HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ထိုင်းနိုင်ငံမှ အချမ်းသာဆုံး သူဌေးကြီးနှင့် အခြားကုမ္ပဏီ ၁၂ ခုတို့က လေဆိပ်သုံးခုကို ချိတ်ဆက်မည့် မြန်နှုန်းမြင့် ရထားလမ်းကို တည်ဆောက်မည်

ဘန်ကောက်၊ မေ ၁၄

ထိုင်းနိုင်ငံ၏ စီးပွားရေး လုပ်ငန်းစုကြီး ချာရိုအန်ပိုဟန်ဂရု (CP Group) နှင့် အခြားကုမ္ပဏီ ၁၂ ခုတို့ကို နိုင်ငံအတွင်းရှိ အဓိက လေဆိပ်ကြီး သုံးခုကိုချိတ်ဆက်မည့် ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံတန် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းတစ်ခုကို တည်ဆောက်ရန် ရွေးချယ်လိုက်သည်ဟု အစိုးရက မေ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ယင်းကော်မတီသည် အစိုးရထံမှ အနိမ့်ဆုံးရင်းနှီးမြှုပ်နှံငွေပမာဏသာ လိုအပ်သော ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် ပူးပေါင်းဆောင်ရွက်မှုများအတွက် ပူးတွဲရင်းနှီး မြှပ်နှံမှုတစ်ခုကို ရွေးချယ်ခဲ့ကြောင်း အရှေ့စီးပွားရေးစင်္ကြံမူဝါဒအဖွဲ့က ကြေညာချက်တစ်ခုတွင် ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန် ကုန်ပစ္စည်းများကို တရုတ်က အခွန်တိုးမြှင့်ကောက်ခံမည်ဟု ကြေညာပြီးနောက် နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံကြမည်

ဝါရှင်တန်၊ မေ ၁၄

ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံနှစ်ခုကြား ကုန် သွယ်ရေးစစ်ပွဲ တစ်ကျော့ပြန် ဖြစ်ပွားလာချိန်တွင် လာမည့် လ၌ တရုတ်သမ္မတ ရှီကျင့် ဖျင်နှင့်တွေ့ဆုံမည်ဖြစ် ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရန့်က မေ ၁၃ ရက်တွင် ပြောဆိုလိုက်သည်။ တရုတ်ကုန်ပစ္စည်းများအပေါ် အမေ ရိကန်ဒေါ်လာ ဘီလီယံ ၂ဝဝ ဖိုး အခွန် ထပ်တိုးကောက်ခံမည်ဟု ဝါရှင်တန်က ပြီးခဲ့သည့်သီတင်းပတ်တွင် ကြေညာခဲ့မှု ကိုတုံ့ပြန်သည့်အနေဖြင့် ကနဦးတွင် တရုတ်နိုင်ငံက အေးခဲထားသော ဟင်းသီး ဟင်းရွက်များနှင့် ဓာတ်ငွေ့ရည်အပါ အဝင် အမေရိကန် ကုန်ပစ္စည်းအချို့ကို အ ခွန်ထပ်တိုးကောက်မည်ဟု ကြေညာခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဘဏ်အတိုးနှုန်းများကို ပြန်လည် သုံးသပ်ပေးရန် ဒုတိယသမ္မတထံ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တင်ပြမည်

ရန်ကုန်၊ မေ ၁၄

ရေလုပ်ငန်းဖွံ့ ဖြိုးတိုးတက်မှုအား အဟန့်အတား ဖြစ်စေသည့် ဘဏ်အတိုးနှုန်းများကို ပြန်လည်သုံးသပ်ပေးရန်နိုင်ငံတော် ဒုတိယသမ္မတအား တင်ပြတောင်းဆို မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ လစဉ်ရန်ကုန်မြို့ရှိ ကုန်သည် စက်မှုအသင်းချုပ်၌ ကျင်းပပြုလုပ် သည့်နိုင်ငံတော်ဒုတိယသမ္မတဦး ဆောင်သော မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန် မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တင်ပြမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အမျိုးသမီး လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန် လုပ်ငန်းများကို ပံ့ပိုးပေးမည့် စီးပွားရေး ပတ်ဝန်းကျင် ဖန်တီးပေးရန် လိုအပ်ဟုဆို

ရန်ကုန်၊ မေ ၁၃

အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၊ အမျိုးသမီး အသေးစား၊ အလတ်စားလုပ်ငန်း ရှင်များပေါ်ထွန်းလာစေရန် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးရန်နှင့် အမျိုးသမီးများကို လုပ်ငန်းစတင် လုပ်နိုင်အောင် ပံ့ပိုးကူညီပေးသော စီးပွားရေးပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးရန်လိုအပ်ကြောင်း သိရသည်။ မေ၁၃ရက်တွင် ဆီဒိုးနားဟိုတယ်၌ကျင်းပသော မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏ (၂၄)ကြိမ်မြောက်နှစ်ပတ် လည်အထွေထွေအစည်းအဝေးပွဲမှ သိရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အစိုးရ ခွင့်ပြုချက်မရဘဲ ဖရဲစိုက်ခင်းများ နိုင်ငံခြား လုပ်ငန်းရှင်များ ငှားရမ်းမှု မရှိစေရေး ကြပ်မတ်သွားမည်

မုံရွာ၊ မေ ၁၃

စစ်ကိုင်းတိုင်းဒေ သကြီးအတွင်း ဖရဲသီးစိုက်ခင်းများ အား လယ်ယာမြေ လုပ်ပိုင်ခွင့်ရသူများမှ နိုင်ငံတော်အစိုးရ၏ ခွင့် ပြုချက်မရှိဘဲ မည်သည့်နိုင်ငံခြားသားပါဝင်သည့်အဖွဲ့အစည်းကိုမျှ ငှားရမ်းခြင်းမပြုစေရေး လာမည့် စိုက်ပျိုးရေးရာသီမှစ၍ ကြပ်မတ် သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။ မြို့နယ်အများစုတွင် မြေနု ကျွန်းဥပဒေနှင့်အညီ လုပ်ကိုင်ခြင်း မပြုဘဲ တရုတ်စီးပွားရေးလုပ်ငန်း ရှင်များအား တစ်ဖက်လှည့်ဖြင့် ငှား ရမ်းဆောင်ရွက်နေသည့် ကိစ္စများကို ကာကွယ်ရန် မည်သို့ဆောင် ရွက်မည်ကိုသိလိုကြောင်း မေ ၁၃ ရက်က ကျင်းပသော (၁၈ )ကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသ ကြီးလွှတ်တော် ၁၂ ရက်မြောက်တွင် ကန့်ဘလူ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်သူဟန် ထွန်းက မေးမြန်းစဉ် ဝန်ကြီးက ယင်းကဲ့သို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေး လာမည့်ဘဏ္ဍာနှစ်တွင် စတင်ဖော်ဆောင်မည်

ရန်ကုန်၊ မေ ၁၃

ကိုယ်ပိုင် ဂြိုဟ်တုလွှတ်တင်နိုင်ရေးကို လာမည့်ဘဏ္ဍာနှစ်တွင် စတင်ဖော်ဆောင်မည်ဟု သိရသည်။ မေ ၁၂ ရက်၊ပြန်ကြားရေးဝန် ကြီးဌာနတွင်ပြုလုပ်သည့် နိုင်ငံ တော်အစိုးရ၏ ပြည်သူ့အတွက်တ တိယနှစ်တာကာလအတွင်း ဆောင် ရွက်ခဲ့မှုများနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် အမြဲ တမ်းအတွင်းဝန်က အထက်ပါအ တိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

တရုတ်-အမေရိကန် ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုနိုင်ရန် သမ္မတထရန့် တိုက်တွန်း

ဝါရှင်တန်၊ မေ ၁၂

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ''တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးစားမည်ဖြစ်ပြီး သို့မဟုတ်ပါက နှစ်နိုင်ငံကုန်သွယ်ရေး အခြေအ နေဆိုးရွားသွားဖွယ်ရာရှိသည်''ဟု တွစ်တာမှတစ်ဆင့် ရေးသားဖော် ပြလိုက်သည်ဟု မေ ၁၂ ရက် သတင်းများအရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

လက်လုပ်လက်စား ရွှေလုပ်ကွက်များ တစ်နှစ်လျှင် ကျပ် ၁၁ သိန်းကျော် အခွန်ပေးဆောင်ရမည်

ဟုမ္မလင်း၊ မေ ၁၂ 

ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်ရည်ရွယ်၍ ဟုမ္မလင်းမြို့နယ်အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကန့်ကွက်မှုမရှိကြောင်း သဘောထားရရှိပြီးသည့် အသေး စားလုပ်ကွက်များသည် တစ်နှစ် လျှင်ကျပ် ၁၁၉ သိန်းကျော်နှင့် လက်လုပ်လက်စားလုပ်ကွက်များ မှာ အခွန်ကျပ် ၁၁ သိန်းကျော်ပေး ဆောင်ရမည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှသိ ရသည်။

ဆက်လက်ဖတ်ရှုရန် ...