ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
အနုပညာ လောကမှာ အခုနောက်ပိုင်း Group တွေ အဖွဲ့ တွေဖြစ်လာတော့ အဲဒီလိုတွေမရှိလို့ ဇာတ်ကားရိုက်ကူးရတာနည်းပါတယ်လို့ ဟာသသရုပ်ဆောင်ကျော်ထူးကပြောပါတယ်။ ”ကာရိုက်တာတွေနဲ့ပတ်သက်လို့ ကျွန် တော်တို့မှာရွေးချယ်ပိုင်ခွင့်တော့မရှိပါဘူး။ အခုနောက်ပိုင်းမှာ ဘာတွေဖြစ်လာလဲဆိုရင် Group တွေအဖွဲ့တွေဖြစ်လာတယ်။ ဘယ်ဒါရိုက်တာနဲ့ဆိုရင် ဘယ်သူတွေပါမယ်။ အဲဒီလိုတွေဖြစ်လာတော့ အားတော့နည်းသွားတယ်”လို့ဆိုပါတယ်။ ဆက်လက်ပြီး ၎င်းကသရုပ်ဆောင် တစ် ယောက်အနေနဲ့ကိုယ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားအထူးပွဲပြသရင်လည်း အချိန် ပေးကြည့်ရှုသင့်တယ်လို့ဆိုပါတယ်။
”ကျွန်တော်ဇာတ်ကားတစ်ကားရိုက်ပြီးရင် ကျွန်တော်သရုပ်ဆောင်ခဲ့တဲ့ အခန်း လေးတွေကို ပြန်သတိထားကြည့်မိပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်တယ်။ စကားလုံး တွေ အိုက်တင်လျော့သွားတာတွေကို ပြန် ကြည့်ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကိုယ်ရိုက်ပြီးသားဇာတ်ကားတွေ အထူးပွဲ ပြရင် မကြည့်ဖြစ်တာများပါတယ်။ ပြတဲ့နေ့ တွေမှာ ရန်ကုန်မှာမရှိဘဲ ခရီးထွက်ပြီး ဇာတ်ကားတွေရိုက်ဖြစ်နေတာဆိုရင် မကြည့်လိုက်ရပါဘူး။ မိသားစုနဲ့ သွားကြည့်ဖို့ကလည်း အချိန်မပေးနိုင်ဖြစ်နေပါတယ်။ အမှန်က တော့ ဒီလိုအထူးပွဲပြရင် သရုပ်ဆောင် တစ် ယောက်အနေနဲ့ သွားကြည့်သင့်တယ်လို့ ထင်ပါတယ်”လို့ပြောပါတယ်။ ရုံရှင်ကားရှင်စနစ်နှင့်ပတ်သက်ပြီး ၎င်းရဲ့သဘောထားအမြင်ကိုမေးမြန်းရာမှာလည်း အခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။
”ဇာတ်ကားတွေကိုရုံတင်တာက အခု နောက်ပိုင်းရုံရှင်ကားရှင်စနစ်ဆိုတာကလည်း ဇာတ်ကားကို ရုံရှင်ကကြိုက်ပြီးတော့ ရုံတင်တယ်ဆိုပေမယ့် ပရိသတ်ကြိုက်ဖို့ကလည်း လိုပါသေးတယ်။ အမှန်မှာ ပရိသတ်အကြိုက်နဲ့ ရုံရှင်အကြိုက်တစ်ထပ်တည်းကျမှ အဆင် ပြေမယ်။ ကျွန်တော့်အနေနဲ့ ပရိသတ်တစ် ယောက်အနေနဲ့ရော အနုပညာသမားတစ် ယောက်အနေနဲ့ပါ သုံးသပ်ရမယ်ဆိုရင် အောင် မြင်ကျော်ကြားသော ပရိသတ်သိသောအနုပညာရှင်ကြီးများရဲ့ဇာတ်ကားတွေကိုသာ ဦးစားပေးရုံတင်မယ်ဆိုရင် နောက်ပိုင်းမှာ ဒါရိုက်တာအသစ် သရုပ်ဆောင်အသစ်တွေ ထွက်ပေါ်လာဖို့ တော်တော်ခက်သွားမယ်။ သူ တို့တွေကလည်း ရိုက်ချင်ကြမယ်။ ချပြချင်ကြမှာပါပဲ။ မြန်မာနိုင်ငံမှာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ကိုယ်ဖန်တီးထားတာ တွေကိုချပြဖို့က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တွေပဲရှိပါတယ်။ ဗီဒီယိုတွေကလည်းဈေး ကွက်ကမကောင်းတော့ ရုပ်ရှင်ကိုပဲ အားထားရတယ်။ ရုပ်ရှင်မှာပါဝင်ခွင့်ရမှပဲ သူတို့ရဲ့ အနုပညာတွေကိုချပြခွင့်ရမယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
KZYH
#democracytoday
Discussion about this post