HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

VENOM(2018)

ဒီတစ်ခါတော့ အောက်တိုဘာလထဲမှာ Columbia Pictures ကနေ အသစ်ထွက်ရှိထားတဲ့ Marvel ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Box Office နံပါတ်တစ်ရုပ်ရှင် Venom (2018) ကို ညွှန်းချင်ပါတယ်။ ဒီ Venom ရုပ်ရှင်အသစ်က မထွက်ခင်တုန်းကလည်း ကောင်းမလိုလို၊ ကောင်းမလိုလိုနဲ့ ဝေဖန်ရေးတွေများစွာရှိခဲ့ပြီး ဝေဖန်ရေးဆရာအများစုက မကောင်းဘူးဆိုတာချည်းပဲပြောခဲ့ပေမယ့် တကယ်ထွက်လာတော့လည်း Box Office မှာ နံပါတ်တစ် ချိတ်တဲ့ရုပ်ရှင် ဖြစ်နေပြန်ပါတော့တယ်။ Venom (2018) ရုပ်ရှင်က ဒီလိုမျိုးထူးခြားပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

အဆိုတော် ဘိုရာက ယခုလအတွင်း အယ်လ်ဘမ်အသစ် ထွက်မည်ဟု ကြေညာ

ဆိုးလ်၊ အောက်တိုဘာ ၁၇

တောင်ကိုရီးယား ကေပေါ့ပ်လောကမှ နာမည် ကျော်အဆိုတော်နှင့် အကပညာရှင် ဘိုရာက သူမ၏ တေးအယ်လ် ဘမ်အသစ် ' Women' ကို အောက်တိုဘာ ၁၄ ရက်တွင် ထွက်ရှိတော့မည်ဟု ကြေညာခဲ့ကြောင်း ယွန်ဟတ်သတင်းက အောက်တိုဘာ ၁၆ တွင် ဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

လိင်ပြောင်းလဲ ခွဲစိတ်မှုကို ဖွင့်ဟလိုက်တဲ့ ဂျက်ဇ်ဂျန်နင်းစ်

ဟောလိဝုဒ်၊ အောက်တိုဘာ ၁၇

အမေရိကန်မှ ဆယ်ကျော်သက်တီဗွီစတား ဂျက်ဇ်ဂျန်နင်းစ်က ၎င်း၏လိင်ပြောင်းလဲခွဲစိတ်မှုကို အောက်တိုဘာ ၁၇ ရက်က အတည်ပြု ပေးကာ ဖွင့်ဟပြောဆိုလိုက်သည်ဟု CNN သတင်းအရ သိရသည်။ ဂျန်နင်းစ်က ''ဒါဟာ အိပ်မက်လိုပဲ။ ကျွန်မသဘောကျတယ်။ ဒါ ဖြစ်လာလိမ့်မယ်လို့ မယုံကြည်နိုင်ခဲ့ပေမယ့် ဖြစ်လာခဲ့ပြီ။ ဒီလိုပြောင်း လဲသွားတယ်လို့ အသေအချာသိလိုက်ရတဲ့အခိုက်အတန့်ဟာ မယုံနိုင် စရာ၊ စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်အခါ၊ ကိုယ့်ကိုကိုယ်ကို ဘာဖြစ်မှန်းမသိအောင် ဝမ်းသာမိတဲ့အချိန်တွေကို ပိုင်ဆိုင်ခဲ့ပြီ'' ဟု CNN သို့ပြောခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ယူဂန်ဒါသမ္မတနှင့် တွေ့ဆုံခဲ့တဲ့ ကန်နီဝက်စ်  

ကမ်ပါလာ၊ အောက်တိုဘာ ၁၆

အမေရိကန်နာမည်ကျော် ရက်ပါကန်နီဝက်စ်သည် အောက်တိုဘာ ၁၅ ရက်က ယူဂန်ဒါ သမ္မတ "Yoweri Muse-veni" နှင့် သွားရောက်တွေ့ ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် သမ္မတကို အားကစားဖိနပ်တစ်ရန် လက်ဆောင်ပေးခဲ့သည် ဟု AP သတင်းကဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

''အကြောက်တရားနဲ့ ကြီးပြင်းခဲ့ရတာတွေကို တတ်နိုင်သလောက်မေ့ပြီး ကာရိုက်တာအရ သတ္တိတွေ ရှိလိုက်ရတယ်'' ဖွေးဖွေး

''သမ္မတကြီးထံပေးစာ''ဇာတ်ကားရိုက်ဖို့အတွက် တော်တော်လေးကို သတ္တိမွေးပြီး ရိုက်ကူးထားတယ်လို့ သရုပ်ဆောင်ဖွေးဖွေးက ပြောပါတယ်။ ''ဇာတ်ကားရိုက်တဲ့အချိန်မှာလည်း စကားလုံးတွေကိုပြောနိုင်ဖို့ ကာရိုက်တာပီပြင်အောင်ရိုက်ဖို့အတွက် သတ္တိတွေတော်တော်မွေးလိုက်ရပါတယ်။ သတ္တိဆိုတဲ့ နေရာမှာ ဖွေးသိထားတဲ့ သတ္တိဆိုတာက မွေးကတည်းက မကြောက်တာတော့ မဟုတ်ပါဘူး။ ကြောက်ကြောက်နဲ့ပဲ လုပ်သင့်တာ ဖြစ်သင့်တာကို ပြောရဲဆိုရဲတာကို သတ္တိလို့ သိထားပါတယ်။ အခု ဇာတ်ကားမှာဆိုရင်လည်း အဲလိုမျိုးပဲ အကောင်းဆုံး ကြိုးစား သရုပ်ဆောင်ထားပါတယ်''လို့ဆိုပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

အေမီဝိုင်ဟောက်စ်၏ သုံးဖက်မြင် ဓာတ်ပုံ လမ်းများပေါ်၌ စိုက်ထူမည်  

လန်ဒန်၊ အောက်တိုဘာ ၁၄

၂ဝ၁၁ ခုနှစ်ကကွယ်လွန်ခဲ့ သော ကမ္ဘာကျော်အင်္ဂလိပ်လူမျိုး အဆိုတော် အေမီဝိုင်ဟောက်စ်၏ သုံးဖက်မြင်ဓာတ်ပုံကို လန်ဒန်မြို့ လမ်းများပေါ်တွင် စိုက်ထူနိုင်ရန် ကြိုးပမ်းသွားမည်ဟု အေမီဝိုင် ဟောက်စ်၏ ဖောင်ဒေးရှင်းမှ ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း CNN က အောက်တိုဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဒေါ်နယ်ထရန့် ဆီ အလည်သွားခဲ့တဲ့ ကန်နီဝက်စ်

ဟောလိဝုဒ်၊ အောက်တိုဘာ ၁၄ 

အမေရိကန်ရက်ပါ ကန်နီဝက်စ်သည် သမ္မတဒေါ်နယ်ထရန့်ထံသို့ အောက်တိုဘာ ၁၂ရက်က အလည်အပတ်သွားခဲ့ကြောင်း၊ ၎င်း၏ဇနီး ကင်မ်ကာဒစ်ရှန်အား ထရန့်က သံတမန်တစ်ဦးအဖြစ် ခန့်အပ်မည်ဟူသော သတင်းထွက်ပေါ်နေခြင်းမှာ မဟုတ်ကြောင်း CNN  က အောက်တိုဘာ ၁၄ ရက်တွင်ဖော် ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဟုပ်ကင်ဆာဖောင်ဒေးရှင်းသို့  ကန်ဒေါ်လာ ခြောက်သန်းလှူခဲ့တဲ့ ဘီယွန်းစေးနဲ့ ဂျေဇီ

ဆန်တာမိုနီကာ၊ အောက်တိုဘာ ၁၃ - အမေရိကန်အဆိုတော် ဘီယွန်းစေးနှင့် ခင်ပွန်းရက်ပါဂျေဇီတို့ ဇနီးမောင်နှံသည် အောက်တိုဘာ ၁၃ ရက်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာပိုနီကာ ဒေသတွင် ကျင်းပသည့် City of the Hope ကင်ဆာဖောင်ဒေးရှင်းနှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကင်ဆာသုတေသနအတွက် အလှူငွေ ကန် ဒေါ်လာခြောက်သန်း လှူဒါန်းခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...