လန်ဒန်၊ မေ ၂၆
လူတိုင်း သေမျိုးပင်ဖြစ်သောကြောင့် သေရမည်ကို ကြောက်ရွံ့နေသူများအား မိမိနားမလည်ဟု ဆာဘွဲ့ရမင်းသားကြီး အန်ထော်နီဟော့ပကင်းစ်က ပြောကြားလိုက်ကြောင်း မေ ၂၆ ရက် contactmusic သတင်းကဆိုသည်။ သေခြင်းတရားကို ကြောက်ရွံ့သလားဟု မေးသောအခါ ဟော့ပကင်းစ်က ”လုံးဝမကြောက်ပါဘူး။ မသေချင်လို့မှလည်း မရတာ။ ဒီတော့ ဘာလို့ကြောက်နေရမှာလဲ၊ ကျွန်တော်တို့အားလုံး သေကြရမှာပဲ”ဟု ပြန်လည်ဖြေ ကြားသည်။
သေသည်ဆိုသော စကားလုံးကို ရှောင်ကွင်းသုံးစွဲနေကြခြင်းနှင့်ပတ်သက်၍ ဟော့ပကင်းစ်က ”ကွယ်လွန်သည်။ အဲဒါဘာအဓိပ္ပာယ်လဲ။ သေတယ်လို့ပဲဆိုလိုတာ မဟုတ်လား။ သေတာကို အဲဒီလောက် အရေးတယူလုပ်နေဖို့ မလိုပါဘူး။ သေပြီဆိုရင် ခင်ဗျားရဲ့ခန္ဓာကိုယ်က အသားတုံးကြီး ဖြစ်သွားမယ်။ တဖြည်းဖြည်း ပုပ်ပွပျက်စီးသွားမယ်” ဟုပြောသည်။ လူတိုင်းသည် တစ်နေ့သေရမည်ဖြစ်သောကြောင့် ဘဝတွင် စိတ်ညစ်စရာများကို ခေါင်းထဲတည့် မထားသင့်ဟုလည်း ဟော့ပကင်းစ်က ပြောသည်။
”ကျွန်တော် ကလေးတွေကို မကြာမကြာ ပြောဖြစ်တယ်။ မင်းတို့ကောင်တွေ ခေါင်းရှုပ်မခံပါနဲ့ကွာ။ ငါတို့အားလုံး တစ်နေ့သေရမှာပါ”ဟု ဟော့ ပကင်းစ်ကဆိုသည်။ အသက် (၇၅)နှစ်ကိုကျော်၍ (၈ဝ)နှစ်ထဲကို ရောက်လာပါက သေခြင်းတရားနှင့် ပိုမိုနီးကပ်လာ သောကြောင့် ဘဝသည် ပိုမိုနှစ်သက် ပျော်ရွှင်ဖွယ် ဖြစ်လာသည်ဟုလည်း ဟော့ပကင်းစ်က ပြောသည်။ Westworld ရုပ်ရှင် ဖြင့် ထင်ရှားခဲ့သော ဟော့ပ ကင်းစ်သည် Radio Times မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။
Ref: Contactmusic
#democracytoday
Discussion about this post