HIGHLIGHT NEWS
Main menu

Editorials [-- အယ်ဒီတာ့အာဘော် --]

စေတနာသည် တစ်ခါတစ်ရံတွင် ခါး၏

ငယ်ဘဝစာမျက်နှာများကို ပြန်တွေးတိုင်း ထိုအဖြစ်က ရှေ့ဆုံးနားက ဝင်ဝင်လာတတ်သည်။ မိမိငယ်စဉ်က အဘွားနှင့်သာ အနေများ ကြီးပြင်းခဲ့ရသည်။ အဘွားက စိတ်ရင်း မနောကောင်းပေမယ့် နည်းနည်းကြမ်းသည်။ မိမိကို ဆိုဆုံးမစရာရှိလျှင် ဘယ်တော့မှ သာသာညင်းညင်းမပြော။ ပိဿာလေးနှင့် ဘေးပစ်ဆိုတာလို နင့်နင့်နည်းနည်း  ပြောတတ်သည်။ စိတ်မထင်လျှင် လက်က ဆတ်ခနဲ ပါတတ်သေးသည်။ အဘွားဆူလျှင် အသည်းနုသောမိမိမှာ မခံသာသဖြင့် မျက်ရည်ကျရသည်။

ဆက်လက်ဖတ်ရှုရန် ...

တစ်ကျော့ပြန် မြစ်ဆုံအရေး

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ဒေသ အထူးခရီးစဉ်ကို ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာသွားရောက်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း မဂွေဇ-ဆန်းလွတ်ချက်တောင်ထိပ်( ၃၃ မိုင် ၆ ဖာလုံ )လမ်းပိုင်း ဖွင့်လှစ်ခြင်း၊ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စီမံကိန်း ဖွင့်လှစ်ခြင်း၊ (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ခြင်းများအပြင် ဒေါ်အောင် ဆန်းစုကြည်သည် ကချင်မနောပွဲသို့ တက်ရောက်ခြင်း၊ ဒေသခံများနှင့် တရင်းတနှီး တွေ့ဆုံခြင်း၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

အင်န်အယ်လ်ဒီ အစိုးရသစ်၏ ရလဒ်ကို စောင့်ကြည့်ခြင်း

မြန်မာနိုင်ငံတွင် အတိုက်အခံပါတီကြီးတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရသည် ၂ဝ၁၆ ခုနှစ် ဧပြီလတွင် အရပ်သားအစိုးရအဖြစ် ပီပီပြင်ပြင်ထွက်ပေါ်လာသည်။ NLD ပါတီသည် ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီအရေးတော်ပုံကြီး ဆင်နွှဲပြီးနောက် ပေါ်ထွန်းလာသည့် ပါတီကြီးတစ်ရပ်ဖြစ်ပြီး မကြာသေးမီကာလက နှစ် ၃ဝ ပြည့် ပုလဲရတုသို့ တိုင်ခဲ့ပြီဖြစ်သည်။ အစိုးရမဖြစ်မီ အတိုက်အခံပါတီကြီးတစ်ခုအဖြစ် ပြည်သူလူထုနှင့်အတူ ခက်ခဲပင်ပန်းဆင်းရဲကြီးစွာ ရုန်းကန်လှုပ်ရှားဖြတ်သန်းခဲ့ရသည်။ ပါတီဝင်များ၏ အသက်သွေးချွေးများကို များစွာပေးဆပ်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...

ငါးကြီးကြီးများကို ဖမ်းကြော်ခြင်းဖြင့် အရှိန်မြှင့် ဆောင်ရွက်သင့်

ဒီမိုကရေစီအသွင်ကူးပြောင်းမှုအောင်မြင်ရန် နိုင်ငံ့ဝန်ထမ်းများ၏ ပုံစံကျနေသည့်အတွေးအခေါ်နှင့် အလေ့အထများကို ပြုပြင်ပြောင်းလဲရန် အထူးလိုအပ်ကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က စက်တင်ဘာ ၆ ရက်ကပြောကြားလိုက်သည်ကို တွေ့ရသည်။ ထို့ပြင် သူက အဂတိကင်းစင်ရေး အလေးထားဆောင်ရွက်နေပြီး၊ ထိုသို့ဆောင်ရွက်ရာတွင် ကျောသားရင်သားမခွဲခြားကြောင်း၊ ဆူကြုံနိမ့်မြင့်လည်းမခွဲခြားကြောင်း၊ ဥပဒေအင်္ဂါအတွင်းဝင်ပါက ငြိစွန်းလျှင် ငြိစွန်းသည့်အတိုင်း၊ မငြိစွန်းလျှင် မငြိစွန်းသင့်အတိုင်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောကြားထားသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်သူ့ အကျိုးစီးပွား မထိခိုက်ရေး အလေးထား စီမံ

စီးပွားရေးတွင် လက်ဝါးကြီး အုပ်ထားသူများနှင့် မရိုးဖြောင့်သည့် နည်းလမ်းဖြင့် လုပ်ပိုင်ခွင့် ရရှိထားသူများအား ဝိုင်းဝန်းဖော်ထုတ်ပေးခြင်းဖြင့် ပြည်သူလူထု၏ စီးပွားရေးအခြေခံ အခွင့်အရေးများကို ကာကွယ်ပေးရမည်ဟု အင်န်အယ်လ်ဒီပါတီ တည်ထောင်ခြင်းနှစ်(၃ဝ)ပြည့်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားပေရာ လက်ရှိအခြေအနေတို့အရ ထူးခြားသော တိုက်တွန်းချက်ဟုဆိုရမည်ဖြစ်ပေသည်။ 

ဆက်လက်ဖတ်ရှုရန် ...

နိုင်ငံရေး ဘောဂဗေဒ အမြင်

အယ်ဒီတာ့ အာဘော်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံရေးဘောဂဗေဒ ကျွမ်းကျင်စွာအသုံးချတတ်ရန်လိုသည်။ နိုင်ငံရေးကို ဝိဇ္ဇာပညာရပ်အနေဖြင့် မြင်သူများ ရှိသကဲ့သို့ သိပ္ပံဘာသာရပ်အဖြစ် ရှုမြင်ကြသူများလည်းရှိသည်။ ယင်းအတွက် နိုင်ငံရေးသိပ္ပံ(Politic Science) ဖြင့် ပေါ်ထွန်းလာခြင်းဖြစ်သည်။ ယင်းအတွက် နိုင်ငံရေးသည် ဝိဇ္ဇာနှင့်သိပ္ပံ နှစ်ခုစလုံးမှ ရှုမြင်နိုင်ရန်လိုအပ်သည်။ ထို့အတူ အစိုးရတစ်ရပ်သည် နိုင်ငံရေးအမြင်နှင့် ကြည့်သကဲ့သို့ စီးပွားရေးအမြင်နှင့်ပါ ယှဉ်တွဲရှုမြင်သုံးသပ်နိုင်မှ ယင်းအစိုးရသည် ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

လက်မည်းကြီးများကို ထိရောက်စွာ ဖော်ထုတ် အရေးယူ  

ဒေါ်လာလေပတ်ကား ဈေးကစားပြုလုပ်နေသူများကို စုံစမ်းအရေးယူသွားမည်ဟု နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၂၁ ရက်တွင် တရားဝင် ထုတ်ပြန်သတိပေးခဲ့ပြီးနောက် စက်တင်ဘာ ၂၄ ရက် ညနေက ရွှေဘုံသာ (မဂိုလမ်း)ဈေးကွက်အတွင်းမှ ဈေးကစားသူသုံးဦးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရပေ၏။

ဆက်လက်ဖတ်ရှုရန် ...

ရာသီဥတု အပြောင်းအလဲမှာ ကျန်းမာရေးကို ဂရုပြု  

ကြာခင်ရောက်ရှိတော့မည့် အောက်တိုဘာလမှစကာ ပူပြင်းခြောက်သွေ့သည့် အယ်လ်နီညိုရာသီဖြစ်နိုင်ခြေမြင့်မားနေသဖြင့် ပုံမှန်ထက်ပူပြင်းမည့်ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်ထားရန်မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကသတိပေးထားသည်ဖြစ်ရာ မိုးများ ၍ရေကြီးရေလျှံ ခြင်း၊ ရေလွှမ်းမိုးနစ်မြုပ်ခြင်းစသည့်သဘာဝဘေးတို့နှင့်ဆန့်ကျင်ဘက်ရာသီဥတုအပြောင်းအလဲဒဏ်ကိုခံစားကြရဦးမည်ဖြစ်ပေသည်။

ဆက်လက်ဖတ်ရှုရန် ...