HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''တစ်နှစ်မှာ တစ်ကားတည်းလည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်ကို လာကမ်းလှမ်းတဲ့ ဇာတ်ကို ကျွန်တော်ကြိုက်ဖို့လိုပါတယ်'' ကျော်ကျော်ဗို

''တစ်နှစ်မှာ တစ်ကားတည်းလည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်ကို လာကမ်းလှမ်းတဲ့ ဇာတ်ကို ကျွန်တော်ကြိုက်ဖို့လိုပါတယ်'' ကျော်ကျော်ဗို

၂ဝ၁၈ တစ်နှစ်ပတ်လုံးတွင် ရုပ်ရှင်ဇာတ်ကားနှစ်ကားပဲ ရိုက်ဖြစ်ပါတယ်ဆိုတဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ကို အခုလိုတွေ့ဆုံမေး မြန်းဖြစ်ခဲ့ပါတယ်။

မေး-အခုလတ်တ လောရိုက်ကူးဖြစ်တဲ့ ဇာတ်ကားရှိရင် လည်း ပြောပြပေး ပါဦး။

ဖြေ-ကျွန်တော် အခုလတ်တလောမှာတော့ ''ပုံရိပ်''ဆို တဲ့ဇာတ်ကားလေး မှာ ပါဝင်သရုပ်ဆောင်မှာပါ။ ဇာတ်ကားကတော့ ဒီဇင်ဘာ ၇ ရက်မှာ စတင်ရိုက်ကူးမှာပါ။ ဒီဇာတ်ကားလေးမှာတော့ သရုပ်ဆောင်အလင်းရောင်နဲ့ရော၊ သရုပ်ဆောင်မေနဲ့ရော အရင်ကတွဲပြီးတော့ရိုက်ခဲ့ဖူးတာကြောင့် အခု ဇာတ်ကား ရိုက်ကူးတဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ရိုက် ကူးရာမှာ အဆင်ပြေမှာဖြစ်ပါတယ်။

မေး-ဒီနှစ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကားလက်ခံရိုက်ကူးမှုအ ခြေအနေလေး ပြောပြပေးပါဦး။

ဖြေ-ကျွန်တော်ရိုက်မယ့်ဇာတ်က ကာရိုက်တာက ကျွန်တော် မဟုတ်တဲ့ အခြားတစ်ယောက်ဖြစ်ပုံစံမျိုးဖြစ်ရမယ်။ ကာ ရိုက်တာက ကျွန်တော့်ကို စိန်ခေါ်နေရမယ်။ ဒီ ၂ဝ၁၈ တစ် နှစ်လုံးမှာ ကျွန်တော် ဒီ''ပုံရိပ်''ဇာတ်ကားအပါအဝင် ဇာတ်ကားနှစ်ကားပဲရိုက်ဖြစ်ပါတယ်။ တစ်နှစ်မှာ နှစ်ကားပဲရိုက်မယ်လို့ စဉ်းစားထားတာမျိုးတော့ မဟုတ်ပါဘူး။ တစ်နှစ်မှာ တစ်ကားတည်းလည်းဖြစ်ချင်ဖြစ်မယ်။ ကိုယ့်ကိုလာကမ်းလှမ်း တဲ့ ဇာတ်ကို ကျွန်တော်ကြိုက်ဖို့လိုပါတယ်။


မေး-ဇာတ်လမ်းတွဲတွေရော ရိုက်ဖြစ်ဖို့ရှိသေးလား။ ဇာတ် လမ်းတွဲ ရိုက်ကူးမှုကရော ကိုယ့်အတွက် ဘယ်လိုပုံစံမျိုးရှိမလဲ။

ဖြေ-ဇာတ်လမ်းတွဲက လောလောဆယ်တော့ရိုက်ဖို့မရှိသေး ပါဘူး။ ရှေ့နှစ်ထဲမှာတော့ရိုက်ဖို့ရှိပါတယ်။ ဇာတ်လမ်းတွေက တော့ မသိပါဘူး။ ကျွန်တော်ဇာတ်လမ်းတွဲရိုက်ဖြစ်တာက ဇာတ်လမ်းတွဲတွေက ပရိသတ်တွေဆီကို မြန်မြန်ရောက် နိုင်ပါတယ်။ နောက် နယ်ကပရိသတ်တွေလည်း ကြည့်ရတာ အဆင်ပြေပါတယ်။ ရုပ်ရှင်ရုံမရှိတဲ့ကျေးရွာရှိပေမယ့် TV မရှိတဲ့ကျေးရွာကတော့ နည်းပါတယ်။ အဲဒါကြောင့် ဇာတ်လမ်းတွဲရိုက်ရတာ ကျွန်တော့်အတွက် အဆင်ပြေတယ်။ ဇာတ်လမ်းတွဲရိုက်ရတာကိုလည်း ကြိုက်ပါတယ်။


မေး-နှင်းဆီအငြိမ့်နဲ့ပတ်သက်ပြီးတော့ရော ဘာတွေပြင်ဆင်မှု တွေလုပ်ဖြစ်နေပြီလဲ။

ဖြေ-ကျွန်တော်တို့ နှင်းဆီအငြိမ့်နဲ့ပတ်သက်တာတွေကို လုပ်ဖို့က ပထမ ဒီလအကုန်လောက်လုပ်ဖြစ်မယ်လို့ စဉ်းစား ထားပေမယ့် ကျွန်တော်တို့ရက်တွေကိုပြန်ကြည့်တဲ့အချိန်မှာ ရက်ကလည်းနည်းနေတယ်။ နောက် ကျွန်တော်တို့ ဇာတ်တိုက် ချိန်လေးလည်း နည်းနည်းပိုလိုချင်တာကြောင့် ရက်ကို ၁ လပိုင်းထဲလောက်မှ စလုပ်ဖြစ်မှာပါ။


မေး-ပရိသတ်တွေအတွက်ရော ပြောချင်တာများရှိမလား။

ဖြေ-ပရိသတ်တွေကို ပြောချင်တာကတော့ အခုကဒီဇင်ဘာလ ဆိုတော့ နှစ်တစ်နှစ်ကကုန်တော့မယ်။ ကျွန်တော်တို့လည်း ဘဝအတွက် ကြိုးစားရုန်းကန်ကြရင်းနဲ့ နှစ်တွေ တစ်နှစ်ပြီး တစ်နှစ်ကုန်ရင် ဘဝအမောတွေနဲ့ဖြတ်သန်းနေကြရပါတယ်။ ကျွန်တော့်ကိုချစ်တဲ့ပရိသတ်တွေကို တစ်နိုင်ငံလုံးမှာရှိကြတဲ့ ပြည်သူပြည်သားတွေရော ဘဝအမောတွေ အတတ်နိုင်ဆုံး မရှိဘဲ နှစ်သစ်တစ်နှစ်ကို အကောင်းဆုံးဖြတ်သန်းနိုင်ကြ ပါစေလို့ ပရိသတ်တွေကို ဆုတောင်းပေးချင်ပါတယ်။

KZYH

#democracytoday

Rate this item
(0 votes)
back to top