲဝေယူရန် ဦးအောင်ဆန်းဦး တောင်းဆို

ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အိမ်ကို လေလံပစ် အမွေခွဲဝေယူရန် ဦးအောင်ဆန်းဦး တောင်းဆို

နေပြည်တော်၊ အောက်တိုဘာ ၁၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နှင့်ပတ်သက်၍ ၎င်း၏ အစ်ကိုဖြစ်သူဦးအောင်ဆန်းဦးက ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၏ ဒီကရီချမှတ်မှုအပေါ် တွင် ကျေနပ်မှုမရှိသောကြောင့် နေပြည်တော်ပြည်ထောင်စုတရား လွှတ်တော်သို့ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် တရားမအထူး အယူခံဝင်ခွင့်လာရောက်လျှောက်လဲချက်တင်သွင်းခဲ့ပြီး လေလံပစ် ၍ နှစ်ဦးခွဲဝေယူရန်တောင်းဆိုခဲ့ ကြောင်း သိရသည်။

ယင်းသို့ လာရောက်ရခြင်း နှင့်ပတ်သက်၍ တရားမအထူးအယူခံဝင်ခွင့်လျှောက်ထားလိုသူဦး အောင်ဆန်းဦးက ယခုကဲ့သို့ပြောသည်။ ''ကျွန်တော်တို့လာတင်တာ ပေါ့။ အခုကတော့ ဖိုင်နယ်အဆင့် ပေါ့။ ဆုံးဖြတ်ဖို့ကတော့ နောက်နှစ်လ၊ သုံးလလောက်ကြာဦးမယ်ထင်တယ်။ ဒီရဲ့ရလဒ်ကိုတော့ ကျွန် တော်တို့ကတော့ မှန်ကန်တဲ့ဥပဒေအတိုင်း ဆုံးဖြတ်မယ်ဆိုရင်တော့ တစ်ယောက်တစ်ဝက်ပေါ့။ အရင်ကတည်းက ဆုံးဖြတ်ပြီးသား နှစ်ပါးထိုင်ဆုံးဖြတ်ပြီးသား။ ဒါပေမဲ့ မီဒီယာလည်း သိလာတာကောင်းပါတယ်။ ကျွန်တော်နောက်ပိုင်းဒီ အမှုနဲ့ဆိုပြီးတော့ အောင်မြင်မယ်ဆိုတဲ့ အခါကျတော့လည်း ကျွန် တော်ပြောပါတယ်။ စီရင်မှုနဲ့ပတ်သက်ပြီး မှန်ကန်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်ဘာမှပြောစရာမရှိပါဘူး။ အချို့ပြောရရင် ပစ္စည်းကိုဒီ အတိုင်းခွဲလို့ကတော့ မပြေဘူးလေ။ အိမ်ပါတာ၊ မပါတာ အဲဒါတွေမလို ချင်ဘူး။ ကျွန်တော်တို့က လေလံပစ်ပြီးတော့ရတဲ့တန်ဖိုးကို တစ် ယောက်တစ်ဝက်ခွဲပေးဖို့တောင်းဆိုတာပါ။ ဒါအရှင်းဆုံးပါပဲ။ အဲဒါလည်း ဘာမှ မတရားတောင်းဆိုတာမှ မဟုတ်ဘဲရှင်းရှင်းလင်းလင်းပဲ။ ဘယ်သူကဘယ်အခြမ်းပါ တယ်ဆိုတာမျိုးဘာမှမဆိုင်တော့ ဘူး။ လေလံပစ်ပြီးတော့ တန်ဖိုးကိုပဲ အခွန်တွေ ဘာတွေပေးပြီး တစ်ယောက်တစ်ဝက်ယူရင်ပြီး ရောပဲ''ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

 

ဦးအောင်ဆန်းဦး၏ တရားလွှတ်တော်ရှေ့နေဦးမိုဟိန်းကျော်ကလည်း ''ယင်းအမှုနှင့်ပတ်သက်၍ အခုဒီနေ့တက်လာတာ အထူးအယူခံဝင်ရောက်ခွင့်ပြုဖို့တက်လာတာ။ အဲဒါကြောင့်မို့လို့ တရား ရုံးတော်ကမဆုံးဖြတ်သေးတဲ့ကိစ္စ တွေကို ကျွန်တော်တို့ပြောလို့မရဘူး။ အထူးအယူခံဝင်ရောက်ခွင့်ဆိုတာတရားမအထွေထွေလျှောက်တာအထူး၊ အထူးအယူခံဝင်ရောက်ခွင့် အဲ့ဒီအတွက်ကျွန်တော်တို့ လျှောက်လဲချက်ပေးတာ။ ဒါတွေကိုကျွန်တော်တို့ကြိုပြောလို့စကား ဦးသန်းလို့မရဘူး။ ရုံးတော်ကဆုံး ဖြတ်မှာဖြစ်ပါတယ်။ တရားရေးဝန် ကြီးတွေဆုံးဖြတ်မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းကချတဲ့ ဒီကရီကတော့ ကျွန်တော်တို့နှစ်ပုံတစ်ပုံခွဲတယ်။ ပဏာမဒီကရီအတိုင်းပေါ့ဗျာ။ ဒါ ပေမဲ့ခွဲပြီးတဲ့အတိုင်းကတော့ ကျွန် တော်တို့ဘက်အခြမ်းကတော့ အ ဆောက်အအုံတွေက ပြိုပျက်နေတယ်။ တစ်ထပ်တိုက်ဆိုပေမယ့် မပါဘူး။ မြေတစ်ဝက်ကိုဟိုဘက် အခြမ်းကျတော့ နှစ်ထပ်အိမ်မကြီး ကိုပါထားတဲ့အတွက်ကျတော့ အဓိကအဲဒီအတွက်တက်လာတာ ကျွန်တော်တို့နောက်အဓိကကျွန် တော်တို့ လေလံပစ်ပေးပါ။ လေလံနဲ့တရားမျှတစွာခွဲပေးပါ။ အဲဒီ တစ်ချက်လည်းပါပါတယ်။

 

ဥပဒေ မှာတော့ ဥပဒေရဲ့အထက်မှာဘယ် သူမှမရှိရဘူးဆိုတာ လူတိုင်းလည်း ကြားနေတာပဲ။ ဒီအစ်မကြီးလည်း ဒီလိုလည်းလုပ်မှာမဟုတ်ပါဘူး။ တွေးကြည့်တာပေါ့။ စဉ်းစားကြည့် တာဥပဒေကလက်ရှိအစိုးရလက်ထက်မှာ တရားမျှတနေတာပဲ။ တော်တော်များများလည်း မြင်တွေ့ နေရတာပဲအဲဒါကြောင့်ဥပဒေအ တိုင်းဖြစ်ရမှာပါ။ ကျွန်တော်လည်း ဥပဒေအတိုင်းပဲတင်တာဖြစ်ပါတယ်။ အဓိကအချက်အခုတင်ရ တာက ပထမအချက်ခွဲပေးတဲ့အခါ မှာ ကျွန်တော်တို့ရတဲ့ဘက်ကို အိမ်ကတစ်ခြမ်းဟောင်းနေတယ်။ တစ်ဖက်အိမ်မကြီးဖြစ်နေတယ်။ ဒါကိုမကျေနပ်တာတစ်ချက်၊ နောက်တစ်ချက်က ပဏာမဒီကရီကတရား ရုံးအဆင့်ဆင့်မှာပါတဲ့ ဦးခင်မောင် အေးဆိုတာ ဒီနှစ်သြဂုတ် ၂၁ ရက်က ကွယ်လွန်သွားပြီ၊ သူကဒီကအစ် ကိုကြီးတို့နဲ့ညီအစ်ကိုမောင်နှမ တော်တယ်။ ဒေါ်ခင်ကြည်နဲ့တူ တော်တယ်။ အဲဒါကိုသူ့အမေကြီးကပေးခဲ့တယ်ဆိုပြီးတော့ပြောတယ်။ တကယ်တမ်းကျတော့ မူလရုံးအဆင့်ဆင့်မှာသူမပါဘူး။ စပြီးတရားစွဲကတည်းကလည်းမပါဘူး။ သူကကြားခံအနေနဲ့လည်းမပါဘူး။ ဝင်ပြီးတော့လည်းမကန့်ကွက်ခဲ့ဘူး။ အဲဒါပဏာမဒီကရီမှာ လည်းသူမပါဘူး။ တရားရုံးအဆင့်ဆင့်မှာလည်းသူမပါဘူး။ အခုရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးအပြီး သတ်ဒီကရီကျမှ သူနာမည်ထည့် ပြီးတော့ ၁ဝဝ ပေ၊ ၇ဝ ပေအစိတ်အပိုင်းကိုချန်ပေးပါတဲ့၊ တရားရုံးက ဒါကြောင့်မို့လို့ ကျွန်တော်တို့ကျန် တာကိုတစ်ဝက်စီခွဲတယ်ဆိုတော့ ကျွန်တော်တို့ အဲဒါကိုမကျန်ချင်ဘူး။ အဲဒါကြောင့်လည်း ကျွန်တော်တို့ တက်တာပါ။ အဲဒီ ပေ ၁ဝဝ၊ ပေ ၇ဝ အစိတ်အပိုင်းမှန်တယ်ဆိုရင် ဦးခင်မောင်အေးဆိုသူက ကျွန်တော် တို့ကိုတရားစွဲ၊ တရားရုံးကဆုံးဖြတ်လိမ့်မယ်။ အခုအဲလိုလည်းမစွဲဘဲနဲ့ အပြီးသတ်ဒီကရီကျမှ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှာ ပြောတာသူ့နာမည်ပါလာတယ်။ အဲဒီလိုဖြစ်တဲ့အတွက် ကျွန်တော် တို့ဘက်က မကျေနပ်လို့ အခုလို တက်လာရတာသဘောပြောရရင် တော့ အဲဒီအချက်ကမပါသင့်ဘူး ပေါ့ဗျာ''ဟု သတင်းထောက်များအားပြောကြားခဲ့သည်။


ယင်းခြံဝင်းမှာ ဗိုလ်ချုပ် အောင်ဆန်း၏ဇနီး သီရိသုဓမ္မ သိင်္ဂီဒေါ်ခင်ကြည်အမည်ပေါက်ပိုင်ဆိုင်အိမ်ခြံဝင်းဖြစ်ပြီး လက်ရှိတွင် မိဘပိုင်နေအိမ်ခြံဝင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့်ဦး အောင်ဆန်းဦးတို့ အမွေဆိုင်ရာ ခွဲဝေရာခွဲဝေမှု တရားရင်ဆိုင်မှုများရှိနေခြင်းတွင် ဦးအောင်ဆန်းဦးဘက်မှ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး၏ ဒီကရီချမှတ်မှုအ ပေါ်တွင် ကျေနပ်မှုမရှိသောကြောင့် ဦးအောင်ဆန်းဦးနှင့် ၎င်း၏အကျိုး ဆောင်ရှေ့နေတို့ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်သို့ တရားမအထူးအယူခံဝင်ခွင့်လာရောက်လျှောက်လဲချက်တင်သွင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

MP

#democracytoday

Rate this item
(0 votes)
back to top