၂ဝဝဝ ပြည့်ဝန်း ကျင်တွင် အဖွဲ့လိုက် အောင်မြင်မှုရရှိခဲ့ သော တေးသံရှင်များ စုပေါင်းဖျော်ဖြေမည့် Back to Millenium ဖျော်ဖြေပွဲ နောက်ဆုံး နှုတ်ဆက်ပွဲတွင် ပါဝင် ဖျော်ဖြေမည့် Acid အဖွဲ့၏ ပြင်ဆင်မှုများ နှင့်အတူ မကြာခင် ကလေးအဖေဖြစ်တော့ မည့် တေးသံရှင် အန ဂ္ဂ၏ခံစားချက်များကို အခုလိုပဲတွေ့ဆုံမေး မြန်းဖြစ်ခဲ့ပါသည်။
မေး – Back to Millenium ဖျော်ဖြေပွဲမှာ ဖျော်ဖြေခဲ့ရတဲ့အပေါ်မှာ ခံစား ချက်ကရော ဘယ်လိုဖြစ်မိလဲ။
ဖြေ – ဒီပွဲက ကျွန်တော်တို့တွေ အားလုံးအတွက်တော့ အထူးဆန်းဆုံးပွဲတစ်ပွဲပဲ။ ပွဲစီစဉ်တဲ့သူကလည်း တကယ်ကိုသေချာ စီစဉ်ပေးတယ်။ ကျွန်တော်တို့ဆိုခဲ့တဲ့ဖျော်ဖြေပွဲတွေအားလုံးမှာကို ပျော်စရာအကောင်းဆုံးပွဲတစ်ပွဲပေါ့နော်။ အခုရန်ကုန်မှာ လုပ်မယ့်ပွဲက တတိယမြောက်ပွဲ နောက်ဆုံးနှုတ်ဆက်ပွဲပေါ့နော်။
မေး – နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်နေတဲ့အတွက် ဘယ်လိုမျိုးတွေ စီစဉ်ထားလဲ။
ဖြေ – ကျွန်တော်တို့ကတော့ သီချင်းတွေကို အကောင်းဆုံးဖြစ် အောင်သီဆိုမယ်။ ထူးထူးခြားခြားစီစဉ်ထားတဲ့အပိုင်းက တော့ ဖျော်ဖြေပွဲကျမှာပဲကြည့်စေချင်ပါတယ်။ အခုက တော့ ကြိုပြီးတော့ မပြောချင်သေးဘူး။
မေး – နောက်ဆုံးနှုတ်ဆက်ပွဲအနေနဲ့ သတ်မှတ်လိုက် တာကရော ဘာကြောင့်လဲ။
ဖြေ – ဘာလို့လဲဆိုတော့ အဓိကကတော့ ပရိသတ်ကို စီးပွား ရေးအရလုပ်စားတဲ့ပွဲမျိုးမဖြစ်ချင်ဘူး။ ပထမဦးဆုံးစပြီးတော့ စီစဉ်ကတည်းက တစ်ပွဲပဲလုပ်မယ်ဆိုပြီးတော့စီစဉ်ထားတာပါ။ ဒါပေမဲ့ ရန်ကုန်ပွဲလုပ်ပြီးတဲ့အချိန်မှာ စင်ကာပူ၊ ဂျပန်၊ အမေရိ ကန်တို့ စသဖြင့် နိုင်ငံခြားတွေကပါ ကျွန်တော်တို့ကိုကမ်းလှမ်း လာတယ်။ အဲဒီမှာစဉ်းစားတယ်။ နိုင်ငံခြားမှာလုပ်ရင် လာကြည့် ချင်တဲ့သူတွေအတွက် လေယာဉ်လက်မှတ်ဖိုး၊ သွားစရိတ်စား စရိတ်၊ နေစရိတ် စသဖြင့်အကုန်အကျအရမ်းများမယ်။ ကျွန် တော်တို့ ဖျော်ဖြေပွဲက ရန်ကုန်မှာလုပ်တုန်းကတောင် ဖျော်ဖြေပွဲတွေအားလုံးထဲမှာ အကုန်အကျအများဆုံးပွဲလို့တောင်ပြော လို့ရတယ်။ ရန်ကုန်မှာလုပ်တာကို မသိလိုက်တဲ့သူတွေလည်း ရှိတယ်။ အဲဒီအခါကျတော့ ရန်ကုန်မှာထပ်လုပ်တယ်။ ခဏ ခဏ လုပ်နေရင်းလည်း ဖျော်ဖြေတာမဟုတ်တော့ဘဲ လုပ်စားသလို ဖြစ်နေမယ်။ အဲဒီလိုမျိုးကျတော့ မလုပ်ချင်ဘူး။ Back to Millenium ဆိုတာကို တစ်ခေါက်လောက်ပဲထပ်ပြီးတော့ ချပြ ချင်ပေမယ့်လည်း တောင်းဆိုနေကြတဲ့သူတွေရှိတာကြောင့် ရန် ကုန်တစ်ခေါက်၊ မန္တလေးတစ်ခေါက်နဲ့ ရန်ကုန်ပွဲကိုမကြည့်ရ သေးတဲ့သူတွေအတွက် ရန်ကုန်ကို အခုနောက်တစ်ခေါက်အနေ နဲ့ ပြန်လုပ်ပေးတာပါ။ Back to Millenium လိုပွဲမျိုး နောက် ထပ်ပြန်လုပ်ဖြစ်မယ်ဆိုရင်တောင်မှ ၁ဝ နှစ်၊ ၁၅ နှစ်လောက် နေမှပဲ ထပ်လုပ်ဖြစ်မယ်။
မေး – Acid အဖွဲ့အနေနဲ့ရော နောက်ထပ်သီချင်းသစ်တွေ ချပြဖို့ ရှိမလား။
ဖြေ – သီချင်းအသစ်တွေကတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးသီချင်းတွေလုပ်နေတယ်ဆိုတာက ဝါသနာအရပေါ့နော်။ ပရိသတ်ကိုကျတော့ချပြဖြစ်မလား။ မချပြဖြစ်ဘူးလားဆိုတာမသေချာဘူး။ အခွေထွက်လာတော့မှ ပဲ အခွေထွက်လာတယ်ပေါ့နော်။
NN, DemocracyToday
Discussion about this post