ရန်ကုန်၊ ဒီဇင်ဘာ ၂ဝ
လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမှု အတွေ့ အကြုံများနှင့်ပတ်သက်ပြီးပြောပြလာတဲ့ သရုပ်ဆောင်ဝတ်မှုန်ရွှေရည် …။
မေး – ”လိပ်ပြာစံအိမ်”ဇာတ်ကားထဲမှာ ဘယ်လိုကာရိုက်တာမျိုးနဲ့ မြင်တွေ့ ရမလဲ။
ဖြေ – ဒီဇာတ်ကားထဲမှာ ကစ်က မိသားစုကိုအရမ်းချစ်တယ်။ သမီး လေးအပေါ်မှာလည်း တာဝန်ကျေတဲ့ မိခင်တစ်ယောက်အနေနဲ့ ပါဝင် ထားပါတယ်။
မေး – ဇာတ်ကားရိုက်ကူးနေရင်းနဲ့ အခက်အခဲလေးတွေရှိရင် လည်း ပြောပြပေးပါဦး။
ဖြေ – ဇာတ်ကားနဲ့ပတ်သက်တဲ့အခက်အခဲကတော့ အများကြီးပဲ။ ဇာတ်ကားအစအလယ်အဆုံး တစ်ကားလုံးမှာ အခက်အခဲ တွေရှိခဲ့တယ်။ အဲဒီလိုပဲ အမှတ်တရတွေလည်း ရှိခဲ့တယ်။ ထိတ်လန့်ဖွယ်ရာတွေလည်း အများကြီးရှိခဲ့တာပါ။ ဒီ ဇာတ်ကားက ကစ်အတွက်တော့ မမေ့နိုင်တဲ့အရာတွေကိုအများကြီး ကြုံတွေ့ ရတဲ့ ဇာတ်ကားလိုလည်း ပြောလို့ရပါတယ်။
မေး – ကာရိုက်တာလိုအပ်ချက်အရ မိတ်ကပ်မလိမ်းဘဲနဲ့ ရိုက်ကူးခဲ့ရတာတွေလည်းရှိတယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။
ဖြေ – ဒါရိုက်တာက ကစ်ကို ဒီဇာတ်ကားမှာ မိတ်ကပ်လျှော့လိမ်းဖို့ ပြောတာထက် တော်တော်ကို လျှော့ခိုင်းထားတာပါ။ အဲဒီအခါကျတော့ မလိမ်းသလောက်ကို ကစ်လည်း ဒါရိုက်တာရဲ့စကားကို နားထောင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ကစ် သဘာဝဆန်ဆန်နဲ့ပဲ သရုပ်ဆောင်ထားတယ်။ သရုပ်ဆောင်တဲ့အပိုင်းမှာလည်း မိတ်ကပ်တွေ၊ အိုက်တင် တွေကအစ လျှော့ချထားပါတယ်။
မေး – ရေအောက်မှာ ရေနစ်တဲ့ဇာတ်ဝင်ခန်းရိုက်ကူးခဲ့ရတာဆိုတော့ ဘယ်လိုတွေ့ကြုံခဲ့ရလဲ။
ဖြေ – ရေအောက်ဇာတ်ဝင်ခန်းကို မရိုက်ချင်လောက်အောင်ကို ကြောက်ခဲ့ရတယ်။ ရေကူးကန်မှာရေနစ်တဲ့ ဇာတ်ဝင်ခန်းရိုက်ရတာပေါ့နော်။ အဲဒီဇာတ်ဝင်ခန်းအတွက်ကို ကစ်တို့ဘန်ကောက်မှာ သွားရိုက်ကြတာပါ။ ရိုက်ကူးခဲ့တဲ့အချိန်မှာလည်း အရမ်းကိုခက်ခဲ ခဲ့ပါတယ်။ တစ်နေကုန် ရေကူးကန်ထဲမှာ ရေနစ်တဲ့ဇာတ်ဝင်ခန်းကို ရိုက်ရတယ်။ ရေနစ် တဲ့ဇာတ်ဝင်ခန်းဆိုတော့ ခန္ဓာကိုယ်ကိုခဲတွေနဲ့လည်း ဆွဲထားတယ်။ တကယ်လည်း လူက ရေနစ်သလိုကို ဖြစ်နေတာ။ ရေတွေလည်း တော်တော်ကိုမွန်းပြီးတော့ အရမ်းကို ကြောက်သွားတာ။
မေး – ထိုင်းဒါရိုက်တာ ချာချိုင်းခက်နက်စ်နဲ့ အတူတူတွဲပြီးတော့ ဇာတ်ကားရိုက်ကူးရတဲ့ အတွေ့အကြုံတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ – သူနဲ့က ကစ်လက်တွဲပြီးတော့ ဇာတ်ကားရိုက်တာ ဒီဇာတ်ကားနဲ့ ဆိုရင် နှစ်ကားမြောက်ဇာတ်ကားဆိုတော့ အရမ်းထူးထူးခြားခြားကြီး တော့ ညှိစရာမလိုခဲ့ဘူး။ ပထမဇာတ်ကားမှာ အတူတူကြုံခဲ့ဖူးတာ ဆိုတော့လေ။ ညှိနှိုင်းစရာ ခက်ခက်ခဲခဲသိပ်မရှိတော့ဘူး။ သူကတော့ အလုပ်နဲ့ပတ်သက်ရင် လောဘကြီးတဲ့ဒါရိုက်တာထဲမှာ ပါတယ်။ သူနဲ့ပတ်သက်ရင် ကစ်က သူ့အကြောင်းကိုသိနေတဲ့အခါကျတော့ ပုံမှန်ထက်ပိုပြီးတော့ ကစ်ကို ပိုခိုင်းတယ်။ အိုက်တင်ဆိုရင်လည်း ပုံမှန်ဆိုရင် နှစ်မျိုးသုံးမျိုးလောက်လုပ်ပြလိုက်ရင်ရပေမယ့် သူ့နဲ့ကျ တော့ အဲဒီလိုမရဘူး။ ရှစ်မျိုး ကိုးမျိုးလောက်ကို လုပ်ခိုင်းတယ်။ သူနဲ့လုပ်ရတာ အရမ်းအဆင်ပြေတယ်။ သူက သူလိုချင်တာကိုမရ မက တိတိကျကျခိုင်းတာဆိုတော့ သရုပ်ဆောင်တွေကို ထိမိတဲ့အိုက် တင်မျိုးဖြစ်အောင် လုပ်ခိုင်းတယ်။ အပိုအလိုမရှိကွက်တိဖြစ်အောင် လုပ် ခိုင်းတာဆိုတော့ သရုပ်ဆောင်တွေဘက်ကလည်း စိတ်ချမ်းသာရတယ်။ စိတ်ချမ်းသာရတယ်ဆိုတာက အဲဒီလိုခိုင်းတဲ့အတွက်ကြောင့် ဇာတ်ကား ကောင်းတစ်ကားထွက်လာကို စိတ်ချမ်းသာရတယ်။
NN
#democracytoay
Discussion about this post