HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

၂ဝ၁၉ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ မေ ၆ ရက်မှစတင် ထုတ်ချေးပေးမည်

ရန်ကုန်၊ မေ ၂

၂ဝ၁၉ခုနှစ်မိုး ရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူလယ်သမားများထံ သို့ ယခုမေ ၆ ရက်မှစတင်ထုတ်ချေး ပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှသိရသည်။ တောင်သူတစ်ဦးချင်း ၎င်းတို့ပိုင်ဆိုင်သောလယ်ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)မူရင်း ကိုဘဏ်သို့ အပေါင်အဖြစ် ပေးအပ်၍ တောင်သူတစ်ဦးချင်းကိုယ် တိုင်အာမခံသည့်စနစ်ဖြင့် စပါး သီးနှံကို တစ်ဧကကျပ်တစ်သိန်းခွဲ နှုန်း၊ အခြားသီးနှံများကိုတစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့်ထုတ်ချေး ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကျပ် ဆယ်သိန်းနှင့်အထက် ကံထူးရှင်များ၏ ဆုငွေများကို မေ ၂ ရက်မှ စတင်ကာ ထုတ်ပေးမည်  

ရန်ကုန်၊ မေ ၁

မေလ ၁ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည့် (၃)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှ ထီပေါက်သည့် ကံထူးရှင်များအနက် ကျပ်ဆယ်သိန်းနှင့်အထက် ကံထူးရှင်များ၏ဆုငွေများကို မေ ၂ ရက်မှစတင်၍နေ့ချင်းပြီးထုတ်ပေးသွားမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အောင်လံတွင် ဒေသထွက် သောက်ရေအိုးများ အရောင်းသွက်နေ

အောင်လံ၊ မေ ၁ 

နွေရာသီအပူချိန်မြင့်တက်နေမှုကြောင့် မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ ဒေသထွက်သောက်ရေအိုးများ အ ရောင်းသွက်နေကြောင်း မြို့မဈေး ကြီးအတွင်းရှိ သောက်ရေအိုးရောင်းချသူများထံမှ သိရသည်။ ''အရင်နှစ်တွေထက် ပိုရောင်းရတယ်။ တစ်ရက်ကို သောက်ရေ အိုးအလုံးနှစ်ရာလောက် ရောင်းရတယ်။ ဈေးကလည်း တစ်လုံးကိုအရင်နှစ်ထက် ကျပ်နှစ်ရာလောက်တက်တယ်''ဟု သောက်ရေအိုး ရောင်းချသူ ဒေါ်ကြည်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဆွေးနွေးခဲ့

ရန်ကုန်

မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အ ကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဧပြီ ၂၉ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်သည်။  ထိုသို့ရောက်ရှိချိန် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo Hun Sen  နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုအခြေအနေများ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍများနှင့် အာဆီယံအဖွဲ့အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

(၆၉) ကြိမ်မြောက် မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်ရာ အလေးချိန် ခုနစ်ပိဿာကျော် ရရှိ

မန္တလေး၊ ဧပြီ ၃ဝ

၂ဝ၁၈-၂ဝ၁၉ ခုနှစ်အတွက် (၆၉) ကြိမ် မြောက် မန္တလေး မဟာမုနိဘုရားကြီးရွှေမှိုက်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာမှ သန့်စင်ပြီး မီးလင်းရွှေအလေးချိန် ၇ ပိဿာ ၁၂ ကျပ် ၄ ပဲ ၄ ရွေးတိတိ ထုတ်ယူရရှိခဲ့ကြောင်းသိရသည်။ ရွှေမိုက်ထုတ်လုပ်ငန်းကို မဟာမုနိဘုရားကြီးဂေါပကအဖွဲ့၏ တာဝန်ပေးချက်အရ နှစ်စဉ်ကုသိုလ်ယူထုတ်လုပ်ပေးသော ဦး မောင်ကြီးနှင့်သားများ ရွှေမိုက်ထုတ်လုပ်ငန်းမှ ဦးမောင်ကြီး၏ သားသုံးဦးတို့က အခကြေးငွေလုံးဝမယူဘဲ မတ် ၂၆ ရက်မှစတင်၍ ကုသိုလ်ပြုထုတ်လုပ်ခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်တိုးတက်ကောင်းမွန်ရေး ထိုင်းမှ ဘတ်သန်း ၁၄ဝဝ ကျော်ချေးငွေဖြင့် ဆောင်ရွက်ရန် လွှတ်တော်သို့ တင်ပြ  

နေပြည်တော်၊ ဧပြီ ၃ဝ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အား ပြတ်တောက်မှုကြာချိန်ကို လျှော့ ချနိုင်မည့်အကျိုးကျေးဇူးရှိသည့် စီမံကိန်းအတွက် ထိုင်းနိုင်ငံ NEDA (Neighbouring Countries Economic Development Cooperation Agency) ထံမှ ထိုင်းဘတ်ငွေ သန်း ၁၄ဝဝ ကျော် ချေးငွေဖြင့် ဆောင်ရွက်ရန်ပြည် ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။ ဧပြီ ၃ဝ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ထိုင်းနိုင်ငံ NEDA ထံမှ ထိုင်းဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်း ချေးငွေရယူရေးနှင့် ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်သို့တင်ပြရာ၌ ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အီတလီအစိုးရ၏ချေးငွေ ပူးပေါင်းထည့်ဝင်မည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအတွက် Soft Loan Agreement လက်မှတ်ရေးထိုး

ရန်ကုန်၊ ဧပြီ ၃ဝ

အီတလီ အစိုးရ၏ချေးငွေပူးပေါင်းထည့်ဝင်မည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းအတွက် Soft Loan Agreement  လက်မှတ်ရေးထိုးခဲ့ ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲကို ဧပြီ ၃ဝရက် မွန်းလွဲ ၁ နာရီ အချိန်ကနေ ပြည်တော်ရုံးအမှတ် (၃၆)၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဆိုင်ရာ အီတလီနိုင်ငံသံအ မတ်ကြီး  Ms.Alessandra Schiavo။ ကမ္ဘာ့ဘဏ်မှ Country  Director ဖြစ်သူ  Ms.Ellen Goldstein။ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

(၃)ကြိမ်မြောက် ကျပ် ၁ဝဝဝ တန်ထီဖွင့်ပွဲအတွက် ထီစာအုပ် နှစ်သိန်း ခြောက်သောင်းကျော် ရောင်းချရန်ကျန်နေ၊ ရောင်းမကုန်သည့် ထီလက်မှတ်များမှ ဆုမဲများ ထွက်ပေါ်လာပါက ဆုမဲအသစ် ထပ်မံပြန်လည် ဖွင့်လှစ်ပေးမည်

ရန်ကုန်၊ ဧပြီ ၂၉

(၃)ကြိမ် မြောက် ကျပ် ၁ဝဝဝ တန်အောင် ဘာလေ သိန်းဆုထီဖွင့်ပွဲအတွက် ထီစာအုပ် နှစ်သိန်း ခြောက်သောင်း ကျော်ရောင်းချရန်ကျန်ရှိခဲ့ပြီး ရောင်းမကုန်ထီ လက်မှတ်များမှ ဆုမဲများထွက်ပေါ်လာပါက ဆုမဲ အသစ်ထပ်မံပြန်လည် ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များဦးစီးဌာနမှ သတင်း ရရှိသည်။ မေလ ၁ ရက်နေ့တွင်ကျင်း ပမည့် (၃)ကြိမ်မြောက် ကျပ် ၁ဝဝဝ တန် အောင်ဘာလေသိန်းဆု ထီဖွင့် ပွဲအတွက် 'က' အက္ခရာမှ 'ကဃ'အက္ခရာထိ စုစုပေါင်းအက္ခရာအ လုံးရေ (၃၇) လုံးအား ဧပြီ ၁ ရက် မှ ဧပြီ ၂၆ ရက်အထိ ရောင်းချခဲ့ရာ ကြိုတင်မှာယူထားသူများက လျှော့ ချဝယ်ယူခဲ့ကြသဖြင့် ထီစာအုပ် ပေါင်း ၂၆၁၂၉၅ မှာ ရောင်း မကုန်ထီလက်မှတ်များဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...