HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဂရမ်မီ ဆန်ခါတင်စာရင်း ကြေညာမှုကို သမ္မတဘုရှ်၏ နာရေးကြောင့် ရွှေ့ဆိုင်း

ဂရမ်မီ ဆန်ခါတင်စာရင်း ကြေညာမှုကို သမ္မတဘုရှ်၏ နာရေးကြောင့် ရွှေ့ဆိုင်း

ဝါရှင်တန်၊ ဒီဇင်ဘာ ၄ 

(၆၁) ကြိမ်မြောက် ဂရမ်မီဆုပေးပွဲအတွက် ဆန်ခါတင် အနုပညာရှင်များစာရင်းကြေညာမှုကို ဒီဇင်ဘာ ပထမပတ် အစတွင် ပြုလုပ်မြဲဖြစ်သော်လည်း အမေရိကန်၏ (၄၁)ဦး မြောက် သမ္မတဂျော့ခ်ျအိတ်ခ်ျဒဗလျူဘုရှ်၏ နာရေးဆိုင်ရာ အောက်မေ့ဖွယ်အထိမ်းအမှတ်များ ပြုလုပ်နေမှုနှင့် တိုက် ဆိုင်နေ၍ နောက်သို့ ရွှေ့ဆိုင်းထားလိုက်သည်ဟု CNN က ဖော်ပြခဲ့သည်။ ဘုရှ်သည် ပြီးခဲ့သည့် သောကြာနေ့က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ အသက် (၉၄)နှစ်တွင် ကွယ်လွန် ခဲ့သည်။

ဂရမ်မီဆန်ခါတင်စာရင်းကို လာမည့်သောကြာနေ့ (ဒီဇင်ဘာ ၇ရက်)တွင်မှ ကြေညာလိမ့်မည် ဖြစ်သည်။ ဂရမ်မီဆု ရွေးချယ်ရေးအဖွဲ့က ''ဆုအမျိုးအစားအလိုက် အစုတွေခွဲခြား ပြီး CBS This Morning အစီအစဉ်နဲ့ apple  ဂီတတို့မှာ ဒေသစံတော်ချိန် ၈ နာရီခွဲနဲ့ ၈ နာရီ ၄၅ မိနစ်အကြားမှာ စုစုပေါင်းအစု ၈၄စုကို ကြေညာပေးသွားမှာပါ။ ဂရမ်မီဒေါ့ ကွန်းကနေပြီးတော့လည်း ကြေညာချက် ထုတ်ပြန်သွားမှာ ဖြစ်သလို အကယ်ဒမီလူမှုပလက်ဖောင်းက နေပြီးတော့ လည်း ကြေညာသွားမှာပါ'' ဟု CNN သို့အတည်ပြုပေးခဲ့သည်။  (၆၁) ကြိမ်မြောက်ဂရမ်မီဆုပေးပွဲကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ဝရက်တွင် အမေရိကန်နိုင်ငံ လော့စ်အိန် ဂျလိစ်မြို့၌ ကျင်းပမည်ဖြစ်ပြီး CBS ရုပ်သံက တိုက်ရိုက်လိုက်ဖ် ထုတ်လွှင့်ပြသမည်ဖြစ်သည်။ 

Ref: CNN

#democracytoday

Rate this item
(0 votes)
back to top