HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

သရုပ်ဆောင်များစွာ ပါဝင်မည့် 'ပုံရိပ်' ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး အခမ်းအနားပြုလုပ်

သရုပ်ဆောင်များစွာ ပါဝင်မည့် 'ပုံရိပ်' ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး အခမ်းအနားပြုလုပ်

သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ အလင်းရောင်၊ မေတို့ အဓိက ပါဝင်သရုပ်ဆောင်သွားမည့်''ပုံရိပ်'' ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ချိုဝတ်ရည်မှ မကြာမီပုံဖော်ရိုက်ကူးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်နံနက်က ရွှေတိဂုံဘုရား အောင်မြေတွင် ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲပေး အခမ်းအနားမှ သိရသည်။

ဒါရိုက်တာ ချိုဝတ်ရည်က''ကိုယ့် အတွက်တော့ ဒီဇာတ်ကားက ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပါ တယ်။ ရှေ့မှာတော့ ဇာတ်လမ်းတွဲ တစ်ခုနဲ့ဇာတ်လမ်းတိုလေးတွေ ရိုက်ခဲ့တာလေးတွေရှိပါတယ်။ ဒီ ဇာတ်ကားမှာ ဇာတ်လမ်းပုံစံမျိုး က သည်းထိတ်ရင်ဖိုလည်းဖြစ် မယ်။ အချစ်၊မိသားစုဇာတ်တွေ လည်း ပါဝင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇာတ်လမ်းရေးပြီး သွားတော့ သရုပ်ဆောင်တွေငှား တဲ့အချိန်မှာ မင်းသားအသစ်တွေ အဟောင်းတွေမကြည့်ပါဘူး။ အ ရေးကြီးတာ ကာရိုက်တာနဲ့လိုက် ဖက်မှုရှိဖို့ကိုပဲရွေးပါတယ်။ အလင်း ရောင်တို့ကို သွားကမ်းလှမ်းတုန်း က သူတို့လက်မခံပါဘူး။ သူတို့ လည်းစဉ်းစားမှာပေါ့။ ဒါရိုက်တာ အသစ်ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ အစက အလင်းရောင် က မရိုက်ဘူးလို့ပြောပါတယ်။ ဒါ ပေမဲ့ ဇာတ်ကိုသေချာပြောပြတဲ့အ ခါမှာတော့ အလင်းရောင်တို့ လက်ခံပေးပါတယ်''ဟု ပြောသည်။ 

 

ယင်းဇာတ်ကားကို Dream Production ကစီစဉ်ပြီး ဇာတ်ညွှန်းနှင့် ဒါရိုက်တာပိုင်းတွင် ချိုဝတ်ရည်က တာဝန်ယူရိုက်ကူးသွားမည်ဖြစ်ကာ သရုပ်ဆောင်များအဖြစ် ကျော်ကျော်ဗိုလ်၊ အ လင်းရောင်၊ မေ၊ ရဲမွန်၊ ခင်မို့မို့ အေး အစရှိသည့်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

KZYH

#democracytoday

Rate this item
(0 votes)
back to top