အဘာဒင်း၊ ဇွန် ၂၄
“Game of Thrones” ရုပ်ရှင်ထဲမှာ မင်းသားနှင့်မင်းသမီးများဖြစ် ကြသော ကစ်ဟာရင်တန်နှင့် ရို့စ်လစ္စလီတို့ တရားဝင်ထိမ်းမြားလက် ထပ်လိုက်ကြပြီဟု ဇွန် ၂၄ ရက် Contactmusic သတင်းကဆိုသည်။ မင်္ဂလာပွဲကို ရို့စ်လစ္စလီ၏ မွေးရပ်မြေဖြစ်သော စကော့တလန် နိုင်ငံ၊ အဘာဒင်းမြို့ရှိ Wardhill ရဲတိုက်ကြီးတွင် ကျင်းပခဲ့သည်။ Rayne တွင် ဘုရားကျောင်းတွင်ကျင်းပသည့် မင်္ဂလာပွဲသို့ ဆွေမျိုးသား ချင်းများ၊ မိတ်ဆွေသူငယ်ချင်းများ စုံစုံလင်လင်တက်ရောက်ခဲ့ကြသည်။
ကစ်ဟာရင်တန်နှင့် ရို့စ်လစ္စလီတို့မှာ သက်တူရွယ်တူဖြစ်ကြပြီး (၃၁) နှစ်ဖြစ်သည်။ လက်ထပ်သစ္စာဆိုအပြီးတွင် မင်္ဂလာဇနီးမောင်နှံသည် လင်းရိုဗာကားကြီးကို အပျော်ပတ်စီးခဲ့ကြသည်။ ကားတွင် ”အသစ်ဆက်ဆက်ဇနီးမောင်နှံ” ဟူသော စာတန်းကပ်ထားသည့်အပြင် ရိုးရာဓလေ့ထုံးတမ်းအရ သံဘူးအခွံများကို ကား နောက်တွင် တရွတ်တိုက်ချိတ်ဆွဲကာ မောင်းနှင်ခဲ့ကြသည်။
သတိုးသမီး၏ ဖခင်စီဘတ်ရှန်က မင်္ဂလာဇနီးမောင်နှံနှစ်ဦးအတွက် ဝမ်းမြောက်ပျော်ရွှင်သည်ဟုပြောသည်။ လက်ထပ်ပြီးစီးကြောင်းကြော်ငြာကိုလည်း The Times သတင်းစာတွင် ထည့်သွင်းခဲ့သည်။ မင်္ဂလာဧည့်ခံပွဲကျင်းပရာ ရဲတိုက်ကြီးကို စီဘတ်ရှင်ပိုင်ဆိုင်သည်။ ၁၂ ရာစုကတည်းက တည်ဆောက်ထား ခြင်းဖြစ်ပြီး ပင်မအဆောင်တွင် အိပ်ခန်း ၁၆ ခန်းပါဝင်သည်။
Ref; Contactmusic
#democracytoday
Discussion about this post