HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ပွဲစားမပါလျှင် CI မရ ဖြစ်နေခြင်းကို စိစစ် အရေးယူပေးရန် တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၂

 

ပွဲစား ဖြင့်သာလုပ်ဆောင်နေရသည့် နှစ် နိုင်ငံအစိုးရ၏တရားမဝင်ရွှေ့ ပြောင်းလုပ်သားများအတွက် အ ထောက်အထားထုတ်ပေးရေး စနစ် ကို စိစစ်အရေးယူပေးရန် ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားသူများကတိုက်တွန်းလိုက် သည်။  CI ပြုလုပ်ရာတွင် လုပ်သား ကိုယ်တိုင်ပြုလုပ်ရန် မြန်မာအလုပ် သမားသံအရာရှိရုံးမှသတိပေး ထားသော်လည်း ပွဲစားများဖြင့် သာပြုလုပ်နေရပြီး ဘတ် ၃ဝဝဝ မှ ၁ဝဝဝဝ အထိကုန်ကျမှသာအ ထောက်အထားရရှိခြင်းကြောင့် ပြန်လည်စိစစ်ရန်ထောက်ပြရခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေးကွန်ရက်( MWRN ) အတွင်းရေးမှူး ဦးစိန်ဌေး ကဒီမိုကရေစီတူဒေးသို့ အောက် တိုဘာ ၁ ရက်ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မွန်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အသစ်များ ဝင်ရောက်မှု မရှိသေးဟုဆို

မော်လမြိုင်၊ အောက်တိုဘာ ၂

 

မွန် ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုကော် မတီအားဖွဲ့စည်းပေးထား ပြီးဖြစ် သော်လည်း ယနေ့အထိ ပြည်နယ်အတွင်းသို့ ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုအသစ်များ လာရောက်ရင်းနှီးမြှုပ်နှံမှုမရှိသေးကြောင်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးမှသိရသည်။ ''အခုအချိန်ထိတော့ ကျွန် တော်တို့မွန်ပြည်နယ်ကော်မတီကို လာတင်တဲ့ရင်းနှီးမြှုပ်နှံသူတွေမရှိ သေးဘူး။ ကော်မတီဥက္ကဋ္ဌကို သွား တွေ့တဲ့ကုမ္ပဏီတွေတော့ ရှိတယ်။ ကော်မတီမှာ တိုက်ရိုက်လာတင် ကြတဲ့သူတွေ မရှိသေးဘူး''ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဦးမင်းသိန်းဦးက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်ပသို့ သစ်တောထွက် ပစ္စည်းတင်ပို့သည့် ကုမ္ပဏီ ၁ဝ ခုခန့်ကို မမှန်မကန် ပြုလုပ်မှုကြောင့် သစ်တောဦးစီးဌာနက သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၂

 

ယခုနှစ်တွင် သစ်တောထွက်ပစ္စည်း ပြည်ပပို့ကုမ္ပဏီ၁ဝခုခန့်ကို မမှန်မကန်ပြု လုပ်မှုကြောင့် သတိပေးထားကြောင်း သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးတင့်ခိုင်က ပြောသည်။ အောက်တိုဘာ ၂ရက်က ရန်ကုန်မြို့ IBC တွင် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းက ဦးစီး ပြုလုပ်သည့် စက်မှုသစ်ကုန်ကြမ်းရရှိရေး၊ တရားဝင်သစ်တောထွက် ပစ္စည်းဖြစ်ကြောင်း ထောက်ခံချက်၊ အခွန်နှင့်ဘဏ်လုပ်ငန်းစနစ်များတွင်တွေ့ကြုံနေရသော စိန်ခေါ်မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် တွေ့ဆုံရှင်းလင်းဆွေး နွေးပွဲအခမ်းအနား ရပ်နားချိန်တွင် သတင်းမီဒီယာသမားများ၏ မေး မြန်းချက်အပေါ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်ဖတ်ရှုရန် ...

ဧရာဝတီ တိုင်းဒေသကြီးတွင် ၁ဝ နှစ်စီမံကိန်း အဖြစ် ဒီရေတောဧက လေးသောင်းခွဲ တည်ထောင်သွားမည်

ရန်ကုန်၊ အောက်တိုဘာ ၁

 

ဧရာ ဝတီတိုင်းဒေသကြီးတွင် ၁ဝ နှစ် စီမံကိန်းအနေဖြင့် ဒီရေတောဧက လေးသောင်းခွဲတည်ထောင်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှသိရသည်။ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ရေဝေ ရေလဲဒေသအုပ်ချုပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ''ကျွန်တော်တို့ ယခုနှစ်ကစပြီး တစ်နှစ်ကို ဧကလေး ထောင့်ငါးရာနှုန်းနဲ့ ဒီရေတောစိုက်ခင်းဧက လေးသောင်းငါးထောင်ကို တည်ထောင်သွားမှာဖြစ်ပါတယ်။ ဒီနှစ်ကစတင်ပြီး အကောင်အထည် ဖော်ဆောင်နေပါပြီ''ဟု အောက်တိုဘာ ၁ ရက်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တိုင်းနှင့် ပြည်နယ်အလိုက် အဆိုပြု လုပ်ခနှုန်းထား ကျပ် ၄၄ဝဝ မှ ၆ဝဝဝ ကျော် အထိရှိ

ရန်ကုန်၊အောက်တိုဘာ ၁

 

တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ခု၏အဆိုပြု အနည်းဆုံးလုပ်ခနှုန်းထားမှာ ကျပ် ၄၄ဝဝ မှ ကျပ် ၆ဝဝဝ ကျော်အထိ ရှိကြောင်း သိရသည်။  လုပ်ခတိုးမြှင့်ရေး ရန်ကုန်တိုင်းဒေသကြီး၏ အဆိုပြုအနည်းဆုံးလုပ်ခ မှာကျပ် ၄၄ဝဝ မှ ကျပ် ၆၄ဝဝကြားရှိပြီး၊ ကရင်ပြည်နယ်တွင် ကျပ် ၅၂ဝဝ၊ မကွေးတိုင်းဒေသကြီးတွင်ကျပ် ၄၈ဝဝ၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ကျပ် ၄၄ဝဝ မှ ကျပ် ၆ဝဝဝ ကျော်ကြားအဆိုပြုထားကြောင်း သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အလိုက်ရှိ ကော်မတီတို့မှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းနိုင်ငံသို့တင်ပို့မည့် ''ဝ'' ဥအမှုန့်ကြိတ် ကုန်ကြမ်းထုတ် စက်ရုံတစ်ရုံ မြဝတီ စီးပွားရေးဇုန်၌ စတင် လည်ပတ်

မြဝတီ၊ အောက်တိုဘာ ၁

 

မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့ရှိ စီးပွားရေးဇုန်တွင် ဒေသထွက်ကုန်တစ်ခုဖြစ်သည့် ''ဝ'' ဥများအား အမှုန့်ကြိတ်ကာ ထိုင်းနိုင်ငံသို့တင်ပို့ရန် ကုန်ကြမ်းထုတ်စက်ရုံတစ်ရုံစတင်လည်ပတ်နေပြီဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ့ရွှေဈေး ကျပ် ၉၃ဝဝဝဝ ကျော်တွင် ရှိနေသေးဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁- ကျပ် ကိုးသိန်းခြောက်သောင်းအထိ စံ ချိန်တင် မြင့်တက်ခဲ့သည့် မြန်မာ့ ရွှေဈေးမှာတဖြည်းဖြည်းပြန်ကျ နေပြီဖြစ်သော်လည်း အမြင့်ပိုင်း တွင်သာရှိနေသေးကြောင်း ရွှေ လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရေကြောင်းကုန်စည်စီးဆင်းမှုတွင် ဏသမအ နှီု စနစ်ကို အောက်တိုဘာလတွင် စတင်သုံးစွဲမည်

ရန်ကုန်၊ စက်တင်ဘာ ၃ဝ-ရေ ကြောင်းကုန်စည်စီးဆင်းမှု၌ လုပ်ငန်းများဆက်သွယ်ရာတွင် အီလက်ထရွန်နစ်စနစ်ဖြင့် ဒေတာများ ဖလှယ်ကာ ဘက်ပေါင်းစုံပေါင်းစည်းလုပ်ဆောင်နိုင်မည့် Port EDI စနစ်ကို အောက်တိုဘာလ အတွင်း စတင်သုံးစွဲမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...