HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဖြူးချောင်း ဓာတ်အားပေး စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွား ကျပ်သိန်း ထောင်နှင့်ချီ ဆုံးရှုံး

ဖြူး

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဖြူး ချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ကျပ်သိန်းထောင်နှင့်ချီ၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၃ဝ ရက် ည ၁ဝ နာရီခွဲခန့်က ဖြူးမြို့နယ် အနောက်ဘက် မင်းကံရိုးကျေးရွာအုပ်စု ဒိုင်းတရာကျေးရွာနှင့် ခုနစ်မိုင်ခန့်အကွာတွင် တည်ဆောက်ထား သော ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံတွင် VCB VACCUMCIRCUIT- BRAKER 17 မှ ဝိုင်ယာရှော့ဖြစ်ကာ မီးပန်းများ ထွက်ပေါ်ကာ ပေါက်ကွဲခဲ့ပြီး အနီးရှိ 23KVA/11KV ထရန်စဖော်မာများအား ကူးစက်လောင်ကျွမ်းခဲ့ပြီး ဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိသော်လည်း ငွေကျပ်သိန်းထောင်နှင့်ချီ၍ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

နည်းပညာနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ချင်းတောင်ထွက် ပန်းသီးများ ဈေးကွက် အရနည်းနေ

တီးတိန်

 

ချင်းပြည်နယ် တီးတိန်မြို့နယ်၌သာ အောင်မြင်ဖြစ်ထွန်းသည့် ချင်းတောင်ပန်းသီးများ ယခုရက်ပိုင်း လှိုင်လှိုင်ထွက်ရှိနေပြီဖြစ် သော်လည်း နည်းပညာနှင့် သယ်ယူပို့ဆောင် ရေး စရိတ်စကကြီးမြင့်မှုကြောင့် မြေပြန့်ဒေသတွင် ရောင်းချနေသည့်ပန်းသီးများ ဈေးကွက်အတွင်း တင်ပို့ရောင်းချရမှု နည်းပါးနေကြောင်း သိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

ကုန်သွယ်မှုဆိုင်ရာ မသမာမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောက်တိုဘာလ အတွင်း တစ်ပြိုင်နက်တည်း စတင် စစ်ဆေးတော့မည်

ရန်ကုန်၊ အောက်တိုဘာ ၃

 

အကောက်ခွန်ဆိုင်ရာနှောင်းစာရင်း စစ်ဆေးခြင်း(PCA)စနစ်ဖြင့် ကုန်သွယ်မှုဆိုင်ရာမသမာမှုများစစ် ဆေးခြင်းကို အောက်တိုဘာ ၁ဝ ရက်တွင် စတင်တော့မည်ဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာနမှသိရသည်။ နှောင်းစာရင်းစစ်ဆေးခြင်း Post Clearance Audit(PCA) ဆိုသည်မှာ စနစ်ကျသည့်အကောက် ခွန်ထိန်းချုပ်မှုလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ပါဝင်သည့်အစစ်ဆေးခံထိုက်သောကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ၏မည်သည့်စနစ်ဖြင့်မဆို ထိန်းသိမ်းထားရှိသောမှတ်တမ်းမှတ်ရာများ၊ ကုန်သွယ်မှုနည်းလမ်းများကိုစစ်ဆေးခြင်းဖြင့် ကုန်ပစ္စည်း ကြေညာလွှာများ၏မှန်ကန်တိကျမှုအပေါ်အကောက်ခွန်ဦးစီးဌာနက ကျေနပ်လက်ခံနိုင်သည်အထိ စစ်ဆေးနိုင်သည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။

 

ဆက်လက်ဖတ်ရှုရန် ...

ပြည်သူများ နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန် ဥပဒေအရ ခွင့်ပြုထားသော ငွေကြေးလုပ်ငန်းများ ဟုတ်၊ မဟုတ် လေ့လာဆန်းစစ်ရန် လိုအပ်ဟု စီမံဘဏ္ဍာ ဒုဝန်ကြီး သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၃

 

တရားဝင်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လုပ်ကိုင်နေသောငွေရေးကြေး ရေးလုပ်ငန်းများကြောင့် ပြည်သူများ ၏ငွေကြေးများနစ်နာဆုံးရှုံးမှုမဖြစ်စေရန် ဥပဒေအရခွင့်ပြုထားသော ဘဏ်(သို့မဟုတ်)ငွေရေး၊ ကြေးရေးအဖွဲ့အစည်းဖြစ်ကြောင်း ကျကျနနစူးစမ်းလေ့လာရန်လိုအပ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက အောက်တိုဘာ ၃ ရက်ကပြောသည်။

 

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန် တိုင်းဒေသကြီး အတွင်း နည်းမျိုးစုံဖြင့် ရယူထားပြီး လုပ်ငန်းဖော်ဆောင်ခြင်း မရှိသည့် အဆောက်အအုံနှင့် မြေကွက်များကို နိုင်ငံပိုင်ပြန်သိမ်းရန် လွှတ်တော်တွင် တင်ပြ

ရန်ကုန်၊ အောက်တိုဘာ ၃

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း နည်းလမ်းအမျိုးမျိုးဖြင့်ရယူထားပြီး လုပ်ငန်းအ ကောင်အထည်ဖော်ဆောင်ခြင်း မရှိသည့် အဆောက်အအုံနှင့်မြေကွက်များကို နိုင်ငံပိုင်အဖြစ်ပြန်လည်သိမ်းယူရန် တောင်ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဦးညီညီကပြောသည်။ အောက်တိုဘာ ၃ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအ ဝေးတွင် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဌေးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များကို နည်းလမ်းအမျိုးမျိုး ဖြင့်ရယူထားပြီး ယနေ့အထိလုပ်ငန်းလုပ်ကိုင်အကောင်အထည်ဖော် ဆောင်ခြင်းမရှိသော၊ စည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီမှုမရှိသည့် နိုင်ငံပိုင် အဆောက်အအုံနှင့် မြေကွက်များကို နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းဆည်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုအား ထောက်ခံ ဆွေးနွေးစဉ် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်ဖတ်ရှုရန် ...

ပွဲစားမပါလျှင် CI မရ ဖြစ်နေခြင်းကို စိစစ် အရေးယူပေးရန် တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၂

 

ပွဲစား ဖြင့်သာလုပ်ဆောင်နေရသည့် နှစ် နိုင်ငံအစိုးရ၏တရားမဝင်ရွှေ့ ပြောင်းလုပ်သားများအတွက် အ ထောက်အထားထုတ်ပေးရေး စနစ် ကို စိစစ်အရေးယူပေးရန် ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားသူများကတိုက်တွန်းလိုက် သည်။  CI ပြုလုပ်ရာတွင် လုပ်သား ကိုယ်တိုင်ပြုလုပ်ရန် မြန်မာအလုပ် သမားသံအရာရှိရုံးမှသတိပေး ထားသော်လည်း ပွဲစားများဖြင့် သာပြုလုပ်နေရပြီး ဘတ် ၃ဝဝဝ မှ ၁ဝဝဝဝ အထိကုန်ကျမှသာအ ထောက်အထားရရှိခြင်းကြောင့် ပြန်လည်စိစစ်ရန်ထောက်ပြရခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေးကွန်ရက်( MWRN ) အတွင်းရေးမှူး ဦးစိန်ဌေး ကဒီမိုကရေစီတူဒေးသို့ အောက် တိုဘာ ၁ ရက်ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မွန်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အသစ်များ ဝင်ရောက်မှု မရှိသေးဟုဆို

မော်လမြိုင်၊ အောက်တိုဘာ ၂

 

မွန် ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုကော် မတီအားဖွဲ့စည်းပေးထား ပြီးဖြစ် သော်လည်း ယနေ့အထိ ပြည်နယ်အတွင်းသို့ ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုအသစ်များ လာရောက်ရင်းနှီးမြှုပ်နှံမှုမရှိသေးကြောင်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးမှသိရသည်။ ''အခုအချိန်ထိတော့ ကျွန် တော်တို့မွန်ပြည်နယ်ကော်မတီကို လာတင်တဲ့ရင်းနှီးမြှုပ်နှံသူတွေမရှိ သေးဘူး။ ကော်မတီဥက္ကဋ္ဌကို သွား တွေ့တဲ့ကုမ္ပဏီတွေတော့ ရှိတယ်။ ကော်မတီမှာ တိုက်ရိုက်လာတင် ကြတဲ့သူတွေ မရှိသေးဘူး''ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဦးမင်းသိန်းဦးက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်ပသို့ သစ်တောထွက် ပစ္စည်းတင်ပို့သည့် ကုမ္ပဏီ ၁ဝ ခုခန့်ကို မမှန်မကန် ပြုလုပ်မှုကြောင့် သစ်တောဦးစီးဌာနက သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၂

 

ယခုနှစ်တွင် သစ်တောထွက်ပစ္စည်း ပြည်ပပို့ကုမ္ပဏီ၁ဝခုခန့်ကို မမှန်မကန်ပြု လုပ်မှုကြောင့် သတိပေးထားကြောင်း သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးတင့်ခိုင်က ပြောသည်။ အောက်တိုဘာ ၂ရက်က ရန်ကုန်မြို့ IBC တွင် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းက ဦးစီး ပြုလုပ်သည့် စက်မှုသစ်ကုန်ကြမ်းရရှိရေး၊ တရားဝင်သစ်တောထွက် ပစ္စည်းဖြစ်ကြောင်း ထောက်ခံချက်၊ အခွန်နှင့်ဘဏ်လုပ်ငန်းစနစ်များတွင်တွေ့ကြုံနေရသော စိန်ခေါ်မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် တွေ့ဆုံရှင်းလင်းဆွေး နွေးပွဲအခမ်းအနား ရပ်နားချိန်တွင် သတင်းမီဒီယာသမားများ၏ မေး မြန်းချက်အပေါ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်ဖတ်ရှုရန် ...