ရန်ကုန်မြို့မှာနေတာ နန်းမွေ (၇)တန်းနှစ်ကတည်းကဆိုရင် (၁ဝ) နှစ်ကျော်ပြီ။ ဒီ(၁ဝ)နှစ်ကျော် ကာ လအတွင်းမှာ အဝီစိရေနဲ့ ဂျိုးဖြူရေ မှာ ဘာအသုံးများလဲဆိုရင် အရင် တုန်းက ခြံနဲ့ နေတာဆိုတော့ အဝီစိ တွင်းရှိတယ်။ အဝီစိရေက ပြန်ပြီး တော့ သန့်စင်ရတာတွေရှိတယ်။ ကျိုရတာမျိုးတွေ၊ ရေစစ်ရတာမျိုး တွေ ခဏခဏလုပ်ရတယ်။
ရေပိုက် တွေဆိုရင်လည်း ခဏခဏပျက် တယ်။ အခုနောက်ပိုင်းကျတော့ အ ဝီစိရေမသုံးတော့ဘူး။ ဂျိုးဖြူရေပဲ သုံးတော့တယ်။ ဂျိုးဖြူရေမှာ မစင်ပိုး ပါတယ်ဆိုတာကို ပထမပိုင်းတော့ ကြားလိုက်တယ်။ နောက်ပိုင်းမဟုတ် ဘူးလို့လည်းပြောတယ်။ ဂျိုးဖြူရေ မှာ E coli ပိုး တွေ့တယ်လို့ ပြော တာပါ။ E coli ပိုးကတော့ နေရာ တိုင်းမှာရှိတာပါ။ ပိုက်တွေ၊ မြောင်း တွေ၊ မသန့်စင်တဲ့နေရာတွေမှာ E coli ပိုးရှိတယ်။ အဲဒီပိုးကလည်း ဝမ်း ရောဂါကို ဖြစ်စေတယ်။ နည်းနည်း တော့စိတ်ထဲမှာ မသန့်တော့ဘူး။
ရန်ကုန်မြို့မှာ လမ်းတွေကပိတ်၊ ရာသီဥတုက ပူတဲ့အပြင်၊ အခုရေကပါ ပြဿနာဖြစ်ပေမယ့် နေရတာ ပျော်ပါတယ်။ ဒုက္ခတွေက အများကြီးရှိ ပေမယ့် ဒါတွေက ကျန်းမာရေးဝန် ကြီးဌာနက လုပ်ရမယ့် တာဝန်တွေ ပါ။ ပြေလည်သွားမယ်လို့ ထင်ပါ တယ်။ သောက်ရေသန့် သောက်ပါ မယ်။ အိမ်သာသန့်ရှင်းရမယ်။ အ စားအစာသန့်ရှင်းရမယ်။ ကျန်းမာ ရေးဗဟုသုတရှိဖို့လည်းလိုအပ်ပါ တယ်။ အဲဒါမှ လူတိုင်း ကျန်းမာ အသက်ရှည်မှာပါ။
Discussion about this post