HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တရုတ်အဝယ် မရှိဘဲ ရန်ကုန်ဈေးကွက်သာရှိ၍ အိတ်စ်ပို့ ၂၅ မတ်ဆန် ဈေးထိုးဆင်း စပါးဈေးပါ ဆက်စပ် ကျဆင်းပါက တောင်သူများ အခက်ကြုံနိုင် ဟုဆို

တရုတ်အဝယ် မရှိဘဲ ရန်ကုန်ဈေးကွက်သာရှိ၍  အိတ်စ်ပို့ ၂၅ မတ်ဆန် ဈေးထိုးဆင်း  စပါးဈေးပါ ဆက်စပ် ကျဆင်းပါက တောင်သူများ အခက်ကြုံနိုင် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၅

တရုတ်ဘက်မှအဝယ်မရှိဘဲ ရန်ကုန်ဈေး ကွက်သာရှိသောကြောင့် အိတ်စ်ပို့ ၂၅ မတ်ဆန်ဈေး ဆက်တိုက်ကျ ဆင်းနေကြောင်း ဆန်ဈေးကွက်မှ သိရသည်။

စပါးသစ်ပေါ်ချိန် အောက်တိုဘာလအစပိုင်းက အကျိုးအကြေ ပါဝင်မှု ၂၅ ရာခိုင်နှုန်းဖြစ်သော ၂၅ မတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၂၅ဝဝ မှ ၂၂ဝဝဝ အထိရှိခဲ့ရာမှ အောက်တိုဘာ ၂၉ ရက်တွင် တစ်အိတ်လျှင် ကျပ် ၁၉၅ဝဝ/၁၉၃ဝဝထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာ ၅ ရက်တွင်မူ တစ်အိတ်လျှင် ကျပ် ၁၈၅ဝဝ အထိ ကျဆင်းလာနေ ခြင်းဖြစ်ကြောင်း ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက နိုဝင်ဘာ ၅ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။

 

''ခုဆန်ဈေးက ဆက်တိုက်ကိုကျနေတာ။ ဆန်ကတရုတ်ကိုမသွားရင် ရန်ကုန်ဈေးကွက်တစ်ခုပဲရှိတယ်။ ဘာကြောင့် တရုတ်ကမဝယ် တာလဲဆိုတာတော့မသိဘူး။ Export ဝယ်တဲ့သူကလည်း တစ်ဦးနှစ်ဦးပဲ ရှိတယ်ဆိုတော့ ဝယ်သူ့အကြိုက်ဈေးဖြစ်နေတာပေါ့လေ။ ရောင်းတဲ့သူကများပြီး ဝယ်သူနည်းတဲ့အခြေအနေဖြစ်နေတယ်''ဟု ၎င်းက ပြောသည်။


ယခုကဲ့သို့ ဆန်ဈေးကျဆင်းနေခြင်းကြောင့် တောင်သူလယ်သမားများအတွက် နစ်နာမှုရှိနိုင်ပြီး လက်ရှိတွင် စပါးတင်းတစ်ရာ ကျပ်ငါးသိန်းဝန်းကျင်ခန့်တွင်ရှိနေသော်လည်း ဆန်ဈေးယခုထက်ဆက်ကျပါက စပါးဈေးလည်းကျပ်ငါးသိန်းအောက်သို့ရောက်ရှိသွားနိုင်ကြောင်း ဆန်လုပ်ငန်းရှင်အချို့က သုံးသပ်သည်။


ယခုအခါ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း၊ အနောက်ခြမ်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ပြည်ပပို့ဆန် (ဆန်ကြမ်း) အမျိုးအစားစပါးများ စတင်ထွက်နေပြီဖြစ်ပြီး နိုဝင်ဘာလလယ်တွင် နယ်စုံမှ စပါးများပေါ်လာမည်ဖြစ်ကြောင်းသိရသည်။ နယ်စုံမှစပါးများမထွက်ပေါ်သေးသည့်ကာလတွင်ပင် စပါးဈေးမှာ ကျပ်ခြောက်သိန်းကျော်မှ ကျပ် ငါးသိန်းဝန်းကျင်ခန့်သို့ ဈေးကျ နေကာ နယ်စုံမှစပါးများထွက်လာပါက နိုင်ငံတော်က သတ်မှတ်ထား သော စပါးကြမ်းခင်းပေါက်ဈေး ကျပ်ငါးသိန်းအောက်သို့ကျသွားနိုင်ပြီး ဆန်နှင့်စပါးဆက်စပ်နေခြင်းကြောင့် အိတ်စ်ပို့ဆန်ဈေးများ ဆက်တိုက်ကျဆင်းနိုင်ဖွယ်ရှိကြောင်း ''အေးသုခ'' ဆန်ပွဲရုံပိုင်ရှင် ဦးအေးလွင်က ပြောသည်။


''တရုတ်က မြန်မာ့ဆန်ကိုမဝယ်ဘဲ အိန္ဒိယက ဆန်ကိုဝယ်နေ တယ်လို့တော့ကြားတာပဲ။ ခုကမ္ဘာ့ဆန်ဈေးလည်းကျနေတယ်။ နယ်စုံ စပါးကလည်း မပေါ်သေးဘူး။ တကယ်လို့နယ်စုံက စပါးတွေပေါ် လာရင် ထပ်ကျမယ့်အလားအလာလို့ပြောလို့ရတယ်''ဟု ¤င်းက ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မှ ဆန်ဝယ်ယူမှုမရှိသည့်အပြင်ပင် လယ်ရေကြောင်းမှ ဆန်တင်ပို့မှုမှာ လည်းနည်းနေခြင်းကြောင့် ပြည်တွင်း၌သာ ဆန်များလည်ပတ်နေရ ကြောင်း သိရသည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top