ချစ်သူသက်တမ်းခြောက်နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင်ကောင်းပြည့်နဲ့ သရုပ်ဆောင်/မော်ဒယ်သန္တာဗိုလ်တို့ နှစ်ဦးက လက်ထပ်ဖို့ အချိန်အကြာကြီးဆွဲသွားတော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ သရုပ်ဆောင် ကောင်းပြည့်က ”ချစ်သူသက်တမ်းဘယ်နှနှစ် လောက်ရှိမှ လက်ထပ်မယ်လို့ ဆုံး ဖြတ်ထားတာတော့ မရှိပါဘူး။ တွေးထားတာကတော့ ကျွန်တော် ဖန်တီးချင်တဲ့ ကျွန်တော်တို့နှစ်ယောက် စလုံးလုပ်ချင်တဲ့ အလုပ်တွေကို မလုပ်ရသေးတာလည်း ပါပါတယ်။ တကယ်လို့ အဲ့ဒီလုပ်တွေလုပ်လို့ ပြီးသွားပြီဆိုရင်တော့ လက်ထပ်ဖြစ်မယ်။ ဒါပေမဲ့လည်း ကိုယ်လုပ်ချင်တာတွေကို ပြည့်ဝအောင်စောင့် နေရင်လည်း ၁ဝ နှစ်လောက် လည်း ကြာရင်ကြာသွားနိုင်ပါတယ်။ အဲဒါကြောင့် ပြည့်ဝတဲ့အထိလည်း စောင့်ချင်မှစောင့်မယ်။ ပြောချင်တာကတော့ ကိုယ်လုပ်ချင်တဲ့အလုပ် တွေကိုတော့ အချိန်ရရင်ရသ လောက်လုပ်သွားမယ်။ လက်ထပ် တာကတော့ အရမ်းတော့ နှစ်ကြာ အောင်မထားပါဘူး”လို့ ဆိုပါတယ်။
သန္တာဗိုလ်ကလည်း ”နှစ် ယောက်စလုံးက အခုမှကြိုးစား နေတဲ့အချိန်ဖြစ်နေတော့ လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးတာပါ။ အဆင်သင့်ဖြစ်ရင်တော့ ပရိသတ်တွေကို အရင်ပြောသွားမှာပါ” လို့ပြောပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ် ရေးက ကြာမြင့်လာတာနဲ့အမျှ ပိုမိုခိုင်မြဲလာပြီး ရှေ့ဆက်ပြီးတော့လည်း ယုံကြည်မှုတွေနဲ့လက်တွဲသွားကြမယ်လို့လည်း ဆိုပါတယ်။ ကောင်းပြည့်က”ကျွန်တော်က အရင်တုန်းကတော့ သူ့ကို တော်တော် သဝန်တိုပါတယ်။ အခုလည်း သဝန်မတိုဘူးတော့ မဟုတ်ပါဘူး။ တိုပါတယ်။ နောက်ပိုင်းကျ တော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာ တွေ နားလည်ပေးလို့ရတဲ့ အရာ တွေဆိုရင်တော့ သဝန်မတိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုယုံကြည်တယ်။ သူ့ကိုယုံကြည်တယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပြဿနာ တွေလည်း တော်တော်နည်းသွား မယ်။ နောက်ပိုင်းဖြစ်သင့်ဖြစ်ထိုက် တဲ့ဟာပေါ်မှာ ဆုံးဖြတ်ပြီးတော့ပဲ ရှေ့ဆက်သွားပါမယ်” လို့ ပြောပါ တယ်။
သန္တာဗိုလ်ကလည်း” မိန်းက လေးဆိုတော့ ပိုပြီးတော့သဝန်တိုတာတော့ရှိပါတယ်။ အဲဒီစိတ်က တော့ ဘယ်တော့မှပြောင်းလဲသွား မှာမဟုတ်ပါဘူး။ မိန်းကလေးတိုင်းလည်း အဲ့ဒီလိုစိတ်ရှိမှာပါပဲ။ ဒါပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိရင်တော့ သဝန်တိုမှု တွေကလျော့နည်းသွားမှာ ဖြစ်ပါ တယ်” လို့ဆိုပါတယ်။ သန္တာဗိုလ်အနေနဲ့ ချစ်သူ ကောင်းပြည့်ကို အနုပညာနဲ့ပတ်သက်ပြီး အကြံဥာဏ်တွေပေးဖြစ် တယ်လို့ ပြောပါတယ်။ ”ညီမဘက်က သူ့ကိုအကြံ ဥာဏ်ပေးဖြစ်တာကတော့ အဝတ် အစားပိုင်းနဲ့ပတ်သက်ပြီး ဘယ်လို ဝတ်ရင်အဆင်ပြေတယ်ဆိုတာ တွေ ပြောပြဖြစ်တယ်။ အနုပညာ လောကမှာ သူ့ကိုဖြစ်စေချင်တာ ကတော့ ပိုပြီးတော့အောင်မြင်တဲ့ ပရိသတ်တွေပိုချစ်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်စေချင်ပါတယ်” လို့ သန္တာဗိုလ်က ဆက်လက်ပြောခဲ့ပါတယ်။
KZYH
#democracytoday
Discussion about this post