HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မွန်ပြည်နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရေးအတွက် ငွေကျပ် သန်း ၄၇ဝဝ ကျော် ထုတ်ချေးရန် လျာထား

မွန်ပြည်နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရေးအတွက် ငွေကျပ် သန်း ၄၇ဝဝ ကျော် ထုတ်ချေးရန် လျာထား

မော်လမြိုင်၊ နိုဝင်ဘာ ၇

မွန်ပြည် နယ်အတွင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုး ရေးစရိတ်ထုတ်ချေးငွေကို ယမန် နှစ်ကထက်ပို၍ ထုတ်ချေးပေးနိုင် ရန်လယ်မြေဧက ၅၇၇၄၁ ဧကအ တွက် ငွေကျပ် ၄၇၁၉ ဒသမ ၆၅ သန်းလျာထားကြောင်း မွန်ပြည် နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ စာရင်းအရ သိရသည်။

မွန်ပြည်နယ် ဆောင်းသီးနှံ စိုက်ပျိုးရေးချေးငွေကို အောက် တိုဘာ ၂၆ ရက်မှစတင်ထုတ်ချေး ခဲ့ရာ နိုဝင်ဘာ ၆ ရက်အထိငွေ ကျပ် ၇၂ ဒသမ ၈ဝသန်းထုတ် ချေးပေးထားပြီး ချေးငွေများကို ဒီဇင်ဘာ ၃၁ ရက်အထိ ထုတ် ချေးသွားမည်ဖြစ်ကြောင်း မွန်ပြည် နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ပြည်နယ်မန်နေဂျာ ဦး ကျော်စွာလှိုင်၏ ပြောကြားချက် အရ သိရသည်။


''ဒီနှစ်တော့ စပါးစိုက်တဲ့သူ တွေအတွက် မပြောင်းလဲပေမယ့် ပဲနဲ့တခြားသီးနှံစိုက်တဲ့သူတွေကို ယခင်နှစ်က တစ်ဧကငွေကျပ် ၅ဝဝဝဝ ချေးခဲ့ရာမှ ယခုနှစ် တစ် ဧကငွေကျပ် ၁ဝဝဝဝဝ ထုတ်ပေး မယ်။ အတိုးကတော့ အရင်နှစ် အတိုင်း ရှစ်ရာခိုင်နှုန်းဖြစ်ပြီး ပုံစံ (၇)စာအုပ်မူရင်းကို ဘဏ်မှာအပ် ထားရပါမယ်''ဟု ဦးကျော်စွာလှိုင် က ပြောသည်။


မွန်ပြည်နယ် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဆောင်းသီးနှံချေးငွေကို လယ်မြေ ဧက ၅၅၁၈၅ ဧကအတွက် ငွေ ကျပ် ၄၅၃၃ ဒသမ ၄၅ သန်း ထုတ်ချေးခဲ့ကြောင်း သိရသည်။ ယခုနှစ်မိုးစပါး စိုက်ပျိုးရေး စရိတ်ချေးငွေထုတ်ယူထားသော တောင်သူများအနေဖြင့် မိမိတို့၏ ပုံစံ(၇)စာအုပ်ကို ဘဏ်တွင် အပ်နှံ ထားပြီးဖြစ်၍ မိမိတို့၏လက်ဝယ် တွင် မရှိသဖြင့် အခက်အခဲဖြစ်နေ ကြောင်း တောင်သူအချို့က ဆို သည်။


''မိုးစပါးချေးငွေတွေကို အရင် ဆပ်ပေါ့။ ပြီးမှ ဆောင်းသီးနှံအ တွက် ပြန်ချေးပေါ့။ အခုဆိုရင် တချို့မိုးစပါးတွေ ရိတ်သိမ်းနေကြ ပြီး ရောင်းမယ်ဆိုရင်လည်း ဒီဇင် ဘာလလောက်ဆိုရင် ဈေးကောင်း ရပြီး သူတို့မနစ်နာပါဘူး။ မွန်ပြည် နယ်မှာ ဇွန်လတုန်းက ရေကြီးမှု တွေဖြစ်တယ်။ ဘီးလင်းမြို့နယ်ထဲ က တချို့လယ်တွေရေလွှမ်းမိုးခံရ တယ်။ အဲဒီတောင်သူတွေကိုတော့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေပြန် ဆပ်ဖို့အတွက် နှစ်လအချိန်နောက် ဆုတ်ပေးထားတယ်။ ဘာဖြစ်လို့ လဲဆိုရင် သူတို့လယ်ထဲက ရေ တွေပြန်ကျကုန်မှ ပြန်စိုက်ရတဲ့အ တွက်ကြောင့်ပါ''ဟု ¤င်းကပြော သည်။ 

AHO

#democracytoday

Rate this item
(0 votes)
back to top