HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

၃၅ လမ်းမှ ၄၁ လမ်းကြား ဖောက်လုပ်လျက်ရှိသည့် သင်္ဂဇာချောင်း အနောက်ဘက် ပတ်လမ်းသစ် ယခုဘဏ္ဍာနှစ် အတွင်း ပြီးစီးမည် ဟုဆို

၃၅ လမ်းမှ ၄၁ လမ်းကြား  ဖောက်လုပ်လျက်ရှိသည့်  သင်္ဂဇာချောင်း အနောက်ဘက် ပတ်လမ်းသစ် ယခုဘဏ္ဍာနှစ် အတွင်း ပြီးစီးမည် ဟုဆို

မန္တလေး၊ နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်အတွင်း သင်္ဂဇာချောင်း အနောက်ဘက်ပတ်လမ်းသစ်အဖြစ် ယာဉ်ပိုင်ရှင်များ မောင်းနှင်သွားလာ အသုံးပြုနိုင်စေရန်အတွက် ၃၅ လမ်းမှ ၄၁ လမ်းအထိကို လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး နိုင်လွန်ကတ္တရာလမ်းအဖြစ် ခင်းကျင်းသွားရန် လျာထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ 

''၃၅ လမ်းနဲ့ ၄၁ လမ်းကြားမှာက သင်္ဂဇာချောင်းအနောက် ဘက်ပတ်လမ်း မရှိတဲ့အတွက် မော်တော်ယာဉ်တွေနဲ့ ဆိုင်ကယ် တွေဟာ စိန်ပန်းလမ်းမကြီးကိုပဲ အဓိကအားထား အသုံးပြုကြရ လို့ ဖြစ်ပေါ်လာတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို လျော့ကျစေဖို့ အတွက် ရည်ရွယ်ဖောက်လုပ်တာပါ။ ချောင်းသန့်ရှင်းရေးလုပ်ငန်း တွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာလည်း စက်ယန္တရားတွေအသုံး ပြုဖို့ ဝင်ရောက်နိုင်တဲ့လမ်း မရှိတာကြောင့် အခက်အခဲတွေရှိခဲ့ ပေမယ့် လမ်းဖောက်ပြီးသွားရင် တော့ မီးဘေးအန္တရာယ်မတော်တဆဖြစ်ပေါ်လာတဲ့အခါမျိုးမှာ မီးသတ်ကားတွေ အဝင်အထွက် ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လမ်းဖောက်လုပ် ရာမှာ မလွတ်ကင်းတဲ့အဖီတွေ၊ အုတ်တံတိုင်းတွေကို ဖြိုဖျက်လျက် ရှိပြီး အခု ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာ ရေးနှစ်အတွင်းမှာ အပြီးဖောက်လုပ်ပေးသွားဖို့ လျာထားပါတယ်''ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော် ဇောအောင်က နိုဝင်ဘာ ၁၇ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြော ကြားသည်။

 

အဆိုပါလမ်းသစ်မှာ အရှည် ပေ ၅ဝဝဝ ရှိမည်ဖြစ်ပြီး ဖောက်လုပ်ပြီးစီးပါက သင်္ဂဇာချောင်းဖြတ်သန်းသွားရာ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေ မြို့နယ်တို့တွင် အရှေ့ပတ်လမ်းနှင့် အနောက်ပတ်လမ်းများ ပြည့်စုံသွားမည်ဖြစ်ပြီး ယခုနှစ်ခုနစ်လပိုင်းမှ စတင်အ ကောင်အထည်ဖော်လျက်ရှိကာ ချောင်းအတွင်းသို့ အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်မှုများ မပြုလုပ်ကြရန် ချောင်းပတ်ဝန်းကျင်ရပ် ကွက်များတွင် နေထိုင်သူများအား ခေါ်ယူတွေ့ဆုံ၍ အသိပညာပေး ဟောပြောမှုများ လုပ်ဆောင်ထား ပြီးဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

KSA

#democracytoday

Rate this item
(0 votes)
back to top