ရုပ်ရှင်တစ်ခေတ်ပြန်လည်ကောင်းမွန်လာလို့ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေဇာတ်ကားတွေ ပြန်လည်ရိုက်ကူးဖြစ်တာပါဆိုတဲ့”ကြယ်တံခွန်ရုပ်ရှင်ထုတ်လုပ်ရေး”ပိုင်ရှင်သရုပ်ဆောင်ခင်ဇာခြည်ကျော်နဲ့ အခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး-ကိုယ်ပိုင်ထုတ်လုပ်ရေးတည်ထောင်ဖြစ်ပုံလေး ပြောပြပေးပါဦး။
ဖြေ-ကြယ်တံခွန်ရုပ်ရှင်ထုတ်လုပ်ရေးကတော့ အရင်ကတည်းကရှိတဲ့ထုတ်လုပ်ရေးလည်းဖြစ်ပါတယ်။ ”ဓားဖိုးကင်း”ဆိုတဲ့ဇာတ်ကားက တော့ အခုပထမဆုံးပြန်ပြီးတော့ ထုတ်လုပ်ဖြစ်တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဘာကြောင့် အစ်မက ဒီထုတ်လုပ်ရေးကိုပြန်ပြီး လုပ် ဖြစ်တာလဲဆိုရင် ရုပ်ရှင်တစ်ခေတ်လည်း ပြန်ကောင်းလာတယ်လို့ထင်တယ်။ ဒါပေမဲ့ တစ်နှစ်ကို ဘယ်နှကားလောက်ထုတ်မယ်ဆိုတာလည်း မရှိပါဘူး။ ဒီထုတ်လုပ်ရေးက ၂ဝဝ၂ ခုနှစ်တုန်းက ”ငါသူတစ်ပါး ယောက်ျားမိန်းမ”ဆိုတဲ့ဇာတ်ကားကြီးကိုထုတ်လုပ်ခဲ့ပါတယ်။ ဒီထုတ်လုပ်ရေးက မေမေပိုင်တဲ့ထုတ်လုပ်ရေးပါ။ နောက်ပိုင်းမှာတော့ ရုပ်ရှင်ကလည်း ခေတ်မကောင်းတာကြောင့် ထုတ်လုပ်မှုကိုနားလိုက်တယ်။ ဒါပေမဲ့လည်း ရိုက်ချင်တဲ့အချိန် ရိုက်လို့ရအောင်လို့တော့ လိုင်စင်သတ်တမ်းတိုးထားတယ်။ အခု ၂ဝ၁၇ မှာရုပ်ရှင်တွေလည်း တစ်ခေတ်ပြန်ကောင်းလာတယ်ဆိုတော့ ပြန်လုပ်ဖြစ်တာပါ။
မေး-ရှေ့ဆက်ပြီး ကိုယ့်ရဲ့ထုတ်လုပ်ရေးက ဘယ်လိုဇာတ်ကားမျိုး ဆက်လက်ရိုက်ကူးဖြစ်သွားမလဲ။
ဖြေ-ထုတ်လုပ်ရေးကနေ ရှေ့ဆက်ပြီးတော့ ရိုက်မယ့်ဇာတ်ကားကတော့ ”ကြိုးဝိုင်း”ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကိုဝင်းထွန်းထွန်းကရိုက်မယ်။ သရုပ်ဆောင်တွေကတော့ အောင်ရဲလင်း၊ သင်ဇာဝင့်ကျော်၊ ကိုရဲမင်းပိုင်တို့ပါမယ်။ နောက်တစ်ကားကတော့ ဆရာဦးစိုးမိုးနဲ့ဖြစ်မယ်။ ဇာတ်လမ်းကတော့ အခုရေးနေတုန်းပါ။ ”ကြိုးဝိုင်း”ဇာတ်ကားရဲ့ဇာတ်လမ်းမျိုးကတော့ အက်ရှင်၊ ဒရာမာဇာတ်မျိုးလည်း ဖြစ်တယ်။ မြန်မာလက်ဝှေ့ပညာနဲ့ နိုင်ငံခြားက ဘောက်ဆင်ကစားတဲ့ ပညာရပ်တွေကိုလည်း တွေ့မြင်ရမယ်။ နောက် အစ်မတို့ထုတ်လုပ်ရေးကနေပြီးတော့ ရသမျိုးစုံရိုက်သွားဖို့ရှိပါတယ်။ နောက်ဒီဇာတ် လမ်းလေးက ကိုရဲမင်းပိုင်ပထမဆုံးပြန်ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။
မေး-ဓားဖိုးကင်း ရုပ်ရှင်ဇာတ်ကားကြီးမှာ ဘယ်လိုကာရိုက်တာကနေ ပါဝင်ထားလဲ။
ဖြေ-အစ်မက အပျိုကြီးတစ်ယောက်ကာ ရိုက်တာကနေ သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားကိုတော့ ဖေဖော်ဝါရီ ၂၃ ရက် မှာ စတင်ရုံတင်ပြသမှာဖြစ်ပါတယ်။ သရုပ် ဆောင်တွေကတော့ ကျော်ရဲအောင်၊ ခန့်စည်သူ၊ ကျော်ကျော်ဗိုလ်၊ ခင်ဇာခြည်ကျော်၊ အိချောပိုတို့နဲ့တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
မေး-ထုတ်လုပ်ရေးက ပထမဆုံးတစ်ကျော့ ပြန်ဇာတ်ကားထုတ်လုပ်တာဆိုတော့ ရုံတင် ပြသမှုအတွက် ရင်ခုန်နေလား။
ဖြေ-ကိုယ့်ရဲ့ထုတ်လုပ်ရေးက ပြန်လည်ပြီး တစ်ကျော့ပြန် ပထမဆုံးဟာသဇာတ်ကားကို ရုံတင်ပြသရာမှာတော့ တော်တော်ရင်ခုန်ပါတယ်။ ဒီ”ဓားဖိုးကင်း”ဇာတ်ကားရုံတင်တဲ့ အတောအတွင်းမှာ နေလို့ထိုင်လို့ တောင် မရပါဘူး။ စိတ်ရောလူပါပင်ပန်းပါတယ်။ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ဇာတ်ကားလည်းဖြစ်တော့ ငွေကြေးအရ အမြတ်မကျန်ရင်တောင် အနုပညာအရ အမြတ်ကျန်ချင်တယ်။ အောင်မြင်တယ်၊ မအောင် မြင်ဘူးဆိုတာကလည်း ပရိသတ်တွေရဲ့အားပေးမှုတွေ၊ နောက်ကံတရားနဲ့ လည်းဆိုင်ပါတယ်။
KZYH
#democracytoday
Discussion about this post