HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မုံရွာ မြို့တော်ခန်းမကို ပြည်သူများ အသုံးပြုရန် ငှားရမ်းခဲ့ပြီး တစ်နှစ်အကြာတွင် ငွေကျပ် သိန်း ၁၇ဝ ကျော် ရန်ပုံငွေ ရရှိခဲ့

မုံရွာ မြို့တော်ခန်းမကို ပြည်သူများ အသုံးပြုရန် ငှားရမ်းခဲ့ပြီး  တစ်နှစ်အကြာတွင် ငွေကျပ် သိန်း ၁၇ဝ ကျော် ရန်ပုံငွေ ရရှိခဲ့

မုံရွာ၊ နိုဝင်ဘာ ၅

စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ ဗိုလ်ချုပ် လမ်းဘေးရှိ မြို့တော်ခန်းမအား အများပြည်သူသို့ ငှားရမ်းအသုံးပြု ခွင့်ပေးပြီးနောက်တစ်နှစ်အကြာ တွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ရန်ပုံငွေကျပ်သိန်း ၁၇ဝ ကျော်ရရှိခဲ့ကြောင်း သိရသည်။ 

မုံရွာမြို့တော်ခန်းမကို ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းတွင် အများပြည် သူငှားရမ်းအသုံးပြုခွင့်မရရှိခဲ့သော် လည်း ၂ဝ၁၇ ခုနှစ် စက်တင်ဘာ လတွင် တိုင်းဒေသကြီးအစိုးရရန် ပုံငွေဖြင့် ကျပ်သိန်းပေါင်း ၁၅ဝဝ ကျော်အကုန်ကျခံကာ အကြီးစားပြင် ဆင်မှုများပြုလုပ်ပြီးနောက် ပြည် သူများအား ပြန်လည်ငှားရမ်းအသုံး ပြုခွင့်ပေးခဲ့ခြင်းဖြစ်သည်။

 

''အရင်ကတော့ ဌာနဆိုင်ရာတွေမှာ သီးသန့်ခန်းမမရှိလို့ မြို့ တော်ခန်းမပဲ သုံးနေရတာ။ အဲဒါ ကြောင့် ပြည်သူကိုမငှားနိုင်တာ။ ဌာနပွဲနဲ့ရက်တိုက်ရင် ရွှေ့ပေးရတာကြောင့် ပြည်သူကလည်း မငှားချင်ကြတော့ဘူး။ အခုအငှားရ အများဆုံးက မင်္ဂလာဆောင်တွေပါ။ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအထိကို ကြိုတင်စာရင်းပေးငှားထား တာတွေရှိတယ်''ဟု မြို့နယ်စည် ပင်သာယာရေးကော်မတီဝင်တစ်ဦးက ပြောသည်


အဆိုပါခန်းမအသုံးပြုခွင့်အတွက် ဌာနဆိုင်ရာပွဲများအား နာရီအလိုက် တစ်ကြိမ်လျှင်ကျပ်နှစ် သိန်းခွဲ၊ မင်္ဂလာဆောင်များအတွက် နံနက်ပိုင်းကျပ်လေးသိန်း၊ ညနေပိုင်းကျပ်သုံးသိန်းဖြင့် ငှားရမ်းပေး နေပြီး ခန်းမအောက်ထပ်တွင် လူ ၅ဝဝ ကျော်ဆံ့ကာ သီးသန့်ဧည့်ခန်းလည်းရှိသည်။

KTS

#democracytoday

 

Rate this item
(0 votes)
back to top