HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ပီတာဒေးဗစ်ဆန်က လမ်းခွဲပြီးနောက် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခံစားနေရဟု ဖွင့်ဟ

ပီတာဒေးဗစ်ဆန်က လမ်းခွဲပြီးနောက် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခံစားနေရဟု ဖွင့်ဟ

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၄ 

"Saturday Night Live" ရှိုး တင်ဆက်သူ ပီတာဒေးဗစ်ဆန်က ၎င်း၏ချစ်သူ အာရီနာဂရန်ဒီနှင့် စေ့စပ် ကြောင်းလမ်းမှု ဖျက်သိမ်းပြီးနောက် ပိုင်းတွင် မရယ်နိုင် မပြုံးနိုင်ဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရ ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး လူအများ၏ ဝေဖန်တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်နေရကြောင်း ဒီဇင်ဘာ ၃ရက် က ၎င်း၏အင်စတာဂရမ် တွင် ဖွင့်ဟခဲ့သည်ဟု CNN ၏ ဒီဇင်ဘာ ၄ ရက်သတင်းအရ သိရသည်။ ပီတာက ၎င်းအနေဖြင့် ကိုးလကြာချစ်သူသက်တမ်းအတွင်း စော်ကားမော် ကားပုတ်ခတ်မှုများစွာကိုလည်း ခံစားခဲ့ရသလို လမ်းခွဲပြီးနောက်တွင်လည်း အွန် လိုင်းမှာရော၊ အပြင်မှာပါ စော်ကားပုတ်ခတ်ခံနေရသည်ဟု ဆိုထားသည်။

ဒေးဗစ်ဆန်က ''ယောက်ျား တစ်ယောက်အနေနဲ့ သူ့ကမ္ဘာထဲက အမှန်တရား တွေ၊ စစ်မှန်တဲ့ အချက်အလက်တွေကို ကိုးကားစရာမရှိတော့အောင်၊ အမှိုက်ပုံး ထဲထည့်လိုက်ရသလိုမျိုးအခြေအနေမှာ ရှိလာမယ့်ခံစားချက်ကို နားလည်အောင် ကျွန်တော်ကြိုးစားနေပါတယ်''ဟု ရေး သားခဲ့သည်။ ဒေးဗစ်ဆန်က ၎င်းအနေဖြင့် မိမိ ကိုယ်ကို သက်သေမှုမျိုးမဖြစ် သွားစေ ရန် စိတ်ကျန်းမာရေးအထူးကုနှင့် ပြသ ခဲ့ရကြောင်း၊ ၎င်းအနေဖြင့် ဘဝကို တည်ဆောက်ရန် မျှော်လင့်ချက်မဲ့သည် အထိ ဖြစ်ခဲ့ရကြောင်း၊ မိမိကိုယ်ကိုယ် သတ်သေချင်စိတ်ပေါက်အောင် အင်တာ နက်မှ (သို့မဟုတ်) တခြားတစ်နည်းနည်းဖြင့် တုံ့ပြန်မှုများသည် အကြောင်း မဟုတ်တော့ကြောင်း၊ မိမိကိုယ်ကိုယ် ပြန်လည်ထူမတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်း လည်း ပြောခဲ့သည်။ ပီတာနှင့် အာရီနာတို့သည် ပြီးခဲ့သည့်နွေရာသီက ချစ်ကြိုက်ခဲ့ကြပြီး ဇွန်လ က စေ့စပ်ခဲ့ကြကာ အောက်တိုဘာလက စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခဲ့ကြသည်။

Ref: CNN

#democracytoday

Rate this item
(0 votes)
back to top