HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဆက်တိုက် မြင့်တက်နေသည့် စက်သုံးဆီ ဈေးနှုန်းကို ပြည်သူများဝေဖန်၊ ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြစ်စေရန် တာဝန်ရှိသူများက ထိန်းကျောင်း ကြပ်မတ်ပေးသင့် ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၃ 

 

ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ကာ သုံးလခန့်ဆက်တိုက်မြင့်တက်ခဲ့သည့် စက်သုံးဆီဈေးနှုန်းများမှာ ယခုချိန်အထိ ပြန်ကျခြင်းမရှိသည့်အပေါ် ပြည်သူများက ဝေဖန်မှုများရှိနေကြောင်းသိရသည်။ ယခုကဲ့သို့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက် နေခြင်းကို တက္ကစီနှင့် ကိုယ်ပိုင် မော်တော်ယာဉ် မောင်းနှင်နေသူများအနေဖြင့် ယခင်ကမကြုံတွေ့ ဖူးသေးကြောင်း စက်သုံးဆီသုံးစွဲသူများက ပြောသည်။ ယင်းနှင့်ပတ်သက်ပြီး 92 Ron ဆီဖြင့်မောင်းနှင်နေသည့် တက္ကစီယာဉ်မောင်းဦးသီဟက"ဆီဈေး တွေက အခုကျမှ လှိမ့်ပြီးတက်နေတယ်။ အရင်ကဆိုရင် ၉၂ တစ်လီတာကို ကျပ် ၅၇၀၊ ကျပ် ၅၈၀ တို့ပဲရှိတယ်။ ခုဆိုရင် မရတော့ဘူး။ ကျပ် ၈၀ဝ နားကပ်နေပြီ။ တစ် နေ့တစ်နေ့ တစ်လီတာကို ကျပ်ငါးဆယ်၊ တစ်ရာကို တက်နေတော့တာပဲ။ ကျတဲ့ရက်ကို တစ်ခါမှမရှိဘူး။ ဆီဈေးတွေနေ့တိုင်းတက်နေတဲ့အတွက် အခုဆို ကားတွေတောင် အရင်လောက်မထွက်နိုင်တော့ဘူး။ မကိုက်လို့"ဟု ဒီမိုကရေစီတူဒေးသို့ ဒီဇင်ဘာ ၂ ရက်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ကြန့်ကြာနေမှုများကြောင့် ရန်ကုန်ဆိပ်ကမ်း အသီးသီးတွင် ဒီဇင်ဘာ ၄ ရက်မှ စတင်၍ အကောက်ခွန် ဆိပ်ကမ်းသွင်းကုန် လုပ်ငန်းစဉ်အဆင့်များကို လျှော့ချမည်

ရန်ကုန်၊ ဒီဇင်ဘာ ၃

 

ကုန်သွယ်ဆိပ်ကမ်းများအတွင်းကြန့်ကြာနေမှုများကိုလျှော့ချရန် ရန်ကုန်ဆိပ်ကမ်းအသီးသီးတွင် ဒီဇင်ဘာ ၄ ရက်မှစတင်၍အကောက်ခွန်ဆိပ်ကမ်း သွင်းကုန်လုပ်ငန်းစဉ်အဆင့်များကိုလျှော့ချသွားမည်ဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိသည်။ ကုန်သွယ်မှုလျင်မြန်ချော မွေ့စေရေးအတွက် အကောက်ခွန် ဆိပ်ကမ်းလုပ်ငန်းစဉ်အဆင့်များ (သွင်းကုန်)လျှော့ချရေးကို Asia World ဆိပ်ကမ်းတွင် စမ်းသပ် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအဆင် ပြေချောမွေ့စွာဆောင်ရွက်နိုင်ခဲ့သဖြင့် သီလဝါဆိပ်ကမ်း၊ ဗိုလ် အောင်ကျော်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ထီးတန်းဆိပ်ကမ်း၊ အလုံကုန်သေတ္တာဆိပ်ကမ်းတို့၌ ဒီဇင်ဘာ ၄ ရက်မှ စတင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရော်ဘာ စိုက်ဧက လေးသောင်းကျော် အတွက် ချေးငွေရရှိရန် မွန်ပြည်နယ် အစိုးရထံ စာရင်းတင်ပြထား ဟုဆို

မော်လမြိုင်၊ ဒီဇင်ဘာ ၃

 

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာတောင်သူများ၏ ရော်ဘာစိုက်ဧကလေးသောင်းကျော်အတွက် ချေးငွေရရှိရန် မွန်ပြည်နယ်အစိုးရထံ စာရင်းတင်ပြထားကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကြည်စိုးက ဒီဇင်ဘာ ၁ ရက်တွင်ပြောသည်။ "ရော်ဘာတစ်ဧကကို ငွေကျပ် ၃၇၅၀၀၀ နှုန်းနဲ့ ရော်ဘာစိုက် တောင်သူတွေကိုချေးပေးဖို့ စာရင်းလိုက်ကောက်တော့ ရော်ဘာစိုက် ဧကလေးသိန်းကျော်မှာ ဧကလေးသောင်းကျော်က ချေးငွေယူဖို့စာရင်း ပေးတယ် " ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်စိုးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

FMI ကုမ္ပဏီလီမိတက် စင်ကာပူစတော့အိတ်ချိန်းတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်သည့် မြန်မာကုမ္ပဏီတစ်ခုဖြစ်လာရန်နီးစပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁-ဖက်စ် မြန်မာ အင်ဗက်စ်မဲ့(န်)ကုမ္ပဏီလီမိတက်(FMI)သည် ယင်းနှင့်အကျိုးတူပူး ပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများနှင့်အတူခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသည့်ရှယ်ယာထည့်ဝင်ပိုင်ဆိုင်မှုများကို စင်ကာပူ စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အနည်းဆုံးလုပ်ခတိုးပြီး ကုန်ထုတ်စွမ်းအားမတိုးမည်ကို လုပ်ငန်းရှင်များစိုးရိမ်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁-အနည်းဆုံး လုပ်ခတိုးပေးသော်လည်း ကုန်ထုတ် စွမ်းအားတိုးတက်ခြင်းမရှိပါက လုပ် ငန်းရှင်များအတွက် ဆုံးရှုံးနစ်နာမှု များရှိလာမည်ကို စိုးရိမ်ကြောင်း လုပ်ငန်းရှင်တို့ကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

အိမ်သုံးဓာတ်ငွေ့ရည် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို အစိုးရက ပုဂ္ဂလိကသို့ လွှဲပြောင်း

++++++++++++++++++++++++
ယခင်က တစ်ကီလိုဂရမ် ကျပ် ၆၀ဝ မှ ကျပ် ၇၅၀ သို့ ဈေးနှုန်းတိုးမြှင့်ရောင်းချ
++++++++++++++++++++++
ရန်ကုန်၊ ဒီဇင်ဘာ ၂- အစိုးရအနေ ဖြင့် လွန်ခဲ့သည့်နှစ် ၂၀ ဝန်းကျင်ကာ လကတည်းကဖြန့်ချိခဲ့သော အိမ်သုံး ရေနံဓာတ်ငွေ့ရည်ဖြန့်ဖြူးရောင်း ချခြင်းလုပ်ငန်းကို ပုဂ္ဂလိကသို့လုပ် ငန်းလွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း၊ လွှဲပြောင်းပြီးသည်နှင့် တစ်ကီလို ဂရမ် ကျပ် ၆၀ဝဖြင့် ရောင်းချနေရာ မှ ကျပ် ၇၅၀သို့ တိုးမြှင့်ရောင်းချ ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

စတော့ရှယ်ယာဈေးကွက်တွင် နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံခွင့်ပြုတော့မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁
 
မြန်မာ့စတော့ ရှယ်ယာဈေးကွက်အတွင်း နိုင်ငံခြားသား များ ပါဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုနိုင်ရန် စီစဉ် နေပြီဖြစ်ကြောင်းသိရသည်။ စတော့ရှယ်ယာဈေးကွက်အတွင်း နိုင်ငံခြားသား ပါဝင်နိုင်ရေးအတွက် ရန်ကုန်စတော့အိတ်ချိန်း၊ မြန်မာနိုင်ငံငွေ ကြေးသက်သေခံလက်မှတ်ကြီးကြပ်ရေး ကော်မရှင် ၊ ငွေကြေးသက်သေခံလက်မှတ် ကုမ္ပဏီများနှင့် စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတို့ပူးပေါင်း၍ လုပ်ထုံးလုပ် နည်းများ ရေးဆွဲဖော်ဆောင်ရန် ညှိနှိုင်းဆွေးနွေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေကြေးသက်သေခံလက်မှတ်ကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်ကပြောသည်။
ဆက်လက်ဖတ်ရှုရန် ...

အနည်းဆုံး လုပ်ခတိုးပြီး ကုန်ထုတ်စွမ်းအား မတိုးမည်ကို လုပ်ငန်းရှင်များ စိုးရိမ်

ရန်ကုန်၊ ဒီဇင်ဘာ ၁

အနည်းဆုံး လုပ်ခတိုးပေးသော်လည်း ကုန်ထုတ်စွမ်းအားတိုးတက်ခြင်းမရှိပါက လုပ်ငန်းရှင်များအတွက် ဆုံးရှုံးနစ်နာမှုများရှိလာမည်ကို စိုးရိမ်ကြောင်း လုပ်ငန်းရှင်တို့ကပြောသည်။ ဒီဇင်ဘာ ၁ ရက် ရွှေပြည်သာ စက်မှုဇုန်(၁)စီမံခန့်ခွဲရေးကော်မတီရုံးတွင်ပြုလုပ်သည့် ရွှေပြည်သာစက်မှုဇုန်(၁)၊ ဝါးတစ်ရာစက်မှုဇုန်နှင့် သာဓုကန်စက်မှုဇုန်တို့မှ လုပ်ငန်းရှင်များပါဝင်သည့် အနည်းဆုံး အခကြေးငွေနှုန်းထားသတ်မှတ် ရေးကော်မတီအစည်းအဝေး၌ တက်ရောက်လာသည့် လုပ်ငန်းရှင်များကထိုသို့ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...