ဆိုးလ်၊ မေ ၁၅
တောင်ကိုရီးယားနာမည်ကြီး ကေပေါ့ပ်အဆိုတော်များ ဖြစ်ကြသော လီဟိုင်းနှင့် ဇီယွန်တီတို့သည် ဂျပန်နိုင်ငံတွင် သြဂုတ်လ၌ ကျင်းပမည့် နွေရာသီ ဂီတဖျော်ဖြေပွဲတွင် ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း ၎င်းတို့၏ အေဂျင်စီ က မေ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော အဆိုပါ ရော့ခ်ဂီတပွဲတော်ကို သြဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မြို့တော်တိုကျိုနှင့် အိုဆာကာမြို့တို့၌ ကျင်းပမည်ဖြစ်ပြီး လီဟိုင်းနှင့် ဇီယွန်တီတို့ ပါဝင်သီဆိုခွင့်ရသည်ဟု YG Entertainment က သတင်းထုတ်ပြန်သည်။
ဂန္ထဝင်ပေါ့ပ်အဆိုတော် ဆိုတိုင်ဂျီသည် ၂ဝဝ၁ ခုနှစ်တွင် ဂျပန်နွေရာသီဂီတပွဲတော်တွင် ဖျော်ဖြေခွင့်ရခဲ့သော ပထမဆုံး တောင်ကိုရီးယား အဆိုတော်ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ နောက်ထပ် တောင်ကိုရီးယားအဆိုတော်များသည် ဂီတပွဲတော်တွင် ဖျော်ဖြေခွင့်ရခဲ့သည်။ ဂျပန် နွေရာသီဂီတဖျော်ဖြေပွဲတွင် ဖျော်ဖြေခွင့်ရခဲ့သည့် တောင်ကိုရီးယား ဂီတအဖွဲ့များမှာ Big Bang, CL, Hyukoh, BoA နှင့် BTS တို့ဖြစ်ကြသည်။ ပွဲတော်တွင် ဂျပန်ဂီတသမားများသာမက နိုင် ငံတကာမှပညာရှင်များလည်း လာရောက်ဖျော်ဖြေကြသည်။
ယခုနှစ် ဂီတပွဲတော်တွင် ဗြိတိန်နာမည်ကြီး ရော့ခ်ဂီတအဖွဲ့ High Flying Birds နှင့် အမေရိကန်အဆိုတော် ဘတ်စ်တို့ကိုလည်း ဖိတ်ကြားထားသည်။ လီဟိုင်းသည် အဆိုပြိုင်ပွဲ တစ်ခုမှတစ်ဆင့် ၂ဝ၁၂ ခုနှစ်တွင် ဂီတလောကထဲ စတင်ရောက်ရှိခဲ့သည်။ ဂျပန်ဘာသာဖြင့် သီဆိုထားသော ပထမဆုံးသီချင်းခွေ ကိုလည်း ယခုနှစ် မတ်လက ဖြန့် ချိခဲ့သည်။
#democracytoday
Discussion about this post