HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ရိဒ်နယ်စပ် ပြန်လည်ဖွင့်လှစ် လိုက်သော်လည်း မြန်မာဘက်မှတင်ပို့သည့် ကုန်စည်အများစု အရောင်းအဝယ်နှေးကွေးနေသေး  

ကလေး၊ ဧပြီ ၂၉ 

မြန်မာ-အိန္ဒိယ နယ်စပ် ရိဒ်နယ်စပ်ရောင်းဝယ်ရေးကို အိန္ဒိယနိုင်ငံဘက်မှ ရက်ရှည် ပိတ်ထားခဲ့ပြီးနောက် မကြာမီရက် ပိုင်းမှစတင်၍ မြန်မာ-အိန္ဒိယနယ် စပ်တံတားပေါ်မှ သွားလာရောင်း ဝယ်ခွင့်ပြုခဲ့သော်လည်း မြန်မာဘက် မှတင်ပို့သည့် ကုန်စည်အများစုမှာ အရောင်းအဝယ်နှေးကွေးနေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန်မြို့ပတ် မိုးပျံရထားလမ်း စီမံကိန်း နိုင်ငံတော်အဆင့် အတည်ပြုချက်ရပါက ၂ဝ၂၇ ခုနှစ်ဝန်းကျင်တွင် ဖော်ဆောင်နိုင်မည်

ရန်ကုန်၊ ဧပြီ ၂၉ 

ရန်ကုန်မြို့ပတ် မိုးပျံရထားလမ်းစီမံကိန်းကို နိုင်ငံတော်အဆင့် အတည်ပြုချက် ရပါက ၂ဝ၂၇ (သို့မဟုတ်) ၂ဝ၂၈ ခုနှစ်တွင် စတင်ဖော်ဆောင်နိုင် မည်ဖြစ်ကြောင်း သိရသည်။ ဧပြီ ၂၉ ရက်၊ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ရုံး၊ Media Corner တွင် ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင် ရေးစီမံကိန်း (UMRT)နှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခြင်း အခမ်းအနားတစ်ခုကို ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင် မောင်ထွန်း၊ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ၊ JICA Myanmar မှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထား (အောက်မြန်မာပြည်)မှတာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

တွန်းဇံမြို့တွင်း လမ်းခင်းခြင်းလုပ်ငန်းကို ငွေကျပ်သန်း ၁ဝဝ ကျော်ဖြင့် စတင်ဆောင်ရွက်နေ

တွန်းဇံ၊ ဧပြီ ၂၈

ချင်းပြည်နယ် တွန်းဇံမြို့တွင်း ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သည့် လုပ်ငန်းများအား ချင်းပြည် နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေမှ ကျပ် ၁၁ဝ ဒသမ ၈၈ သန်းဖြင့် ဆောင် ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ဧပြီ ၂၆ က ပြောကြားသည်။ တွန်းဇံမြို့တွင်း လမ်းများမှာ အတက်အဆင်းကြီးမားသည့် လမ်း များဖြစ်ပြီး၊ မိုးရက်ဆက်ရွာသွန်း သော မိုးတွင်းကာလများတွင် ကားသွားလာရေးအခက်အခဲများ ရှိလာသည့်အတွက် (၂ဝ၁၈-၂ဝ၁၉) ဘဏ္ဍာနှစ်တွင် လမ်းအရှည်ပေ ၂၆၄ဝ ရှိသော ဟောက်ကျင်းခုတ် လမ်းကို ခေါလိုင်ကုမ္ပဏီမှ တာဝန်ယူ၍ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ - ဂျပန် နှစ်နိုင်ငံ အစိုးရရန်ပုံငွေ စုစုပေါင်းကျပ် ဘီလီယံ ၁၄ဝ ကျော်ဖြင့် နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံကြီး ရန်ကုန်မြို့တွင် တည်ဆောက်မည်

ရန်ကုန်၊ ဧပြီ ၂၈

မြန်မာ-ဂျပန် ချစ်ကြည်ရေးအဖြစ် နိုင်ငံတကာ အဆင့်အတန်းမီသော နှလုံး၊ ဦး နှောက်နှင့်အာရုံကြောအထူးကု ဆေးရုံကြီးကို နှစ်နိုင်ငံအစိုးရရန်ပုံ ငွေစုစုပေါင်းမြန်မာကျပ်ဘီလီယံ ၁၄ဝ ကျော်အကုန်အကျခံ၍တည် ဆောက်သွားမည်ဖြစ်ပြီး မသန်စွမ်းများအတွက် ထည့်သွင်းစဉ်းစား၍ ဆေးရုံပုံစံကိုတည်ဆောက် သွားမည်ဖြစ်ကြောင်းသိရသည်။ 

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ့ အိမ်ခြံမြေဈေးကွက် ၂ဝ၂ဝ ပြည့်နှစ်အထိ ဆက်လက် ရပ်တန့်ဦးမည် ဟုဆို

ရန်ကုန်၊ ဧပြီ ၂၈

မြန်မာနိုင်ငံတွင် ၂ဝ၂ဝ ပြည့်နှစ်အထိ အိမ် ခြံမြေဈေးကွက် ဆက်လက်ရပ်တန့်နေဦးမည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှအထွေထွေ အတွင်းရေးမှူးချုပ်ဦးမျိုးမြင့်က ပြောကြားသည်။ ဧပြီ ၂၈ ရက် ရန်ကုန်မြို့ရှိ CBC Ballroom တွင်ပြုလုပ်သော B2B စကားဝိုင်းအပြီး မီဒီယာများ၏ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ် သည်။

ဆက်လက်ဖတ်ရှုရန် ...

အိန္ဒိယဝယ်မည့်သတင်းကြောင့် ပဲစင်းငုံဈေးပြန်တက်

ရန်ကုန်၊ ဧပြီ ၂၇- မြန်မာပဲကို အိန္ဒိယ အစိုးရဝယ်ယူမည့် ကြေညာချက်ထွက်ရှိ ပြီး တစ်လအတွင်း ပဲစင်းငုံတစ်တန်လျှင် ကျပ် ဆယ်သိန်းနှစ်သောင်းအထိ ဈေး ပြန်တက်လာကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပိတ်ဆို့အရေးယူမှုများ ချမှတ်ခံထားရသော အီရန်နိုင်ငံမှ ကုန်စည်များကို တူရကီနိုင်ငံက  ဘာတာစနစ်ဖြင့် ဝယ်ယူမည်

အန်ကာရာ၊ ဧပြီ ၂၇ - တူရကီနိုင်ငံနှင့် အီရန်နိုင်ငံတို့သည် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများကြားမှ နှစ်နိုင်ငံ ကုန်စည်လဲလှယ်သောစနစ်ဖြင့် ပိတ်ဆို့အရေးယူမှုကို ကျော်လွှားနိုင်ရန် စီစဉ်ဆောင်ရွက်နေသည် ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး မက်(ဗ)လပ်ကေဗူဆော့(လ်)လူက ထုတ်ဖော်ပြောကြားလိုက်ကြောင်း ဧပြီ ၂၇ရက် သတင်များအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

'ကြွေးမြီထောင်ချောက်'မှာ တရုတ်အတွက်ရော BRI အတွက်ပါ မသင့်တော်ကြောင်း အီးယူဆိုင်ရာ တရုတ်သံအမတ်ကြီးပြောကြား

ဘရပ်ဆဲလ်စ်၊ ဧပြီ ၂၇ - ဥရောပသမဂ္ဂအဖွဲ့ (အီးယူ) အတွက် တရုတ်မစ်ရှင်အဖွဲ့ခေါင်း ဆောင် သံအမတ်ကြီး ကျန်မင်းက တရုတ်ကတင်ပြထားသည့် ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ် အကောင်အထည်ဖော်မှု (BRI) မှာ တရုတ်ကြေ<ွကးမြီထောင်ချောက် ဆင်ခြင်းသာဖြစ်သည်ဆိုသည့် စွပ်စွဲချက်အားပယ်ချလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...