ဆိုးလ်၊ သြဂုတ် ၎
ကိုရီးယားစိတ်ကူးယဉ်သိပ္ပံရုပ်ရှင် Along With The Gods 2: The Last 49 Days (နတ်ဘုရားများနှင့်နေထိုင်ခြင်း နောက်ဆုံး ၄၉ ရက်)သည် ရုံတင်ပြသပြီး ၃ ရက် မြောက်နေ့အထိ လက်မှတ်စောင် ရေ သုံးသန်းရောင်းချခဲ့ရသည်။ ယင်း နေ့ ၂ နာရီ ၃ဝမိနစ် ပွဲချိန်စာရင်းအရ လူဦး ရေ ၆၉၃၇၉၉ ဦး ကြည့်ရှုခဲ့ကြသည်ဟု Lotte Entertainment က ပြောဆိုလိုက် သည်။
ရုပ်ရှင်စပြသော ဗုဒ္ဓဟူးနေ့က လက်မှတ်စောင်ရေ ၁ ဒသမ ၂၄ သန်း၊ ဒုတိယနေ့တွင် ၁ ဒသမ ဝ၈ သန်းနှင့် တတိယနေ့တွင် လက်မှတ်စောင်ရေ တစ်သန်းရောင်းချ ရမည်ဖြစ်ပါက သုံးရက်အတွင်း လက်မှတ်သုံးသန်း ရောင်းချပြီး ဖြစ်မည်ဖြစ်သည်။ ယခုရုပ်ရှင်သည် ၂ဝ၁၇ ခုနှစ်က ပြသခဲ့သော ပထမရက်သတ္တ ပတ်အတွင်း ပရိသတ်ငါးသန်း ကြည့်ရှုခဲ့သည့် Gods: The Two Worlds ရုပ်ရှင်ဇာတ်ကား ၏ အဆက်ဖြစ်သည်။
တောင်ကိုရီးယား ရုပ်ရှင်များ တွင် ပရိသတ်ငါးသန်းကျော် ကြည့်ရှုခဲ့သော ရုပ်ရှင်များမှာ ကိုရီးယားစုန်းသရဲကား၂ဝ၁၆ ခုနှစ်က Train To Busan ၊ ၂ဝ၁၄ ခုနှစ်က Roaring Currents နှင့် ၂ဝ၁၈ ခုနှစ် Avengers: Infinity War တို့ ဖြစ်ကြသည်။ Along With The Gods တွင် မီးသတ်သမားဖြစ်သူ ဂျာဟွန်းနှင့်မိသားစုသည် သေလွန်ပြီးနောက် ငရဲဘုံ၌ ၄၉ ရက် နေထိုင်၊ တွေ့ကြုံခဲ့ရပုံဇာတ်လမ်းဖြစ်ပြီး မင်းသား ချာထယ်ဟွန်က အဓိက ပါဝင်သရုပ် ဆောင်ထားသည်။ Along With The Gods 2 တွင် လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝဝ ခန့်က လူသားများ အဖြစ် ဟာဂျွန်တူ၊ ဂျူဂျီဟွန်းနှင့် ကင်မ်ဟန်ဂျီတို့က သရုပ်ဆောင်ပါဝင်ခဲ့သည်။
Ref: Contactmusic
Discussion about this post