HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တရုတ် - အီဂျစ် ပူးတွဲကာ ဆူးအက် စီးပွားရေးဇုန် ဖော်ဆောင်မည်

ကိုင်ရို၊ မတ် ၁၇ 

တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် တရုတ်-အီဂျစ်ဆူးအက် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်ရေးဇုန်အား အီဂျစ် နိုင်ငံဆူးအက်တူးမြောင်း တစ် လျှောက်၌ အကောင်အထည်ဖော် ဆောင်ရွက်ရန် နှစ်နိုင်ငံအဓိကထား ဆွေးနွေးနေကြပြီး ယင်းသည်တ ရုတ်၏ရပ်ဝန်းတစ်ခု လမ်းတစ် လမ်းအစီအစဉ်အရ တရုတ်ကုမ္ပဏီများက အီဂျစ်သို့လာရောက် ရင်းနှီးမြှုပ်နှံရန်စီစဉ်နေသည်ဟု မတ် ၁၇ ရက်သတင်းများအရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

တက္ကသိုလ်ဆရာ၊ ဆရာမများ နေထိုင်ရန် ချထားပေးသည့် အခန်းများကို ပြန်လည် ငှားစားထားပါက အရေးယူသွားမည်

ရန်ကုန်၊ မတ် ၁၇

တက္ကသိုလ် ဆရာ၊ ဆရာမများ နေထိုင်ရန် ချထားပေးသည့် အခန်းများကို ပြန်လည်ငှားစားထားသည့် ဆရာ၊ ဆရာမများအား အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် တာဝန်ထမ်းဆောင် နေသော ဆရာ၊ ဆရာမများကို တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းနေထိုင်နိုင်ရန် အမည်ပေါက်ဖြင့် အိမ်ခန်းများချထား ပေးခဲ့ကြောင်း၊ သို့ရာတွင် အချို့သော ဆရာ၊ ဆရာမများက ယင်း အခန်းကိုနေထိုင်ခြင်းမရှိဘဲ တစ်ဆင့်ပြန်လည်ငှားရမ်းခြင်းများ၊ နေထိုင်ခြင်းမရှိဘဲ သော့ပိတ်ထားခြင်းများ ရှိနေသည့်အတွက် အခန်းပိုင်ရှင်များကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နိုင်ငံတကာအဆင့်အတန်းမီ အင်တာနေရှင်နယ်ဆေးရုံကြီးများ ဖွင့်လှစ်နိုင်ခြင်းဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ၊ ပြည်ပမှ လာရောက် အလုပ်လုပ်ကိုင်နေသူများအတွက် ကျန်းမာရေးအရ လုံခြုံစိတ်ချရမှုရရှိစေနိုင်မည် ဟုဆို

ရန်ကုန်၊ မတ် ၁၇

မြန်မာနိုင်ငံ တွင် နိုင်ငံတကာအဆင့်အတန်းမီ အင်တာနေရှင်နယ်ဆေးရုံကြီးများ ဖွင့်လှစ်နိုင်ခြင်းအားဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၊ ပြည်ပမှ လာ ရောက်အလုပ်လုပ်ကိုင်နေရသူများ အတွက် ကျန်းမာရေးအရ လုံခြုံ စိတ်ချရမှုရရှိစေနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောကြား သည်။ မတ် ၁၇ ရက်တွင် တာမွေမြို့ နယ်ရှိ အာယုအင်တာနေရှင်နယ် ဆေးရုံကြီးတွင် ကျင်းပသော ''အာယုအင်တာနေရှင်နယ် ဆေး ရုံကြီးဖွင့်လှစ်ခြင်းအခမ်းအနား''၌အဖွင့်အမှာစကားပြောရာတွင် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

တံမြက်စည်းပြုလုပ်ရာတွင် အသုံးပြုသည့် ကိုင်းဘော (ခေါ်) ပြောင်စာပင်များကို ဈေးကောင်းပေးဝယ်နေသည့်အတွက် ဒေသခံများ အလုပ်အကိုင်ရကာ ဝင်ငွေကောင်းနေဟုဆို

ကလေး၊ မတ် ၁၇

တံမြက်စည်း ပြုလုပ်ရာတွင် အသုံးပြုသည့်စစ် ကိုင်းတိုင်းဒေသကြီးကလေး-တမူး ကားလမ်းတစ်လျှောက်နှင့် ချင်း ပြည်နယ်တောင်စောင်းများ၌ အ လေ့ကျပေါက်ရောက်နေသည့် ကိုင်းဘော(ခေါ်) ပြောင်စာပင်များ ကို ယခုအခါဝယ်ယူသူများပြားနေ သောကြောင့် အဆိုပါဒေသများ မှ ဒေသခံများအလုပ်အကိုင်များ ရရှိကာ ဝင်ငွေကောင်းနေကြ ကြောင်းသိရသည်။ ကိုင်းဘော(ခေါ်)ပြောင်စာ ပင်များကို ယခုအခါကလေး၊မုံရွာ၊ ပခုက္ကူနှင့်မန္တလေးမြို့တို့မှ တံမြက် စည်းလုပ်ငန်းလုပ်ကိုင်သူများက ဝယ်ယူမှုများပြားနေသည်။

ဆက်လက်ဖတ်ရှုရန် ...

တစ်ပတ်ရစ်ကားများ အပါအဝင် Brand New ကားစီးရေ နှစ်ရာကျော်ခန့်ကို အွန်လိုင်းလေလံ စနစ်ဖြင့် ရောင်းချပွဲပြုလုပ်

ရန်ကုန်၊ မတ် ၁၆

တစ်ပတ်ရစ် ကားများအပါအဝင် Brand New ကားစီးရေ နှစ်ရာကျော်ခန့်ကို အွန် လိုင်းလေလံစနစ်ဖြင့် ရောင်းချမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါအွန်လိုင်းမော်တော်ယာဉ် လေလံပွဲကို မတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ရန်ကုန်မြို့ရှိ မိုင်ဒါကွင်း တွင် ပြုလုပ်နေခြင်းဖြစ်ပြီး CarsDB  နှင့် Toyota TSUSHO တို့ ပူးပေါင်း၍ အွန်လိုင်းမော်တော်ယာဉ် လေလံပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလေလံပွဲတွင် ဝင်ရောက် ရောင်းချရန် စာရင်းပေးထားသည့် လုပ်ငန်းသုံးယာဉ်နှင့် အိမ်စီးယာဉ် စုစု ပေါင်းစီးရေ ၂ဝဝ ကျော်ခန့်ရှိပြီး အွန် လိုင်းလေလံစနစ်ဖြင့်ဝယ်ယူရန် အကောင့် ဖွင့်လှစ်စာရင်းသွင်းသူ တစ်ရာကျော် ခန့်ရှိကြောင်း CarsDB  မှ COO ဦးဝေဖြိုးကျော်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ့ပြောင်းဆန်ဈေးနှုန်း ယခင်နှစ်ထက် ကျဆင်း

ပဲခူး၊ မတ် ၁၆

တရုတ်မှဝယ်လို အားနည်းလာခြင်းကြောင့် မြန်မာ့ ပြောင်းဆန်ဈေးနှုန်းများ ယခင်နှစ် ထက် ၃ဝ ရာခိုင်နှုန်း ကျဆင်းလာ ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်း စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းမှ သိရသည်။ ''ပြည်တွင်းမှာ ပြောင်းဆန်က တအားများနေပေမယ့် ဝယ်လိုအား ကနည်းနေတော့ ဈေးနှုန်းတွေက အရင်နှစ်ကထက် ရာခိုင်နှုန်း ၃ဝ နီးပါးလောက် ကျဆင်းနေတယ်။ အခုချိန်ကလည်း တရုတ်ဘက်က ပြောင်းပေါ်တဲ့ ရာသီချိန်ရောက် နေတာလည်းပါတော့ ဝယ်လိုအား ကလည်း နည်းနေတာပေါ့''ဟု အ ဆိုပါအသင်းမှ ဥက္ကဋ္ဌဦးမင်းခိုင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

ချင်းတွင်ရေအားလျှပ်စစ်ထုတ်ရန် နော်ဝေကုမ္ပဏီ အကြိုနားလည်မှု စာချွန်လွှာရေးထိုး

ရန်ကုန်၊ မတ် ၁၆

ချင်းပြည် နယ်တွင် ရေအားလျှပ်စစ်ထုတ်ရန် နော်ဝေကုမ္ပဏီက အကြိုနား လည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။ မတ် ၁၆ ရက်နှင့် ၁၇ ရက် များက ရန်ကုန်မြို့ MCC ခန်းမ၌ ပြုလုပ်နေသော ချင်းပြည်နယ်ရင်းနှီး မြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲတွင် ပြည်နယ်အစိုးရနှင့် နော်ဝေကုမ္ပ ဏီအပြင် ပြည်တွင်းကုမ္ပဏီ သုံးခု ကလည်း အကြိုနားလည်မှုစာချွန် လွှာကို လက်မှတ်ထိုးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန(ချင်းပြည်နယ်)မှ ညွှန်ကြားရေးမှူး ဒေါက်တာမင်း ဇော်ဦးက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ဒုတိယငါးနှစ်တာ အမျိုးသားပို့ကုန် မဟာဗျူဟာ (၂ဝ၂ဝ-၂ဝ၂၅)ကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ပံ့ပိုးပေးသွားမည်ဟု စီးပွားကူးသန်းပြည်ထောင်စု ဝန်ကြီးပြော

ရန်ကုန်၊ မတ် ၁၅

ဒုတိယငါးနှစ်တာ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂ဝ၂ဝ-၂ဝ၂၅)ကို ဆက်လက်အ ကောင်အထည်ဖော်နိုင်ရန် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ပိုမိုအလေးထား ဦးစားပေးဆောင်ရွက်သင့်သည့် ကဏ္ဍများကို စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသန်း မြင့်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...