HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ကွန်ဒို ဝယ်ယူသူ နိုင်ငံသားများကို အခွန်လျှော့ပေးရန် ညှိနှိုင်းနေဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁

ကွန်ဒိုမီ နီယံ (Condomi nium) ဝယ်ယူသူ မြန်မာနိုင်ငံသားများကို အခွန် လျှော့ပေးရန် သက်ဆိုင်ရာတာဝန် ရှိသူများနှင့်ညှိနှိုင်းလျက်ရှိကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။ ၂ဝ၁၈ ခုနှစ် သြဂုတ် ၂၇ ရက် က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံခဲ့ရာတွင် အခွန်လျှော့ပေါ့ ပေးရန် ၎င်းကဆောက်လုပ်ရေး လုပ်ငန်းရှင်များကိုယ်စားတင် ပြတောင်းဆိုခဲ့မှုအပေါ် နိုင်ငံတော် အနေဖြင့် အမြန်ဆုံးလုပ်ဆောင် ပေးနေသည်ကိုတွေ့ရှိရကြောင်း ဦးရှိန်ဝင်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ထီတိုက်မှု အားနည်း၍ လစဉ်အောင်ဘာလေ ပေါက်မဲအရေအတွက်၏ ငါးရာခိုင်နှုန်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းနေရ၊ အမြင့်ဆုံး ကျပ်သိန်း ငါးထောင်ဆုအထိ သိမ်းယူခဲ့ရ

ရန်ကုန်၊ ဇန်နဝါရီ ၁

ထီတိုက်မှုအားနည်းခြင်းကြောင့် လစဉ် အောင်ဘာလေဆု ပေါက်မဲအရေအတွက်၏ ငါးရာခိုင်နှုန်းကိုပြည် သူ့ဘဏ္ဍာအဖြစ် သိမ်းနေရပြီး အမြင့်ဆုံး ကျပ်သိန်း ငါးထောင်ဆုအထိ သိမ်းယူခဲ့ရကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှသိရသည်။ လက်ရှိအောင်ဘာလေသိန်းဆုဌာနခွဲတွင် ထီဆုရရှိသော် လည်း ထီဆုရရှိမှန်းမသိခြင်း၊ ထီဆုလက်မှတ်ပျောက်ဆုံး ပျက်စီး ခြင်းများကြောင့် ဆုငွေများစွာထုတ်ယူရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းနယ်စပ် မြဝတီမြို့တွင် ဘတ်ငွေဈေး ပြန်လည်ကျဆင်း၍ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာ

မြဝတီ၊ ဒီဇင်ဘာ ၃၁

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် နိုဝင်ဘာလက ထိုင်းဘတ်ငွေဈေးမှာ ဘတ် ၂ဝဝဝ လျှင် မြန်မာကျပ်ငွေ ၁ဝဝ,ဝဝဝ ထိရှိခဲ့သဖြင့် ထိုင်းကုန်စည်များ ဈေးမြင့် တက်ခဲ့ပြီး မြဝတီမြို့တွင် အရောင်းအဝယ်အေးခဲ့ကာ ယခုရက်ပိုင်း တွင် ထိုင်းဘတ်ငွေဈေးပြန်လည်ကျဆင်းလာသဖြင့် ရောင်းဝယ် ဖောက်ကားမှု ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။ 

ဆက်လက်ဖတ်ရှုရန် ...

ကုန်ဈေးနှုန်းကြီး၍ အမေရိကန်ပြည်နယ်များတွင် အနည်းဆုံး လုပ်ခသတ်မှတ်ချက် ပြဋ္ဌာန်းခဲ့

ဂျက်ဖာဆန်စီးတီး၊ ဒီဇင်ဘာ ၃၁

အမေရိကန်နိုင်ငံ မစ်ဇူရီပြည်နယ် Grenny Shaffer  စားသောက်ဆိုင်တွင် အစားအသောက်များအား ၅-၁ဝ သို့မဟုတ် ဆင့် ၂ဝ ထပ်တိုးယူထားသည်ဟု ဆိုင်ပိုင်ရှင် ဖြစ်သူ ဝင်းဂင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။ ကြက်ဥနှစ်လုံးပါ နံနက်စာ တစ်ပွဲသည် ၇ ဒသမ ၃၉ ဒေါ်လာ ဖြင့် ရောင်းချနေပြီဖြစ်သည်။ ကြက် ကြော် သုံးဖတ်ပါ ညစာစားပွဲ တစ် ပွဲလျှင် ဆင့် ၂ဝ ပိုမိုပေးဆောင် ဝယ် ယူရတော့မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ-ထိုင်းနှစ်နိုင် ငံ တရားမဝင် ကုန်သွယ်မှုပမာဏ နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံဖိုးခန့် ရှိနေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မြန်မာ- ထိုင်းနှစ်နိုင်ငံ တရားမဝင်ကုန်သွယ်မှုပမာဏနှစ်စဉ်အနည်းဆုံး အမေရိကန်ဒေါ်လာတစ်ဘီလီယံဖိုးခန့်ရှိနေ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှသိရသည်။ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ် ရေးတွင် ပင်လယ်ရေကြောင်းကုန် သွယ်မှုနှင့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး/နဘု လယ်၊ မောတောင် စသည့်နယ်စပ် ကုန်သွယ်ရေးစခန်းခြောက်ခုမှကုန် သွယ်မှုများပြုလုပ်လျက်ရှိရာတရား မဝင်ကုန်ပစ္စည်းများကို ယင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများမှ အများဆုံးကုန်သွယ်မှုပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပုဇွန်တောင် မြစ်သုံးဆိုင်ထိပ်ရှိ ပြည်တော်သစ်အိမ်ရာ ဖွံ့ဖြိုးရေး စီမံကိန်းစတင်ရန် ပိုင်တိုင်စိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ

ပုဇွန် တောင်မြို့နယ်အတွင်း မြစ်သုံး ဆိုင်ထိပ်ရှိ ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း ပိုင်တိုင် စိုက်ထူခြင်း အခမ်းအနားကို ဒီဇင် ဘာ ၃ဝ ရက်က ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရက ကိုင်တွယ်ဆောင်ရွက်နေသည့် အစိုးရပိုင်ကုမ္ပဏီ Yangon Metropolitan Development ကုမ္ပဏီက Developer  နေရာမှ နေ၍ ကန်ထရိုက်တာများကို တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မူဆယ် (၁ဝ၅) မိုင်ရှိ ယာယီ ရပ်ဆိုင်းထားသည့် အရှေ့မြောက်တံခါး အများနှင့် သက်ဆိုင်သောကုမ္ပဏီ သစ်သီးအရောင်းကွင်း ဇန်နဝါရီလ ၁ ရက်တွင်ပြန်လည်ဖွင့်လှစ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ

မူဆယ် (၁ဝ၅)မိုင်တွင် ယာယီရပ်ဆိုင်းထား သည့်အရှေ့မြောက်တံခါးအများ နှင့်သက်ဆိုင်သော ကုမ္ပဏီလီမိ တက် သစ်သီးအရောင်းကွင်းကို ဇန်နဝါရီ ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိဖြစ်ပေါ်နေသည့် မူ ဆယ်နယ်စပ်ကုန်သွယ်ရေးအခြေ အနေနှင့် ကျင့်စန်းကျော့ဂိတ် လမ်းပိတ်ဆို့မှုအခြေအနေကြောင့် တောင်သူများ နစ်နာဆုံးရှုံးမှုပိုမိုများပြားလာနိုင်သဖြင့် အရှေ့မြောက် တံခါးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် သစ်သီးရောင်း ကွင်းကိုလည်း ဒီဇင်ဘာ ၂၇ ရက် နေ့မှစတင်၍ ရက်အကန့်အသတ် မရှိ သစ်သီးအရောင်းအဝယ် ယာယီ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မူဆယ် (၁ဝ၅) မိုင်ရှိ ယာယီ ရပ်ဆိုင်းထားသည့် အရှေ့မြောက်တံခါး အများနှင့် သက်ဆိုင်သောကုမ္ပဏီ သစ်သီးအရောင်းကွင်း ဇန်နဝါရီလ ၁ ရက်တွင်ပြန်လည်ဖွင့်လှစ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ

မူဆယ် (၁ဝ၅)မိုင်တွင် ယာယီရပ်ဆိုင်းထား သည့်အရှေ့မြောက်တံခါးအများ နှင့်သက်ဆိုင်သော ကုမ္ပဏီလီမိ တက် သစ်သီးအရောင်းကွင်းကို ဇန်နဝါရီ ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိဖြစ်ပေါ်နေသည့် မူ ဆယ်နယ်စပ်ကုန်သွယ်ရေးအခြေ အနေနှင့် ကျင့်စန်းကျော့ဂိတ် လမ်းပိတ်ဆို့မှုအခြေအနေကြောင့် တောင်သူများ နစ်နာဆုံးရှုံးမှုပိုမိုများပြားလာနိုင်သဖြင့် အရှေ့မြောက် တံခါးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် သစ်သီးရောင်း ကွင်းကိုလည်း ဒီဇင်ဘာ ၂၇ ရက် နေ့မှစတင်၍ ရက်အကန့်အသတ် မရှိ သစ်သီးအရောင်းအဝယ် ယာယီ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...