HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တစ်နိုင်ငံလုံးရှိ အစိုးရစီမံကိန်းများကို တစ်ထိုင်တည်း ရင်းနှီးမြှုပ်နှံခွင့်ပေးမည့် Invest Myanmar Summit 2019 ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

တစ်နိုင်ငံ လုံးရှိ အစိုးရစီမံကိန်း လုပ်ငန်းများ ကို Invest Myanmar Summit 2019 တွင် ချပြပြီး နိုင်ငံတကာနှင့် ပြည်တွင်းလုပ်ငန်းရှင်များကို တစ် ထိုင်တည်း ရင်းနှီးမြှုပ်နှံခွင့် ပေး မည်ဖြစ်ကြောင်း သိရသည်။ ယင်းပွဲကို ဇန်နဝါရီ ၂၈ ရက် မှ ၂၉ ရက်အထိ နေပြည်တော် MICC-2 တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်ဖြစ်ကာ ပြည်ထောင် စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေ သကြီးဝန်ကြီးချုပ်များအားလုံး တက်ရောက်မည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက တစ်နိုင်ငံလုံးရှိ စီမံကိန်းလုပ်ငန်း များကို ချပြရှင်းလင်းကာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ကုန်သည် စက်မှုအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင် လေးက ဇန်နဝါရီ ၁၉ ရက်တွင် ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

အာမခံ အပေါင်ပစ္စည်း မလိုအပ်ဘဲ လုပ်ငန်းလည်ပတ်ငွေပေါ်တွင်သာ အခြေခံထုတ်ချေးသည့် (CFB) ချေးငွေကို အထည်ချုပ်လုပ်ငန်းနှင့် သွင်းကုန်ပို့ကုန် လုပ်ငန်းရှင်များကို ဦးစားပေး ထုတ်ချေးပေးမည်

ရန်ကုန် ဇန်နဝါရီ ၁၉

အာမခံအပေါင်ပစ္စည်း မလိုအပ်ဘဲ လုပ်ငန်းလည်ပတ်ငွေပေါ်တွင်သာ အ ခြေခံပြီး ထုတ်ချေးသော (CFB)ချေးငွေကို အထည်ချုပ်လုပ်ငန်း နှင့် သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်များအား ဦးစားပေးထုတ်ချေးပေး မည်ဖြစ်ကြောင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ဘဏ် SMID Bank မှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ့လက်မှု အနုပညာပစ္စည်းများ ဈေးကွက်ရရှိစေရန် မကြာမီ ဖွင့်လှစ်မည့် Myanmar International Trade Center တွင် ရောင်းချနိုင်ရန် စီစဉ်ပေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မြန်မာ့လက်မှု အနုပညာပစ္စည်းများ ဈေးကွက်ရရှိစေရန်အတွက် မကြာမီရန်ကုန်မြို့တွင် ဖွင့်လှစ် တော့မည့် Myanmar International Trade Center တွင် ဆိုင်ခန်းများဖြင့် ရောင်းချနိုင်ရန် စီစဉ်ပေးသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင် ရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားလိုက်သည်။ ဇန်နဝါရီ ၁၈ ရက်က UMFCCI တွင်ကျင်းပပြုလုပ်သော မြန်မာ့လက်မှု အနုပညာအသင်း (MACA) ၏တတိယအကြိမ်မြောက်နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးနှင့် လက်မှုပစ္စည်းများ ပြသပွဲတွင် အမှာစကားပြောကြားရင်း ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အီးယူမှ မြန်မာ့ဆန် လုံးရှည်ကို အခွန်ပြန်လည် ကောက်ခံသည့် ကာလအတွင်း အလားအလာရှိသည့် အခြားဈေးကွက်သစ်များ ရှာဖွေသွားမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

အီးယူမှ မြန်မာ့ဆန်လုံးရှည်ကို အခွန်ပြန်လည် ကောက်ခံသည့်ကာလအတွင်း အလားအလာရှိသည့် အခြားဈေးကွက်သစ်များ ရှာဖွေသွားမည်ဖြစ်ကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။ ဥရောပသမဂ္ဂ(အီးယူ)အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်လျက်ရှိသော အဖွဲ့ဝင်နိုင်ငံအချို့၏ ကန့်ကွက်မှုကြောင့် အမျိုးသားအကျိုးစီးပွားကို ဆန်းစစ်သုံးသပ်ကာ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှရရှိထားသော အကောက်ခွန် သက်သာခွင့်အထူးအခွင့်အရေး (GSP) ကို သုံးနှစ်ခန့်ယာယီရပ်ဆိုင်း၍ ဇန်နဝါ ရီ ၁၈ ရက်မှစတင် အခွန်ပြန်လည် ကောက်ခံရန် ဥရောပသမဂ္ဂကော်မရှင်က ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြိုင်ပေနက်ရေနံအစမ်း တွင်းအမှတ်(၁) ဇန်နဝါရီ ၂၆ ရက်တူးဖော်မည် တစ်နေ့ သဘာဝဓာတ်ငွေ့ ကုဗပေ သုံးသန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထား

နေပြည်တော်၊ ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်တွင်ရှိသည့် မြိုင်ပေနက် ရေနံအစမ်းတွင်း အမှတ်(၁)ကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် စတင်တူးဖော်မည်ဖြစ်ပြီး အောင်မြင်စွာ တူးဖော်စမ်းသပ်ပြီးပါက တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗပေ သုံးသန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်း ထားကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဒုတိယဦး ဆောင်ညွှန်ကြားရေးမှူး ဦးဥာဏ်ထွန်းက ပြောသည်။ အဆိုပါ ပြောကြားချက်ကို ဇန်နဝါရီ ၁၇ ရက်က နေပြည်တော်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်သူများ အိမ်ရာပိုင်ဆိုင်မှု အခွင့်အလမ်း ပိုကောင်းမွန်လာစေရန် သက်တမ်း သုံးနှစ်ထက်ပိုသော အိမ်ရာချေးငွေများကို ဗဟိုဘဏ်က ထုတ်ချေးခွင့်ပြု

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ဘဏ်များ၏ ချေးငွေဈေးကွက်ချဲ့ထွင် နိုင်ရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှု အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်း ဘဏ်များကို ချေးငွေသက်တမ်း သုံးနှစ်ထက်ပိုသော အိမ်ရာချေးငွေများကို ထုတ်ချေးခွင့်ပြုလိုက် ကြောင်း သိရသည်။ ယင်းကဲ့သို့ ထုတ်ချေးရာတွင် လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ဘဏ်၏စုစုပေါင်းချေး ငွေ (Total loan Portfolio) ၏ ၅ ရာခိုင်နှုန်းအထိ ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

စက်သုံးဆီဈေးနှုန်း အတက်၊ အကျ ထိန်းညှိနိုင်ရန် လွတ်လပ်သော စက်သုံးဆီဈေးနှုန်း ကြီးကြပ်ရေးကော်မတီ၊ ကော်မရှင်တို့ ဖွဲ့စည်းရမည် ဟုဆို

နေပြည်တော်၊ ဇန်နဝါရီ ၁၇

စက်သုံးဆီဈေးနှုန်းအတက်၊ အကျကို ထိန်းညှိနိုင်ရန်အတွက် လွတ်လပ် သော စက်သုံးဆီဈေးနှုန်းကြီးကြပ် ရေးကော်မတီ၊ ကော်မရှင်တို့ဖွဲ့စည်း ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံး လက် ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ပြောသည်။ဇန်နဝါရီ ၁၇ ရက်က နေ ပြည်တော် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဝင်ငွေနည်းသူများအတွက် ထိုင်းအစိုးရက ဘတ် ၂၆ ဘီလီယံ စီမံကိန်း လုပ်ဆောင်

ဘန်ကောက်၊ ဇန်နဝါရီ ၁၇

ထိုင်းအစိုးရ၏ သက်သာ ချောင်ချိရေးနှင့် ထောက်ပံ့ကြေး ပေးရေးစီမံကိန်းအောက်တွင် အလုပ်သမားလေ့ကျင့်ပေးရေးသည် ၁ ဒသမ ၅၆ သန်းရှိသည့် ထောက်ပံ့ခံလူများ ဝင်ငွေတိုးတက်ရရှိလာကြမည်ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ဘတ်ငွေ ၂၆ဘီလီယံသုံးစွဲသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အထက်တန်းအရာ ရှိတစ်ဦးက ပြောကြားလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...