HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ကျပ်သိန်း ငါးထောင်ထီပေါက်သော်လည်း ထီလက်မှတ် စုတ်ပြဲသွားသဖြင့် ထုတ်ယူ မရဆိုသည့်သတင်း မမှန်ကန်

ကျပ်သိန်း ငါးထောင်ထီပေါက်သော်လည်း ထီလက်မှတ် စုတ်ပြဲသွားသဖြင့် ထုတ်ယူ မရဆိုသည့်သတင်း မမှန်ကန်

ကျပ်သိန်းငါးထောင်ဆုနှစ်ဆုစလုံး လာရောက် ထုတ်ယူပြီးဖြစ်ဟု မိုးယံထီဆိုင်ဆို၊ ထီကံစမ်းသူများ သူ့လိုမကြုံတွေ့စေရန် လူမှုကွန်ရက် တင်ရခြင်းဟု ထီလက်မှတ် အစုတ်ပိုင်ရှင်ပြော  

ရန်ကုန်၊ နိုဝင်ဘာ ၆

ကျပ်သိန်း ငါးထောင်ထီပေါက်သော်လည်းထီလက်မှတ်စုတ်ပြဲသွားသဖြင့် ထုတ်ယူမရဟု လူမှုကွန်ရက်၌ပျံ့ နှံ့နေသည့်သတင်း မှန်ကန်ခြင်း မရှိဘဲ၊ ကျပ်သိန်းငါးထောင်ဆု နှစ်ဆုစလုံး လာရောက်ထုတ်ယူ ပြီးဖြစ်ကြောင်း မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှသိရ သည်။


နိုဝင်ဘာ ၁ ရက်တွင် ဖွင့် လှစ်ခဲ့သည် အကြိမ် (၂ဝ)မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ သိန်းဆုထီဖွင့်ပွဲ၏ ဒုတိယအမြင့် ဆုံး ကျပ်သိန်းငါးထောင်ဆုနှစ် ဆုအနက်တစ်ခုဖြစ်သည့် ကဌ-၁၇၉၉၅၆ နံပါတ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သပြုကျေးရွာတွင် နေထိုင်သူ မမြင့်မြင့်နွယ်မှရရှိ ခဲ့ပြီး၊ အရောင်းကိုယ်စားလှယ်မှာ ရွှေပြည်သာမြို့နယ်၊ မိုးယံရွှေလ မင်းနှင့်မြတ်ဆုကုဋေ ပင်ရင်းထီ ဆိုင်ပိုင်ရှင် မစုလဲ့အောင်ဖြစ် ကြောင်း သိရသည်။ မိုးယံရွှေလမင်းနှင့်မြတ်ဆု ကုဋေထီဆိုင်(ရုံးချုပ်)မန်နေဂျာ မစုမွန်က ''ကဌ-၁၇၉၉၅၆ နံ ပါတ်နဲ့ ကံထူးရှင်က ဒီနေ့ အောင် ဘာလေထီရုံးမှာ ဆုငွေကိုထုတ် ယူနေပါပြီ။ သူတို့ကိုယ်တိုင်လာ ထုတ်နေပါတယ်။ ဒီထိုးထားတဲ့ အစောင်၂ဝ ထဲက ကျပ်သိန်းငါး ထောင်ထီဆုက ထွက်လာတာပါ။


စုတ်ပြဲသွားတယ်ဆိုတဲ့ ထီလက် မှတ်ပိုင်ရှင်ကို အစ်မတို့ဆက် သွယ်တော့ ဖုန်းစက်ပိတ်ထား တယ်။ အွန်လိုင်းပေါ်မှာတင်ထား တဲ့နံပါတ်ကို ဆက်သွယ်ပေမယ့် ဖုန်းစက်ပိတ်ထားတယ်။ ကျပ် သိန်းငါးထောင်ဆုနှစ်ဆုစလုံးကို ထုတ်ယူပြီးပါပြီ။ ကဃ-၇၃၇၂၁၁ ထီကိုယ်စားလှယ်က ဂန့်ဂေါကပါ''ဟု နိုဝင်ဘာလ ၆ ရက်က ဒီမို ကရေစီတူဒေးသို့ပြောသည်။ မမြင့်မြင့်နွယ်သည် သပြု ကျေးရွာတွင် လာရောက်ရောင်း ချသည့် မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေထီကားတွင် နောက်ဆုံး ကျန်ရှိသော အစောင်၂ဝ ပါဝင် သောတစ်ပူးကို အကြွေးထိုးခဲ့ရာမှာ ကျပ်သိန်းငါး ထောင်ဆုကိုရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မမြင့်မြင့်နွယ်က''သပြုတော ရွာကို ရန်ကုန်မြို့က ကိုယ်စား လှယ်တွေ လာလာပြီးရောင်းတယ်။ တစ်လဆိုင်းနဲ့ရောင်းတယ်။ ၂၇ ရက်နေ့မှာ ငွေလာစုတယ်။ အစ်မ တို့က အမြဲတမ်းမထိုးနိုင်ဘူး။ ဒီလမှာ အစောင် ၂ဝ တွဲတစ်ပူး တွဲကျန်လို့ထိုးပါဆိုလို့ အြေ<ွကး ထိုးလိုက်တာ။ ၂၇ ရက်နေ့မှာ ငွေလာယူတာတောင်မှ ချေးပြီး ဆပ်လိုက်တာ။ ထီထွက်ရက်မှာ ဖုန်းကနေထီတိုက်တော့ ကျပ် သိန်းငါးထောင်ဆုပေါက်နေတယ်။ ထီရောင်းသမားကလည်း လာမ ပြောတော့ ပေါက်လား၊ မပေါက် လား မသေချာဘူးဖြစ်နေတာ။ လာမပြောဘူးဆိုတာကလည်း အစ်မတို့ဖုန်းကကွဲသွားတော့ သူ လည်းဆက်သွယ်မရဘူးဖြစ်နေ တာ။ နောက်နေ့မှာ အစ်မယော က်ျားက မိုးယံအကောင့်ထဲဝင်ပြီး ဆက်သွယ်လိုက်တာမှာ ထီ တကယ်ပေါက်နေတာပါ။ ၄ ရက်နေ့မှာ မန်နေဂျာရော ဝန် ထမ်းတွေရောရောက်လာပြီး သူ တို့အားလုံး တာဝန်ယူလုပ်ပေး ပါတယ်''ဟုပြောသည်။


သို့သော် စုတ်ပြဲသွားသည့် ထီလက်မှတ်ပိုင်ရှင် ဦးကိုကိုလေး သည် ဝ၉-၆၉၁၉၃ဝ၁၇၂ ဖုန်းနံပါတ် ဖြင့် ကျပ်သိန်းငါးထောင်ဆု ထီ ပေါက်ကြောင်း အကြောင်းကြား လာသဖြင့် ယင်းထီလက်မှတ်ကို ရှာဖွေရာတွင် စုတ်ပြဲနေသည် ကို တွေ့ရှိရကြောင်း၊ ¤င်းကဲ့သို့ ထီ ပေါက်သော်လည်း ထီလက်မှတ် ပျက်စီးနေသည့်အဖြစ်မျိုး မဖြစ် ရအောင် သင်ခန်းစာယူတတ် စေရန်အတွက် သဘောရိုးဖြင့် လူမှုကွန်ရက်စာမျက်နှာသို့ မယား ညီအစ်ကိုဖြစ်သူ ကိုလှဝင်းက စုတ် ပြဲထီလက်မှတ်အပိုင်းအစနှင့်အတူဖြစ်စဉ်ကို တင်ပေးခဲ့ခြင်းဖြစ် ကြောင်း ဒီမိုကရေစီတူဒေး၏ဆက်သွယ်မေးမြန်မှုကို ပြန်လည် ဖြေကြားခဲ့သည်။


ယင်းနှင့်ပတ်သက်၍နေပြည် တော်၊ တပ်ကုန်းမြို့နယ်၊ ထန်းတပင်ကျေးရွာတွင်နေထိုင်သူဦး ကိုကိုလေးက''နိုဝင်ဘာလ ၂ ရက် နေ့ ညနေခင်း ၅ နာရီလောက်မှာ ဖုန်းတစ်ကြိမ်ဝင်လာပြီး၊ ဦးကို ကိုလေးဖုန်းဟုတ်သလား။ စိတ်ခိုင်ခိုင်ထားပါ။ နိုင်ငံတော်ထီဒုတိယအထူးဆုကြီး ကျပ်သိန်းငါး ထောင်ဆုပေါက်ပါတယ်လို့ ဆက်သွယ်လာတယ်။ အဲဒီအခါမှာ ထိုးထားတဲ့ထီတွေကိုလိုက်ရှာဖြစ်တယ်။ အောက်တိုဘာလမှာက မိုးယံထီတစ်စောင်တွဲ၊ နှစ်စောင်တွဲနဲ့ သုံးစောင်တွဲသုံးတွဲထိုးခဲ့တယ်။ အဲဒီညမှာ တစ်စောင်တွဲနဲ့သုံးစောင် တွဲကတွေ့တယ်။ နှစ်စောင်တွဲက မတွေ့ဘူး။ တပ်ကုန်းကနေပြန်လာတဲ့အချိန်မှာ အမျိုးသမီးရဲ့ အဖေကို အပ်ထားခဲ့တာ။ အဖေက ဇနီးဖြစ်တဲ့အမေကို ပြန်ပေးခဲ့တယ်။ အမေကလည်း သူ့မပေးဘူး။ ငါ့မပေးဘူးနဲ့ အငြင်းပွားကြတယ်။ သုံးရက်နေ့ နံနက်ခင်းမှာ အဲဒီနေ့ဖုန်းက ပြန်ဆက်တယ်။ဦးကိုကိုလေး ထီဆိုင်ကို ငါးရက် အတွင်း အဆက်အသွယ်လုပ်ပါ။ အဲဒီတုန်းက ထီဖြတ်ပိုင်းရှာမတွေ့ ဘူးလို့ မပြောသေးဘူး။

 

အဲဒီတုန်းက ထီထိုးတဲ့သူခရီးလွန်နေလို့ပါလို့ ပြောထားတာ။ သုံးရက်နေ့ ညနေပိုင်းမှာ ပေါက်တဲ့ထီလက်မှတ်နဲ့တွဲလျက်ရှိတဲ့တစ်စောင်က အပဲ့ လေးတစ်ပဲ့ တွေ့လိုက်တယ်။ ၄ ရက်နေ့ နံနက်ခင်းမှာ အိပ်မက်ပေးတဲ့အတိုင်း ရှာတွေ့တဲ့အခါ ထီမှာ ဂဏန်းတွေက မပါတော့ဘူး။ လုံးလုံးဆုံးရှုံးပြီဆိုပြီး ကျွန်တော်ရော မဌေးဝင်းရော ငိုမိတယ်။ ကိုလှဝင်းက ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်လိုက်တယ်။ ကျွန်တော်ရဲ့ မယားညီအစ်ကိုဖြစ်တဲ့ ကိုလှဝင်းက လိုင်းပေါ်တင်လိုက်တဲ့ရည်ရွယ်ချက်က ဒီဆုကြီးကို နိုင်ငံတော်ကနေ အသနားခံတဲ့သဘောမျိုး မဟုတ်ပါဘူး။ ကျွန်တော်ကဲ့သို့ ထီထိုးသူများမဖြစ်ရအောင်ဆိုတဲ့သဘောမျိုးနဲ့တင်တာပါ။ ကိုလှဝင်းက အများပြည်သူတွေသိရှိ အောင် ဥစ္စာဓနရွှေငွေရတနာကဲ့သို့ ထိုးထားတဲ့ထီလက်မှတ်ဟာ ကံအားလျော်စွာ ဆုကြီးတွေပေါက် ခဲ့လို့ရှိရင် ကျွန်တော့်လိုမျိုးမဖြစ် အောင်ဆိုတဲ့ သဘောမျိုးနဲ့လိုင်း ပေါ်တင်ခြင်းဖြစ်ပါတယ်''ဟု ပြော သည်။

TEEP

#democracytoday

Rate this item
(0 votes)
back to top