HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဝေဖန်မှုတွေမြင့်တက်လာနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း

မြို့သစ်စီမံကိန်း ဖော်ဆောင်မည့်အစီအစဉ်နှင့် ပတ်သက်၍ ယခုရက်သတ္တပတ်အတွင်း ဝေဖန်မှုများ ထွက်ပေါ်နေသည့်ကာလလည်း ဖြစ်နေသည်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုများဖြင့် ဆောင်ရွက်မည့် အဆိုပါစီမံကိန်းကို တရုတ်ပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် China Communications Construction Company(CCCC) က ဆောင် ရွက်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဧပြီလဆန်းမှ စတင်၍ မြန်မာပြည်ထွက် လက်ဖက်ခြောက်ကို တရုတ်နိုင်ငံသို့ တင်ပို့သွားမည်  

ပင်လောင်း၊ မတ် ၁၂

ဧပြီလဆန်းမှ စတင်ကာ မြန်မာ့လက် ဖက်ခြောက်ကို တရုတ်နိုင်ငံသို့ တင်ပို့သွားတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဖက်အသင်းမှသိရသည်။ ထုတ်လုပ်မှုနည်းပညာများ အဆင့်မြှင့်တင်ထားသည့် လက်ဖက်ခြောက်များကို ဧပြီလဆန်းပိုင်းမှစတင်၍ တရုတ်နိုင်ငံသို့ တင် ပို့သွားမည်ဖြစ်ပြီး ထိုကဲ့သို့ လက်ဖက်ခြောက်တင်ပို့နိုင်ရန် ယခုအခါ ပြည်တွင်းရှိ ဒေသအသီးသီးမှထွက်ရှိသည့် လက်ဖက်များကို ဝယ်ယူစုဆောင်းနေရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန်ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ယန်း ၈၂ ဘီလီယံကျော် ဂျပန်မှချေးယူရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ

နေပြည်တော်၊ မတ် ၁၂

ရန်ကုန် ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဂျပန်ဂျိုက်ကာ (JICA) ထံမှ ယန်း ၈၂ ဘီလီယံ ကျော် ချေးယူရန် ပြည်ထောင်စုလွှတ် တော်သို့ တင်ပြခဲ့သည်။ ရန်ကုန် မိလ္လာပြွန်စနစ် ဖွံ့ဖြိုး မှုစီမံကိန်း၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းနှင့် မြို့ပြဧရိယာဓာတ်အား ဖြန့် ဖြူးမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်း ဆောင်ရွက်ရန် ဂျပန်ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးယူ ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင် မောင်ဝင်းက မတ် ၁၂ ရက်တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ရခိုင်တွင် ပြည်ပအထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံရန် ကိုရီးယားလုပ်ငန်းရှင်များ ယခုလ လာဆွေးနွေးမည်

ရန်ကုန်၊ မတ် ၁၂

ရခိုင်ပြည်နယ်တွင် အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံရန် ကိုရီးယားလုပ်ငန်းရှင်များ ယခုလအတွင်း လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။ ရခိုင်ပြည်နယ် ငပလီတွင် ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပြပွဲပြုလုပ်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည်ဟု ဆက်သွယ်လာသည့် ကိုရီးယားလုပ်ငန်းရှင်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန(ရခိုင်ပြည်နယ်)မှ ညွှန်ကြားရေးမှူး ဒေါက်တာထူးမင်းသိန်းက မတ် ၁၂ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ကျူးကျော် တစ်သျှူး ငှက်ပျောဧက ခြောက်ထောင်ကျော် ဖျက်သိမ်းခြင်း မရှိပါက ၂ဝ၁၈ခုနှစ် သစ်တောဥပဒေဖြင့် အရေးယူသွားမည်

ရန်ကုန်၊ မတ် ၁၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကြိုးဝိုင်း /ကြိုးပြင်ကာကွယ်တောများအတွင်း ကုမ္ပဏီငါးခုက တစ်သျှူးငှက်ပျောဧက ခြောက်ထောင်ကျော် ကျူးကျော်စိုက်ပျိုးထားရှိမှုကို ဖျက်သိမ်းခြင်းမရှိပါက ၂ဝ၁၈ ခုနှစ် သစ်တောဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ရှိ နန့်ဝါကြိုးဝိုင်း၊ ဝါရှောင်ကြိုး ပြင်ကာကွယ်တော၊ ခန်ဖူးကြိုးပြင် ကာကွယ်တောများတွင် ကုမ္ပဏီငါးခုက ဧကခြောက်ထောင်ကျော်ကို ကျူးကျော်စိုက်ပျိုးထားခြင်းဖြစ် ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နယ်စပ်တံတိုင်း ခတ်ရန် ဒေါ်နယ်ထရန့် ဘတ်ဂျက် ထပ်မံတောင်းခံ

ဝါရှင်တန်၊ မတ် ၁၁ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် နယ်စပ်ခြံစည်းရိုးကာ သော လုပ်ငန်းအား ပြန်လည်ဖော်ထုတ်ကာ အမေရိကန၊် မက္ကဆီကို တံတိုင်းခတ်ရန်ကုန်ကျငွေအဖြစ် ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံကို ဘတ်ဂျက် ထပ်မံတောင်းခံလိုက်သည်ဟု မတ် ၁၁ ရက်သတင်းများအရ သိရှိရသည်။ ထရန့် တင်ပြတောင်းခံခဲ့သော ဘတ်ဂျက်တွင် ယခင်ကဘတ်ဂျက် ငွေလျော့နည်း၍ဟုဆိုကာ ရုံးများ အား ၃၅ ရက်ကြာ တစ်စိတ်တစ်ပိုင်း ပိတ်သိမ်းခဲ့ဖူးသည်။

ဆက်လက်ဖတ်ရှုရန် ...

ကုမ္ပဏီ၂၄ဝ ခန့် ပြန်လည် မှတ်ပုံတင်ခွင့်ပြုရန် တင်ပြထား

ရန်ကုန်၊ မတ် ၁၁

ကုမ္ပဏီ ၂၄ဝ ခန့် ပြန်လည်မှတ်ပုံတင်ခွင့်ပြုရန် တင်ပြထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောသည်။ ''ဖေဖော်ဝါရီ၁ရက်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်မှတ်ပုံတင်ရမယ့် ရက်မှာမတင်မိလို့ ပြန်လည်မှတ်ပုံတင် ခွင့်ပြုပါဆိုတဲ့ အကြောင်းကြားစာ တွေပို့တဲ့ကုမ္ပဏီ၂၄ဝ ရှိပါတယ်။ မတ် ၁၁ ရက်မှာ အဲဒီအကြောင်း ကြားစာတွေပြန်တင်ပြတဲ့ ကုမ္ပဏီ တွေထဲက ၁၃ ခုကိုမှတ်ပုံတင် ပြန်လုပ်ပေးထားပါတယ်''ဟု ၎င်းက မတ် ၁၁ ရက်တွင် ဒီမိုကရေစီတူ ဒေးသို့ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မုံရွာမြို့ တက္ကသိုလ် လမ်းမကြီးဖြစ်သော ကျောက္ကာလမ်းတွင် ကားလမ်းနှင့် ဆိုင်ကယ်လမ်း သီးခြားထားရှိရန် ဘတ်ဂျက်ငွေကျပ် သိန်း ၁၅ဝဝ ကျော် တောင်းခံထား

မုံရွာ၊ မတ် ၁၁ 

မုံရွာမြို့၏ ယာဉ်အသွားအလာအများဆုံးဖြစ် သောတက္ကသိုလ်လမ်းမကြီးဖြစ်သည့် ကျောက္ကာလမ်းမကြီးတွင် ကားလမ်းနှင့် စက်ဘီး၊ဆိုင်ကယ်လမ်းသီး ခြားဖြစ်စေရန် ကပ်တုံးများစီခြင်းအတွက် ဘတ်ဂျက်ငွေကျပ် သိန်း ၁၅ဝဝ ကျော် (ကျပ်သန်း ၁၅၆ ဒသမ ၃ဝဝ) လျာထားတောင်းခံထားကြောင်း လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။ ကပ်တုံးများစီခြင်းကို ၂ဝ၁၉ -၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် တိုင်း ဒေသကြီး သာမန်လျာထား ရန်ပုံ ငွေတွင် ထည့်သွင်းတောင်းခံခြင်း ဖြစ်ပြီး ရန်ပုံငွေရသည့်အပေါ်တွင် မူတည်၍ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဝန်ကြီး၏ပြောကြားချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...