နယူးယောက်၊ မတ် ၂၉
အော်စကာဆုရမင်းသား ရှောင်ပန်းသည်ဝတ္ထုရေးဆရာဖြစ် လာခဲ့ပြီဟု မတ် ၂၉ ရက် သတင်း ဗဏ ကဆိုသည်။ ” Milk ”၊ ” Mystic River ”၊ ”Dead Man Walking ”ရုပ်ရှင် တို့ဖြင့်အောင်မြင်ခဲ့သော ရှောင် ပန်းက ”ကျွန်တော်သရုပ်ဆောင် အလုပ်ကို မကြိုက်တော့ဘူး။ တ ကယ်တော့ ကျွန်တော်ဖြစ်ချင်တာ က စာရေးဆရာပါ”ဟု ပြောသည်။
ယနေ့ခေတ်ကမ္ဘာကြီးတွင် ဖျော်ဖြေရေးများဖောင်းပွများပြား လွန်းနေကြောင်း၊ ရုပ်ရှင်ကားကောင်း ကြီးများသည်လည်း လျင်မြန်စွာ မေ့ပျောက်ခံနေရကြောင်း၊ သို့သော် စာအုပ်စာပေကဏ္ဍပျောက်ကွယ် သွားမည်မဟုတ်ဟု မိမိယုံကြည် ကြောင်းရှောင်ပန်းကပြောသည်။ ရှောင်ပန်းရေးသားသော ဝတ္ထု အမည်မှာ ” Bob Honey Who Just Do Stuff ”ဖြစ်သည်။ ထိုဝတ္ထု ထဲတွင် ဆိုဗီယက်ပြည်ထောင်စု ၏ နောက်ဆုံးခေါင်းဆောင် မိခေး ဂိုဘာချော့၊ မူးယစ်ရာဇာ အယ်ချာ ပိုတို့ကိုလည်း ဇာတ်ကောင်များ အဖြစ် ထည့်သွင်းထားသည်။
ရှောင်ပန်း၏ဝတ္ထုသည် Amazon.com ၏ အရောင်းရဆုံး ဝတ္ထု ၁ဝဝ စာရင်းတွင်ပါဝင်ခဲ့ သည်။ စိတ်ကူးယဉ်စာအုပ်အမျိုး အစားတွင် နံပါတ်တစ်ချိတ်ခဲ့သည်။ သို့သော် Huffington Post သတင်းစာကြီးကမူ ”ရှောင်ပန်းဝတ္ထု ရေး ဆရာမလုပ်သင့်ပါ”ဟူသော ခေါင်းစဉ်ဖြင့် ဝေဖန်ခဲ့သည်။ သို့သော်လူတိုင်းတွင် အမြင် အမျိုးမျိုးရှိနေသည့်အတွက် ဝေ ဖန်မှုများကိုဂရုစိုက်နေမည်မဟုတ် ကြောင်း ရှောင်ပန်းကပြောသည်။
Ref : AP
Discussion about this post