HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မဏိပူရ်ပြည်နယ်တွင် မယ်တော်ပွဲနှင့် ဒီပါဝလီ ပွဲတော်များကြောင့် မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေးနှင့် တမူးဈေးတို့၌ ယခင်နှစ်များထက် အရောင်းအဝယ်ကောင်းနေ

မဏိပူရ်ပြည်နယ်တွင် မယ်တော်ပွဲနှင့် ဒီပါဝလီ ပွဲတော်များကြောင့် မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေးနှင့် တမူးဈေးတို့၌ ယခင်နှစ်များထက် အရောင်းအဝယ်ကောင်းနေ

တမူး၊ နိုဝင်ဘာ ၆

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၌ အိန္ဒိယနိုင်ငံသားများ၏ ပွဲတော်ရက်များနှင့် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီပွဲ တော်မကြာမီရောက်တော့မည် ဖြစ်သည့်အတွက် မြန်မာ-အိန္ဒိယနယ် စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူး မြို့ရှိ နန်းဖာလုံဈေးနှင့် တမူးမြို့ဈေးတို့တွင်ယခင်နှစ်များထက် အ ရောင်းအဝယ်ကောင်းမွန်နေ ကြောင်းသိရသည်။

ယခုရက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ရှိ မဏိပူရ်ပြည်နယ်တွင် သီတင်း ကျွတ်မယ်တော်ပွဲ၊ ငါးစားပွဲတော်၊ အုန်းသီးရေမျှောပွဲတော်များ ကြောင့် စားသောက်ကုန်၊ အထည် အလိပ်၊ လျှပ်စစ်ပစ္စည်း၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အုန်း သီး၊ ပန်းသီး၊ လိမ္မော်သီးစသည့် သီးနှံများအများဆုံး ရောင်းချနေရ သည့်အပြင် နိုဝင်ဘာ ၇ ရက်မှစ၍ ကျင်းပမည့် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီပွဲတော်နှင့် ကသည်းလူမျိုး များ၏ ကျကုတ်ပဟုခေါ်သည့် မိသား စုမိတ်ဆုံစားပွဲတော် နီးကပ်လာသော ကြောင့်လည်း ယခင်နှစ်များထက် ဈေးသည်များ အရောင်းအဝယ် ပိုမိုကောင်းမွန်နေခြင်း ဖြစ်သည်။

 

''ဘာသာရေးပွဲကတော့ တမူး မြို့တစ်ဖက်ကမ်း မဏိပူရ်ပြည်နယ် မိုရေးမြို့မှာကျင်းပတာ။ အိန္ဒိယ ပြည်မကနေ ဧည့်အလာများတော့ ကျွန်တော်တို့ နန်းဖာလုံဈေးနဲ့တမူး ဈေးမှာ ဈေးရောင်းကောင်းကြတာ ပေါ့။ ဒါ့အပြင် မြန်မာနိုင်ငံအရပ် ရပ်က ဒေသထွက်ကုန်တွေလည်း လာရောက်ရောင်းချမှု အခုရက်ပိုင်း မှာ များလာပါတယ်။ မနက်ခင်း ဈေးဖွင့်တာနဲ့ညနေခင်း ဈေးပိတ်တဲ့အထိ အထုပ်အပိုးတွေနဲ့ တန်း စီပြီးထွက်နေကြတာပဲ'' ဟုနယ် စပ် နန်းဖာလုံဈေးမှ ဈေးသည်တစ် ဦးက ပြောသည်။


နန်းဖာလုံဈေးမှာ မြန်မာ- အိန္ဒိယနယ်စပ်တစ်လျှောက်ရှိ အ ရောင်းအဝယ်ပြုလုပ်ရာ ဈေးများ အနက် အကြီးဆုံးဈေးဖြစ်ပြီး အိန္ဒိယနိုင်ငံမဏိပူရ်ပြည်နယ်၊ မို ရေးမြို့နှင့် ခြံစည်းရိုးသာခြားပြီး နယ်စပ်ဂိတ်မှ တရားဝင်နှစ်နိုင်ငံဝင် ထွက်သွားလာခွင့်ပြုထားသဖြင့် နှစ်နိုင်ငံအရောင်းအဝယ်သမားများ နေ့စဉ်ဝင်ထွက်သွားလာမှုများပြား သည့် ဂိတ်ပေါက်ဖြစ်သည်။ 

AB

#democracytoday

Rate this item
(0 votes)
back to top