လက်ရှိရုံတင်ပြသနေတဲ့”ငါ့ကိုနမ်းတဲ့ မုန်တိုင်း”ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ တေးသံရှင်၊ သရုပ်ဆောင် လွှမ်းပိုင်က ဇာတ်ကားထဲက ကာရိုက်တာနဲ့ လက်ရှိအပြင်က ကာရိုက်တာက ကွာခြားတယ်လို့ဆိုပါတယ်။
”ဒီဇာတ်ကားထဲက ကျွန်တော့်ကာရိုက်တာနဲ့ အပြင်လက်တွေ့ ဘဝမှာ အချစ်ကိုခံစားပုံချင်းက လုံးဝကိုမတူပါဘူး။ သက်သက်စီပါပဲ။ ဒီဇာတ်ကားကို ကျွန်တော်တို့လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကတည်းက ရိုက်ထားတာဖြစ်ပါတယ်။ အဲဒီတုန်းက ရိုက်ထားတာဆိုပေမယ့် အကောင်းဆုံးကြိုးစားထားတယ်။ အဲဒါကြောင့် အခုရုံတင်နေတဲ့ အချိန်တွေမှာလည်း ပရိသတ်တွေ လာရောက်ကြည့်ရှုပြီး ဝေဖန်ပေးကြပါ။ ကျွန်တော်တို့ ဇာတ်ကားရိုက်စဉ်မှာလည်း အကောင်းဆုံးကြိုးစားထားတယ်။ အခုရုံတင်တော့လည်း အရမ်းကို ရင်ခုန်ပါတယ်။ ကိုယ့်မျက်နှာကို ပထမဆုံးအကြိမ်ရုပ်ရှင်ရုံပိတ် ကားထက်မှာမြင်ရတာဆိုတော့ ပိုရင်ခုန်ပါတယ်”လို့ ပြောပါတယ်။ ဒီဇာတ်ကားထဲမှာ အားအ ရဆုံးဇာတ်ဝင်ခန်းနဲ့ပတ်သက်ပြီး တော့လည်း အခုလိုပြောပါတယ်။
”ကျွန်တော် မဖွေးနဲ့သရုပ် ဆောင်တဲ့အခန်းထဲမှာ အကြိုက်ဆုံးအခန်းဆိုရင် ကျောင်းရှေ့က ခုံတန်းလေးမှာထိုင်ပြီးစကားပြောရင်း ငိုတဲ့အခန်းကိုအားအရဆုံးပါပဲ။ အဲဒီအခန်းရိုက်နေတဲ့အချိန်တုန်းကရင်လည်း ကျွန်တော်ငိုနေတဲ့ အချိန်မှာရင်ထဲကို ဆို့ဆို့နင့်နင့်ကြီးခံစားရပါတယ်။ ရဲရင့်အောင်နဲ့ဆိုရင်လည်းရှေ့မှာလည်း နမူနာတွေအများကြီးလုပ်ထားတော့ တကယ်သရုပ်ဆောင်တဲ့အချိန်မှာ အဆင်တော့ပြေပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့နှစ်ယောက်စလုံးမှာ သရုပ်ဆောင်တာကိုဖိအား တော့ ရှိကြပါတယ်။ ဇာတ်ကားမှာ ဘယ်သူမှလည်း လျှော့လုပ်လို့မရပါဘူး။ တစ်ယောက်က မှားယွင်းသွားရင်တော့ ဇာတ်ကားတစ်ကားလုံးက ပရိသတ်ရင်ထဲကိုကျန် တော့မှာ မဟုတ်ပါဘူး”လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
KZYH
#democracytoday
Discussion about this post