HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အောက်တိုဘာ လကုန်အထိ ဟိုတယ် အလုံးရေ တစ်ထောင်ကျော်နှင့် အခန်းပေါင်းခြောက်သောင်းကျော် လုပ်ငန်းလိုင်စင် ခွင့်ပြုပေးထားဟု ဟိုတယ်ခရီး ထုတ်ပြန်

အောက်တိုဘာ လကုန်အထိ ဟိုတယ် အလုံးရေ တစ်ထောင်ကျော်နှင့် အခန်းပေါင်းခြောက်သောင်းကျော် လုပ်ငန်းလိုင်စင် ခွင့်ပြုပေးထားဟု ဟိုတယ်ခရီး ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၆

ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်အတွက် အောက်တိုဘာလကုန်အထိ ဟိုတယ်အလုံးရေတစ်ထောင် ကျော်နှင့် အခန်းပေါင်းခြောက် သောင်းကျော်အတွက် လုပ်ငန်းလိုင်စင်များခွင့်ပြုပေးထားပြီးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှသိရသည်။

အဆိုပါခွင့်ပြုပေးထားသည့် ဟိုတယ်၊ အခန်းများတွင်နေပြည် တော်မှ ဟိုတယ်အလုံးရေ ၆၅ လုံး၊ အခန်းပေါင်း ၅၅၆၁ ခန်း၊ ရန်ကုန်မြို့မှ ဟိုတယ်အလုံးရေ ၄ဝ၄ လုံး၊ အခန်းပေါင်း၂၁၁၄၇ ခန်း၊ မန္တလေးမြို့မှဟိုတယ်အလုံး ရေ ၂၁၉ လုံးအခန်းပေါင်း ၉ဝ၇၃ ခန်း၊ ပုဂံ/ညောင်ဦးမှ ဟိုတယ် အလုံးရေ ၈၅ လုံး၊ အခန်းပေါင်း ၃ဝ၁၉ ခန်းနှင့် တောင်ကြီး/အင်း လေးမှ ဟိုတယ်အလုံးရေ ၁၄၅ လုံး၊ အခန်းပေါင်း ၄၆ဝ၆ ခန်း စသည်တို့ပါဝင်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ သိရသည်။

 

ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှုဦးစီးဌာန၊ လိုင်စင်ဌာနမှ တာဝန်ရှိသူတစ်ဦးက''ဒေသမှာ လိုအပ်တဲ့ အခန်းပမာဏထက် over capacity မဖြစ်အောင်၊ လုပ်ငန်းရှင်တွေလည်းထိခိုက်မှုမရှိအောင် သက်ဆိုင်ရာဒေသအာ ဏာပိုင်တွေနဲ့ စိစစ်ဆောင်ရွက်ပြီး ခွင့်ပြုပေးနေတာပါ။ ဒါကလည်း ရေရှည်မှာ ထိန်းသိမ်းမှုတွေလုပ် ဆောင်နိုင်ဖို့အတွက်ဥပဒေနဲ့အ ညီ စီမံခန့်ခွဲမှုတွေလုပ်တာဖြစ်ပါ တယ်''ဟု နိုဝင်ဘာ ၆ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။


ယင်းအပြင် အောက်တိုဘာ လကုန်အထိ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ၂၇၁၂ ခု၊ ပို့ ဆောင်ရေးလုပ်ငန်းလိုင်စင်၂၅၅၂ ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင် စင် ၄၄ဝ၇ ခုနှင့် ဒေသဆိုင်ရာ ဧည့် လမ်းညွှန် လိုင်စင် ၃၈၁၁ ခုကိုလည်း ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။ ၎င်းက''သက်ဆိုင်ရာဒေသ အာဏာပိုင်အစိုးရတွေနဲ့ညှိနှိုင်း ပြီး ဒေသရဲ့ဟိုတယ်၊ အခန်းလို အပ်ချက်၊ ဧည့်သည်ဝင်ရောက်လာမှုကိုကြည့်ပြီး တကယ်ပဲ ဟိုတယ် တည်ဆောက်ဖို့လိုအပ်နေ ပြီ ဒါမှမဟုတ်တိုင်းပြည်အကျိုးရှိမယ့် အလုပ်အကိုင်အခွင့်အလမ်းများမယ့် Project  အကြီးတွေ အတွက် ဟိုတယ်တည်ဆောက်ဖို့ လိုတယ်ဆိုရင်တော့ ညှိနှိုင်းပြီး တည်ဆောက်ခွင့် ပေးနေပါတယ်''ဟုပြောသည်။ 

TEEP

#democracytoday

Rate this item
(0 votes)
back to top