• About Us
  • Advertise
  • Careers
  • Contact Us
Monday, December 16, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

‘မနှစ်ကထက် ပိုပြီးတော့ တာဝန်ကြီးတယ်လို့ ခံစားရပါတယ်’ တင်ဇာမော်

by M Bwe
June 12, 2019
in Entertainment
1 min read
0
0
SHARES
14
VIEWS
Share on FacebookShare on Twitter

Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ အရည်အသွေးပိုင်းနှင့် ပတ်သက်ပြီး ထိထိမိမိဝေဖန်ထောက် ပြပေးနိုင်ခဲ့ပြီး ယခုနှစ်တွင်ပြုလုပ်မည့် Myanmar Idol Season 3  သီချင်းဆိုပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ရန်ထပ်မံ ရွေးချယ်ခြင်းခံခဲ့ရသော တေးသံရှင်တင်ဇာမော်နှင့် တွေ့ဆုံခြင်း…။

 

မေး- Myanmar Idol မှာ ဒုတိယအကြိမ်အကဲဖြတ်ဒိုင်အနေနဲ့ ရွေးချယ်ခံလိုက်ရတဲ့အတွက် ခံစားချက်လေးလည်း ပြောပေးပါဦး။

ဖြေ- မနှစ်ကထက်ပိုပြီးတော့ တာဝန်ကြီးတယ်လို့ ခံစားရပါတယ်။ လိုအပ်တဲ့နေရာတွေမှာ ပြောဖို့၊ ဝေဖန်ပေးဖို့အတွက်ကိုလည်း အခုကတည်းက စကား တွေ၊ ကလေးတွေကို ချီးမွမ်းဖို့လိုလာရင်လည်းပြောရမယ့် စကား တွေ၊ ထောက်ပြရမယ့်နေရာမှာလည်း ထောက်ပြတာကိုသိသာ မြင်သာစေမယ့်စကားတွေကို မနှစ်ကထက်ပိုပြီးတော့ ကိုယ့်ဘာသာကိုယ် တိုးတက်လာရမယ်။ ကလေး တွေအပေါ်မှာလည်း ပိုပြီးတော့ ကောင်းတဲ့ အကြံဥာဏ်တွေပေး နိုင်ရမယ်လို့ အသိစိတ်ကရှိနေတဲ့ အခါကျတော့ ပိုပြီးတော့တာဝန် ကြီးတယ်လို့ ခံစားရပါတယ်။

မေး- မနှစ်ကထက်စာရင် ဒီနှစ်က အသံစစ်ဆေးရွေးချယ်မယ့်နေရာကလည်း ပိုပြီးတော့များလာတဲ့အပြင် နိုင်ငံရပ်ခြားရောက်နေတဲ့သူတွေလည်း ပါဝင်ယှဉ်ပြိုင်လို့ရတဲ့ အခွင့်အရေးတွေရှိလာတဲ့ ပေါ်မှာ ရော ဘယ်လိုထင်မြင်မိလဲ။

ဖြေ- ကမ္ဘာပေါ်မှာ နိုင်ငံတွေအများကြီးရှိတယ်။ မြန်မာလူမျိုးတွေလည်း အများကြီးရှိပါတယ်။ အစ်မကိုယ်တိုင်လည်း လောလောဆယ် လန်ဒန်မှာနေနေတာပါ။ လန်ဒန်မှာ နေတာ ၁ဝ နှစ်ကျော်နေပြီ။ ဒါ ပေမယ့် မြန်မာစာအုပ်ပဲကိုင်ထားပါတယ်။ အစ်မလိုပဲ မြန်မာစာအုပ်ကိုင်ထားတဲ့ မြန်မာတွေကမ္ဘာပေါ် မှာ နေရာအနှံ့မှာရှိနေမယ်လို့ အစ်မကတော့ မျှော်လင့်ပါတယ်။ အစ်မလိုပဲ ဂီတအပေါ်မှာ ရူးသွပ်တဲ့သူတွေ စိတ်ဝင်စားတဲ့သူတွေ သီချင်းဆိုချင်ကြတဲ့အနုပညာရှင် တွေ လူငယ်လူရွယ်တွေလည်းရှိမယ်လို့ထင်ပါတယ်။ မြန်မာလူမျိုး မြန်မာပတ်စ်ပို့ကိုင်ထားပြီးတော့ ဂီတအပေါ်မှာ ရူးသွပ်တဲ့လူငယ် တွေအများကြီးရှိမယ်လို့ ယုံကြည်တဲ့အတွက် သူတို့လေးတွေရဲ့ ဝါသနာပါတဲ့ ဂီတလမ်းကြောင်းအ ပေါ်ကို ရောက်လာဖို့အတွက်က ဒီအခွင့်အရေးက အခွင့်အလမ်း လမ်းစတစ်ခုလို့မြင်ပါတယ်။ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တယ်လို့ တော့ ယုံကြည်ပါတယ်။

 

မေး- မနှစ်ကလည်း ဒိုင်လုပ်ခဲ့တဲ့ အချိန်မှာဆိုရင် စိတ်ခံစားမှုမြန်တာကိုလည်း မြင်တွေ့ရတယ်နော်။

ဖြေ- အစ်မက စိတ်ခံစားမှုက အ ရမ်းနုတယ်။ ဝမ်းနည်းရမယ့်ကိစ္စ ဆိုရင်လည်း ပိုခံစားတယ်။ ပျော်တယ်ဆိုလည်းအတူတူပဲ။ ပြိုင်ပွဲမှာ ဒိုင်တစ်ဦးတစ်ယောက်အနေနဲ့ နေရတဲ့အတွက် ရိုးရိုးသာမန်ပရိ သတ်တစ်ယောက်က ခံစားရပေမယ့်လည်း အစ်မကရင့်ကျက်ရမယ်။ ဒိုင်တစ်ဦးအနေနဲ့ ပိုပြီး တော့ ထိန်းထိန်းသိမ်းသိမ်းနဲ့လို အပ်တဲ့နေရာတွေမှာ ထိထိမိမိအချက်အလက်တွေကို ဒိုင်နဲ့ပြိုင်ပွဲ ဝင်တွေအကြားရှိဖို့အတွက် တည် ဆောက်ရမယ်လို့ ခံစားရပါတယ်။နားလည်တယ်။

 

မေး- ပြိုင်ပွဲဝင်ကြမယ့် သူတစ် ယောက်အနေနဲ့ ဘာတွေလိုအပ် မလဲဆိုတာကိုလည်း အကြံဥာဏ် လေးပေးပေးပါဦ။

ဖြေ- ပြိုင်ပွဲဝင်တွေအနေနဲ့ ကိုယ်ဘာသာစိတ်ရှည်ပါ။ စိတ်ဓာတ်ကျမလွယ်ဖို့ တာဝေးအပြေးသမားလိုပဲ အမောခံနိုင်ရမယ်။ အမောခံနိုင်ရမယ်ဆိုတာကလေ ခန္ဓာကိုယ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ရော အကုန်လုံးကိုပြောချင်တာပါ။ ဝမ်းနည်းစရာတွေရော ဝမ်းသာစရာတွေရော ကြံ့ကြံ့ခံနိုင်ရမယ်။ တစ် ခါတလေကျရင် ရှိတတ်တယ်လေ။ အရည်အချင်းတူတဲ့သူနှစ်ယောက် ထိပ်တိုက်တွေ့တဲ့အခါမျိုးကျရင် ဒီလိုခံစားမှုမျိုးက ထိပါတယ်။ အဓိကကတော့ ပြိုင်ပွဲဝင်နေတဲ့အပေါ်မှာပဲ စူးစိုက်ထားဖို့ လိုပါတယ်။ လူ ဖြစ်တဲ့အတွက် ခံစားချက်တွေရှိတယ်။ ကိုယ်ဘာသာကိုပဲ တိုးတက် အောင် ကြိုးစားဖို့လိုပါတယ်။ အဲ ဒါမှ စိတ်ကရှင်းပြီးသန့်နေတော့မှ ကိုယ့်နှလုံးသားဝိညာဉ်က ထုတ်လွှင့်လိုက်တဲ့ အနုပညာကပရိသတ် ရင်ထဲကိုလှလှလေးစီးဆင်းသွားမှာပါ။

 

RelatedPosts

သရုပ်ဆောင်ရန်အောင် နှင့် တွေ့ဆုံခြင်း

August 30, 2019

သရုပ်ဆောင်၊ အဆိုတော်အုပ်စိုးခန့်နှင့်တွေ့ဆုံမေးမြန်းခြင်း

August 30, 2019

ဇွန်သံစဉ်နဲ့ တွေ့ဆုံခြင်း

August 30, 2019

နန့်ချစ်နဒီဇော်နှင့် တွေ့ဆုံခြင်း

August 28, 2019

မေး- မြန်မာနိုင်ငံကိုပြန်ရောက် နေတဲ့ကာလမှာ ဂီတနဲ့ပတ်သက် ပြီးတော့ရောဘာတွေလုပ်သွားဖို့ အစီအစဉ်ရှိလဲ။

ဖြေ- ရည်ရွယ်ထားတာကတော့ မန္တလေးမှာ တစ်ကိုယ်တော်ဖျော် ဖြေပွဲလုပ်ဖို့အတွက် ဖေဖော်ဝါရီ လမှာလုပ်မှာပေါ့နော်။ ဒါပေမဲ့ အစ်မအခုတကယ်တမ်းကျတော့ မလုပ်ဖြစ်တော့ဘူးပေါ့နော်။ ဒီနှစ်အကုန်ပိုင်းမှာတော့ မန္တလေးကို သွားနိုင်ဖို့အတွက် ကြိုးစားမယ်။ အခု ပြန်လာတာကတော့ Myanmar Idol  ပြိုင်ပွဲကြီးအတွက် ပြန်လာတာပါ။ 

 

NN

#democracytoday

 

 

Previous Post

'ကြီးလေးကြီး' ရုပ်ရှင်ဇာတ်ကားကြီး ယခုလ ၁၉ ရက်တွင် ရုံတင်ပြမည်

Next Post

မဲခေါင်ဒေသနိုင်ငံများ အတွင်း တရုတ်နိုင်ငံသည် အခြားနိုင်ငံများထက် ကုန်ထုတ်လုပ်မှု သာလွန်နေ

M Bwe

Related Posts

Entertainment

သရုပ်ဆောင်ရန်အောင် နှင့် တွေ့ဆုံခြင်း

August 30, 2019
Entertainment

သရုပ်ဆောင်၊ အဆိုတော်အုပ်စိုးခန့်နှင့်တွေ့ဆုံမေးမြန်းခြင်း

August 30, 2019
Entertainment

ဇွန်သံစဉ်နဲ့ တွေ့ဆုံခြင်း

August 30, 2019
Entertainment

နန့်ချစ်နဒီဇော်နှင့် တွေ့ဆုံခြင်း

August 28, 2019
Entertainment

တေးရေး မြင့်မိုးအောင်နှင့် တွေ့ဆုံခြင်း

August 28, 2019
Entertainment

မြန်မာကိုယ်ပိုင်သံစဉ်တေးသီချင်းကိုးပုဒ်ကို တီးခတ်ထားသည့် စန္ဒရားတီးလုံးအခွေ စက်တင်ဘာတွင် ထွက်ရှိမည်

August 28, 2019
Next Post

မဲခေါင်ဒေသနိုင်ငံများ အတွင်း တရုတ်နိုင်ငံသည် အခြားနိုင်ငံများထက် ကုန်ထုတ်လုပ်မှု သာလွန်နေ

Discussion about this post

Connect with us

ADVERTISEMENT

Recommended

အာဆင်နယ်တွင် ၂၂နှစ်ကြာရှိခဲ့ခြင်းကိုနောင်တရမိဟု ဝင်းဂါးဆို

1 year ago

လီဂါနက်စ်ကို အနိုင်ရခဲ့ခြင်းက အလှည့်အပြောင်းဖြစ်ရန် ဇီဒန်း မျှော်လင့်

2 years ago

လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ် အဆုံးသတ်ရန် သြစတြေးလျဝန်ကြီးချုပ် အင်ဒိုနီးရှားသို့ ထွက်ခွ

1 year ago
Yangon Media Group

ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးသောင်းထွန်းအား ခန့်အပ်မည်ကို ဝန်ကြီးဟောင်း ဦးစိုးသိမ်း ကန့်က

2 years ago

မန္တလေးမြို့ ညောင်တုန်းရပ်ကွက်တွင် ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာမှ နေအိမ်ငါးလုံး မီးလောင်ဆုံး?

2 years ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • ‘မုန်းစွဲ’ရုပ်ရှင်ဇာတ်ကားကြီး နှစ်လကျော်ကြာသည့်တိုင် ရုံတင်နေရဆဲဖြစ်

    0 shares
    Share 0 Tweet 0
  • ” မိဘမဲ့ကလေး ၄၆ ယောက်ကို  ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာ ပြုလုပ်ပေးခဲ့တဲ့ ” ခိုင်နှင်းဝေ

    0 shares
    Share 0 Tweet 0
  • မြောက်ကိုရီးယားအရေးအပေါ် စိုးရိမ်မှုများ ရှိနေချိန် လျှပ်တပြက်ရွေးကောက်ပွဲကျင်းပရန် ဂျပန်??

    0 shares
    Share 0 Tweet 0
  • ‘ဂျင်းကောင်’ ဟာသရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

    4 shares
    Share 4 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.